႐ြဲယိုပင္၏ ေဆးဖက္ဝင္ပုံ အမ်ိဳးမ်ိဳး

႐ြဲယိုပင္၏ ေဆးဖက္ဝင္ပုံ အမ်ိဳးမ်ိဳး
==================
႐ြဲယိုပင္မွ အ႐ြက္မွာ အစိမ္းရင့္ေရာင္၊ အပြင့္မွာ အျဖဴေရာင္ႏွင့္ အသီးမွာ အစိမ္းေရာင္တို႔ ျဖစ္ပါတယ္။ အျမစ္၊ ပင္စည္၊ အေခါက္၊ အ႐ြက္၊ အပြင့္၊ အသီး အားလုံးဟာ ေဆးဖက္ဝင္ၿပီး ေဘးထြက္ဆိုးက်ိဳးမွာ မရွိသေလာက္ နည္းပါတယ္။
႐ြဲယိုပင္ အေခါက္ကို ဘတ္တီးရီးယားပိုး ဝင္ျခင္းကို ကုသႏိုင္သလို ေခ်ာင္းဆိုးျခင္း၊ ေမြးကင္းစ ကေလးငယ္မ်ား ဝမ္းေလွ်ာျခင္း ႏွင့္ အစာအိမ္နာျခင္းတို႔တြင္လည္း ကုသႏိုင္ပါတယ္။
႐ြဲယိုပန္းပြင့္ကို မ်က္စိ ယားယံျခင္း၊ မ်က္ခြံ စူးရွ နာၾကင္ျခင္း၊ မ်က္ၾကည္လႊာ ေယာင္ရမ္းျခင္း၊ မ်က္စိ ေသြးေၾကာေပါက္ျခင္း ႏွင့္ ေခ်ာင္းဆိုးျခင္း စသည္တို႔ကို ကုသရာတြင္လည္း အသုံးျပဳၾကပါတယ္။
႐ြဲယိုသီးကို ေဖ်ာ္ရည္ ေဖ်ာ္ၿပီး ေသာက္သုံးျခင္းျဖင့္ ပန္းနာ ရင္ၾကပ္ျခင္း၊ ထိခိုက္ဒဏ္ရာ၊ အ႐ိုးက်ိဳးျခင္း၊ ခံတြင္းႏွင့္ လည္ေခ်ာင္း ပိုးဝင္ျခင္း၊ တီဘီေရာဂါ၊ သန္ထျခင္း၊ ဝမ္းပ်က္ ဝမ္းေလွ်ာျခင္း၊ ဖ်ားနာျခင္း၊ ေအာ့အန္ျခင္း၊ မ်က္စိစြံျခင္း၊ အဆစ္ေရာင္ျခင္း၊ စိတ္က်ျခင္း၊ ဝက္႐ူးျပန္သကဲ့သို႔ တက္ျခင္း၊ ဘတ္တီးရီးယားႏွင့္ မႈိကူးစက္ျခင္း ႏွင့္ ဗိုင္းရက္စ္ပိုး ဝင္ျခင္းတိို႔ကို သက္သာေစပါတယ္။
လတ္ဆတ္တဲ့ ႐ြဲယိုသီး ေဖ်ာ္ရည္ဟာ ကင္ဆာ ေဝဒနာရွင္မ်ား အတြက္ ေကာင္းက်ိဳး ရွိလွပါတယ္။ ႐ြဲယိုသီး အနံ႔ဟာ ခ်ဥ္စုပ္စုပ္ ခပ္စူးစူး ရွိသျဖင့္ ေသာက္သုံးသည့္ အခါ အဝင္ေတာ့ ခက္ပါတယ္။ ထို႔ေၾကာင့္ ပ်ားရည္ျဖင့္ ေရာေဖ်ာ္ျခင္း၊ ထညက္ျဖင့္ ေရာႀကိဳၿပီး ေသာက္သုံးလွ်င္ေတာ့ အဝင္ သိပ္မဆိုးလွေတာ့ေပ။
ေျခာက္ေနေအာင္ လွန္းထားတဲ့ ႐ြဲယို႐ြက္ေျခာက္ကို မီးေလာင္ဒဏ္ရာ ႏွင့္ ေယာင္ရမ္း ဒဏ္ရာမ်ားကို အုံေပးျခင္းျဖင့္ သက္သာေစသလို ကေလးငယ္မ်ား အတြက္ ရင္လူးေဆး အျဖစ္လည္း အသုံးျပဳႏိုင္ပါတယ္။
သန႔္ရွင္းလတ္ဆတ္တဲ့ ႐ြဲယို႐ြက္ အစိုကိုလည္း မီးေလာင္ ဒဏ္ရာ၊ အပူေလာင္ ဒဏ္ရာမ်ားမွာ အုံေပးလွ်င္ သက္သာေစပါတယ္။ အ႐ြက္ကို စားေပးျခင္းျဖင့္ ဖ်ားနာျခင္း၊ ကိုယ္တြင္း ေသြးယိုစိမ့္ျခင္း၊ ဘတ္တီးရီးယားပိုး ကူးစက္ျခင္း ႏွင့္ အဆစ္ ေရာင္ျခင္းကို သက္သာ ေစပါတယ္။ ႐ြဲယို႐ြက္သည္ အနည္းငယ္ ခါးသက္သက္ ရွိသျဖင့္ ႐ြဲယို႐ြက္ကို ငါးျဖင့္ ထုပ္ကာ ေပါင္းစားေပးႏိုင္သလို အ႐ြက္ကို ခပ္ေသးေသး လွီးၿပီး ၾကက္ဥႏွင့္ ေခါက္ေၾကာ္၍လည္း စားသုံးႏိုင္ပါတယ္။
႐ြဲယို အျမစ္ဟာ ခံတြင္း ျပည္တည္နာ ေပါက္ျခင္း၊ ဖ်ားနာျခင္း၊ အႀကိတ္ ႏွင့္ ကင္ဆာ အႀကိတ္ ေပါက္ျခင္း တို႔ကိုလည္း သက္သာေစပါတယ္။
#Yoyarlay
ရွဲယိုပင်၏ ဆေးဖက်ဝင်ပုံ အမျိုးမျိုး
==================
ရွဲယိုပင်မှ အရွက်မှာ အစိမ်းရင့်ရောင်၊ အပွင့်မှာ အဖြူရောင်နှင့် အသီးမှာ အစိမ်းရောင်တို့ ဖြစ်ပါတယ်။ အမြစ်၊ ပင်စည်၊ အခေါက်၊ အရွက်၊ အပွင့်၊ အသီး အားလုံးဟာ ဆေးဖက်ဝင်ပြီး ဘေးထွက်ဆိုးကျိုးမှာ မရှိသလောက် နည်းပါတယ်။
ရွဲယိုပင် အခေါက်ကို ဘတ်တီးရီးယားပိုး ဝင်ခြင်းကို ကုသနိုင်သလို ချောင်းဆိုးခြင်း၊ မွေးကင်းစ ကလေးငယ်များ ဝမ်းလျှောခြင်း နှင့် အစာအိမ်နာခြင်းတို့တွင်လည်း ကုသနိုင်ပါတယ်။
ရွဲယိုပန်းပွင့်ကို မျက်စိ ယားယံခြင်း၊ မျက်ခွံ စူးရှ နာကြင်ခြင်း၊ မျက်ကြည်လွှာ ယောင်ရမ်းခြင်း၊ မျက်စိ သွေးကြောပေါက်ခြင်း နှင့် ချောင်းဆိုးခြင်း စသည်တို့ကို ကုသရာတွင်လည်း အသုံးပြုကြပါတယ်။
ရွဲယိုသီးကို ဖျော်ရည် ဖျော်ပြီး သောက်သုံးခြင်းဖြင့် ပန်းနာ ရင်ကြပ်ခြင်း၊ ထိခိုက်ဒဏ်ရာ၊ အရိုးကျိုးခြင်း၊ ခံတွင်းနှင့် လည်ချောင်း ပိုးဝင်ခြင်း၊ တီဘီရောဂါ၊ သန်ထခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်း၊ ဖျားနာခြင်း၊ အော့အန်ခြင်း၊ မျက်စိစွံခြင်း၊ အဆစ်ရောင်ခြင်း၊ စိတ်ကျခြင်း၊ ဝက်ရူးပြန်သကဲ့သို့ တက်ခြင်း၊ ဘတ်တီးရီးယားနှင့် မှိုကူးစက်ခြင်း နှင့် ဗိုင်းရက်စ်ပိုး ဝင်ခြင်းတိို့ကို သက်သာစေပါတယ်။
လတ်ဆတ်တဲ့ ရွဲယိုသီး ဖျော်ရည်ဟာ ကင်ဆာ ဝေဒနာရှင်များ အတွက် ကောင်းကျိုး ရှိလှပါတယ်။ ရွဲယိုသီး အနံ့ဟာ ချဉ်စုပ်စုပ် ခပ်စူးစူး ရှိသဖြင့် သောက်သုံးသည့် အခါ အဝင်တော့ ခက်ပါတယ်။ ထို့ကြောင့် ပျားရည်ဖြင့် ရောဖျော်ခြင်း၊ ထညက်ဖြင့် ရောကြိုပြီး သောက်သုံးလျှင်တော့ အဝင် သိပ်မဆိုးလှတော့ပေ။
ခြောက်နေအောင် လှန်းထားတဲ့ ရွဲယိုရွက်ခြောက်ကို မီးလောင်ဒဏ်ရာ နှင့် ယောင်ရမ်း ဒဏ်ရာများကို အုံပေးခြင်းဖြင့် သက်သာစေသလို ကလေးငယ်များ အတွက် ရင်လူးဆေး အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
သန့်ရှင်းလတ်ဆတ်တဲ့ ရွဲယိုရွက် အစိုကိုလည်း မီးလောင် ဒဏ်ရာ၊ အပူလောင် ဒဏ်ရာများမှာ အုံပေးလျှင် သက်သာစေပါတယ်။ အရွက်ကို စားပေးခြင်းဖြင့် ဖျားနာခြင်း၊ ကိုယ်တွင်း သွေးယိုစိမ့်ခြင်း၊ ဘတ်တီးရီးယားပိုး ကူးစက်ခြင်း နှင့် အဆစ် ရောင်ခြင်းကို သက်သာ စေပါတယ်။ ရွဲယိုရွက်သည် အနည်းငယ် ခါးသက်သက် ရှိသဖြင့် ရွဲယိုရွက်ကို ငါးဖြင့် ထုပ်ကာ ပေါင်းစားပေးနိုင်သလို အရွက်ကို ခပ်သေးသေး လှီးပြီး ကြက်ဥနှင့် ခေါက်ကြော်၍လည်း စားသုံးနိုင်ပါတယ်။
ရွဲယို အမြစ်ဟာ ခံတွင်း ပြည်တည်နာ ပေါက်ခြင်း၊ ဖျားနာခြင်း၊ အကြိတ် နှင့် ကင်ဆာ အကြိတ် ပေါက်ခြင်း တို့ကိုလည်း သက်သာစေပါတယ်။
#Yoyarlay




