ဘန္ေကာက္နာမည္ႀကီးဘားဆိုင္ မီးေလာင္မႈျဖစ္ပြား၍ ၂၇ ဦးေသဆုံး

ဘန္ေကာက္နာမည္ႀကီးဘားဆိုင္ မီးေလာင္မႈျဖစ္ပြား၍ ၂၇ ဦးေသဆုံး
=====================
ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ ေျမာက္ပိုင္းရွိ Na Ladprao Pub ဘားဆိုင္၌ ယမန္ေန႔ဇူလိုင္ ၁၂ ရက္ ညဘက္ကမီးေလာင္ကြၽမ္းမႈ အႀကီးအက်ယ္ျဖစ္ပြားခဲ့ရာ လူ ၂၇ ဦးေသဆုံးၿပီး ဒဏ္ရာရသူ ၆၃ ဦးရရွိေၾကာင္း သိရသည္။
ကယ္ဆယ္ေရးအဖြဲ႕မ်ား၏ ေျပာဆိုခ်က္အရ မီးေလာင္မႈအား သန္းေခါင္ယံအခ်ိန္၌ အေၾကာင္းၾကားခဲ့ျခင္းျဖစ္သည္ဟု သိရသည္။
ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အိုခ်ား (သို႔မဟုတ္) အႏုတင္က မီးေလာင္မႈျဖစ္ပြားရာေနရာသို႔ ကိုယ္တိုင္ေရာက္ရွိလာခဲ့ၿပီး ေသဆုံးသူ ၂၇ ဦးအား ဆိုင္အတြင္းမွ ေ႐ႊ႕ေျပာင္းထားကာ ဒဏ္ရာရသူအခ်ိဳ႕ကို ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။
ဘန္ေကာက္ၿမိဳ႕ေတာ္ဝန္ စစ္တီပြန႔္က ေသဆုံးသူအမ်ားစုမွာ မီးခိုးရႉရႈိက္မိျခင္းေၾကာင့္ ေသဆုံးခဲ့ရျခင္းျဖစ္သည္ဟု ဆိုသည္။ ဘား၌ ေဖ်ာ္ေျဖသည့္ အဆိုေတာ္တစ္ဦး၏ ေျပာျပခ်က္အရ စင္ျမင့္အနီးရွိ လွ်ပ္စစ္ဘရိတ္ကာမွ မီးခိုးထြက္လာသည္ကို ေတြ႕ရွိၿပီးေနာက္ မၾကာမီ လွ်ပ္စစ္မီးျပတ္ေတာက္သြားကာ ေပါက္ကြဲသံတစ္ခု ၾကားခဲ့ရသည္ဟုသိရသည္။
ဝန္ႀကီးခ်ဳပ္ အႏုတင္က ေသဆုံးသူအမ်ားစုအား ဆိုင္၏ ေနာက္ဘက္ရွိ အိမ္သာအနီး၌ ေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။
မီးေလာင္မႈျဖစ္ပြားခ်ိန္၌ လူအမ်ားစုက မီးမေရာက္ႏိုင္ေသာ အိမ္သာအနီးသို႔ ထြက္ေျပးသြားၾကေသာ္လည္း ကယ္ဆယ္ေရးအဖြဲ႕မ်ား ဝင္ေရာက္ကူညီရန္ အခက္အခဲမ်ားရွိခဲ့ၿပီး မီးခိုးဒဏ္ကို မခံႏိုင္ခဲ့ၾကေသာေၾကာင့္ အမ်ားစု ေသဆုံးခဲ့ရျခင္းျဖစ္ ေၾကာင္းသိရသည္။
မီးသတ္တပ္ဖြဲ႕ဝင္မ်ားက မီးအား ထိန္းခ်ဳပ္ႏိုင္ရန္ မိနစ္ ၃၀ ခန႔္ ႀကိဳးပမ္းခဲ့ေၾကာင္းသိရသည္။
မီးေလာင္ၿပီးေနာက္ ႐ိုက္ကူးထားေသာ ဓာတ္ပုံမ်ားတြင္ စားပြဲမ်ား၊ ထိုင္ခုံမ်ား မီးေလာင္ကြၽမ္းပ်က္စီးေနၿပီး ဘားအတြင္းပိုင္းတစ္ခုလုံး အႀကီးအက်ယ္ပ်က္စီးသြားရေၾကာင္းသိရသည္။
ဘန္ေကာက္ၿမိဳ႕ေတာ္ဝန္ စစ္တီပြန႔္က မီးသည္ ဆိုင္မ်က္ႏွာက်က္တြင္ တပ္ဆင္ထားေသာ အလွဆင္ပစၥည္းမ်ားမွတစ္ဆင့္ လ်င္ျမန္စြာ ပ်ံ႕ႏွံ႔ခဲ့ေၾကာင္းႏွင့္ အဆိုပါပစၥည္းမ်ား မီးေလာင္ရာမွ ထြက္ေပၚလာေသာ အဆိပ္ဓာတ္ပါ မီးခိုးမ်ားေၾကာင့္ ေသဆုံးသူဦးေရ ျမင့္တက္ခဲ့ရသည္ဟု ဆိုသည္။
လက္ရွိတြင္ ေသဆုံးသူမ်ား၏ အမည္ႏွင့္ အေထာက္အထားမ်ားကို စိစစ္အတည္ျပဳေနဆဲျဖစ္ေၾကာင္း အာဏာပိုင္မ်ားက ထုတ္ျပန္ထားသည္။
ဘန်ကောက်နာမည်ကြီးဘားဆိုင် မီးလောင်မှုဖြစ်ပွား၍ ၂၇ ဦးသေဆုံး
=====================
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြောက်ပိုင်းရှိ Na Ladprao Pub ဘားဆိုင်၌ ယမန်နေ့ဇူလိုင် ၁၂ ရက် ညဘက်ကမီးလောင်ကျွမ်းမှု အကြီးအကျယ်ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၆၃ ဦးရရှိကြောင်း သိရသည်။
ကယ်ဆယ်ရေးအဖွဲ့များ၏ ပြောဆိုချက်အရ မီးလောင်မှုအား သန်းခေါင်ယံအချိန်၌ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချား (သို့မဟုတ်) အနုတင်က မီးလောင်မှုဖြစ်ပွားရာနေရာသို့ ကိုယ်တိုင်ရောက်ရှိလာခဲ့ပြီး သေဆုံးသူ ၂၇ ဦးအား ဆိုင်အတွင်းမှ ရွှေ့ပြောင်းထားကာ ဒဏ်ရာရသူအချို့ကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ဘန်ကောက်မြို့တော်ဝန် စစ်တီပွန့်က သေဆုံးသူအများစုမှာ မီးခိုးရှူရှိုက်မိခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ ဘား၌ ဖျော်ဖြေသည့် အဆိုတော်တစ်ဦး၏ ပြောပြချက်အရ စင်မြင့်အနီးရှိ လျှပ်စစ်ဘရိတ်ကာမှ မီးခိုးထွက်လာသည်ကို တွေ့ရှိပြီးနောက် မကြာမီ လျှပ်စစ်မီးပြတ်တောက်သွားကာ ပေါက်ကွဲသံတစ်ခု ကြားခဲ့ရသည်ဟုသိရသည်။
ဝန်ကြီးချုပ် အနုတင်က သေဆုံးသူအများစုအား ဆိုင်၏ နောက်ဘက်ရှိ အိမ်သာအနီး၌ တွေ့ရှိခဲ့ရကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားချိန်၌ လူအများစုက မီးမရောက်နိုင်သော အိမ်သာအနီးသို့ ထွက်ပြေးသွားကြသော်လည်း ကယ်ဆယ်ရေးအဖွဲ့များ ဝင်ရောက်ကူညီရန် အခက်အခဲများရှိခဲ့ပြီး မီးခိုးဒဏ်ကို မခံနိုင်ခဲ့ကြသောကြောင့် အများစု သေဆုံးခဲ့ရခြင်းဖြစ် ကြောင်းသိရသည်။
မီးသတ်တပ်ဖွဲ့ဝင်များက မီးအား ထိန်းချုပ်နိုင်ရန် မိနစ် ၃၀ ခန့် ကြိုးပမ်းခဲ့ေကြာင်းသိရသည်။
မီးလောင်ပြီးနောက် ရိုက်ကူးထားသော ဓာတ်ပုံများတွင် စားပွဲများ၊ ထိုင်ခုံများ မီးလောင်ကျွမ်းပျက်စီးနေပြီး ဘားအတွင်းပိုင်းတစ်ခုလုံး အကြီးအကျယ်ပျက်စီးသွားရကြောင်းသိရသည်။
ဘန်ကောက်မြို့တော်ဝန် စစ်တီပွန့်က မီးသည် ဆိုင်မျက်နှာကျက်တွင် တပ်ဆင်ထားသော အလှဆင်ပစ္စည်းများမှတစ်ဆင့် လျင်မြန်စွာ ပျံ့နှံ့ခဲ့ကြောင်းနှင့် အဆိုပါပစ္စည်းများ မီးလောင်ရာမှ ထွက်ပေါ်လာသော အဆိပ်ဓာတ်ပါ မီးခိုးများကြောင့် သေဆုံးသူဦးရေ မြင့်တက်ခဲ့ရသည်ဟု ဆိုသည်။
လက်ရှိတွင် သေဆုံးသူများ၏ အမည်နှင့် အထောက်အထားများကို စိစစ်အတည်ပြုနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။



