အျပည္ျပည္ဆိုင္ရာေလဆိပ္မ်ားမွဝင္ေရာက္လာသူ မ်ားပါရွိလာသည့္ မိုဘိုင္းလက္ကိုင္ဖုန္းမ်ားကို CEIR စနစ္တြင္ ရက္ေပါင္း(၃၀)အတြင္း မွတ္ပုံတင္ရမည္

အျပည္ျပည္ဆိုင္ရာေလဆိပ္မ်ားမွဝင္ေရာက္လာသူ မ်ားပါရွိလာသည့္ မိုဘိုင္းလက္ကိုင္ဖုန္းမ်ားကို CEIR စနစ္တြင္ ရက္ေပါင္း(၃၀)အတြင္း မွတ္ပုံတင္ရမည္
===================
အျပည္ျပည္ဆိုင္ရာေလဆိပ္မ်ားဝင္ေရာက္လာေသာ ခရီးသည္မ်ားအေနျဖင့္ပါရွိလာသည့္ မိုဘိုင္းလက္ကိုင္ဖုန္းမ်ားကို CEIR စနစ္တြင္ ရက္ေပါင္း(၃၀)အတြင္း မွတ္ပုံတင္ရမည္ျဖစ္ေၾကာင္း CEIR ႏွင့္ EIR စနစ္စီမံ ကိန္းဦးစီးေကာ္မတီက အသိေပးခဲ့သည္။

အျပည္ျပည္ဆိုင္ရာေလဆိပ္(ရန္ကုန္၊ ေနျပည္ေတာ္၊ မႏၲေလး)တို႔မွဝင္ေရာက္လာသည့္ ခရီးသည္မ်ားအား မိုဘိုင္းလက္ကိုင္ဖုန္း(၂)လုံးသယ္ယူခြင့္ျပဳထားကာ ယင္း မိုဘိုင္းလက္ကိုင္ဖုန္းမ်ားကို CEIR စနစ္တြင္မွတ္ ပုံတင္ရန္ ေလဆိပ္အေကာက္ခြန္ေကာင္တာတြင္ Passenger Declaration Form (PD Form)ျဖင့္ေၾက ညာရမည္ဟု အသိေပးခဲ့သည္။

ထိုသို႔ ေၾကညာရာ၌ PD Form တြင္ IMEI နံပါတ္အား မျဖစ္မေနထည့္သြင္းေၾကညာရမည့္အျပင္ CEIR OSS အဖြဲ႕သို႔ CEIR စနစ္တြင္ မွတ္ပုံတင္ခြင့္ေလွ်ာက္လႊာ၊ Passport (မိတၱဴ) (ဓါတ္ပုံပါေသာေရွ႕စာမ်က္ႏွာႏွင့္ ေလဆိပ္လဝကမွ ေရာက္ရွိရက္စြဲ႐ိုက္ႏွိပ္ထားေသာ စာ မ်က္ႏွာ)၊ Boarding Pass (မူရင္း၊ မိတၱဴ)၊ ေလယာဥ္လက္မွတ္ (မူရင္း၊ မိတၱဴ)၊ Passenger Declaration Form (PD Form) (မူရင္း)တို႔ကို ပူးတြဲေပးပို႔ရမည္ဟု အသိေပးခဲ့သည္။

အဆိုပါ ေလွ်ာက္ထားမႈသည္ Passenger Declaration Form (PD Form)ေၾကညာခဲ့သည့္ရက္မွ ရက္ေပါင္း(၃၀)အတြင္းေလွ်ာက္ထား၍ က်သင့္အခြန္ကိုေပးသြင္းရမည္ျဖစ္ကာ ရက္ေပါင္း(၃၀)အတြင္း ေလွ်ာက္ထားျခင္းမရွိပါက CEIR စနစ္မွက်သင့္အခြန္အျပင္ ဒဏ္ေၾကးေကာက္ခံမည္ဟု အသိေပးခဲ့သည္။

ခရီးသည္တစ္ဦးလွ်င္ ပထမအႀကိမ္ PD Form ေၾက ညာသည့္ေန႔မွ တစ္ႏွစ္အတြင္း မိုဘိုင္းလက္ကိုင္ဖုန္း(၂) လုံးအထိသာေလွ်ာက္ထားႏိုင္သည္ဟုလည္း အသိေပးခဲ့သည္။


အပြည်ပြည်ဆိုင်ရာလေဆိပ်များမှဝင်ရောက်လာသူ များပါရှိလာသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို CEIR စနစ်တွင် ရက်ပေါင်း(၃၀)အတွင်း မှတ်ပုံတင်ရမည်
===================
အပြည်ပြည်ဆိုင်ရာလေဆိပ်များဝင်ရောက်လာသော ခရီးသည်များအနေဖြင့်ပါရှိလာသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို CEIR စနစ်တွင် ရက်ပေါင်း(၃၀)အတွင်း မှတ်ပုံတင်ရမည်ဖြစ်ကြောင်း CEIR နှင့် EIR စနစ်စီမံ ကိန်းဦးစီးကော်မတီက အသိပေးခဲ့သည်။

အပြည်ပြည်ဆိုင်ရာလေဆိပ်(ရန်ကုန်၊ နေပြည်တော်၊ မန္တလေး)တို့မှဝင်ရောက်လာသည့် ခရီးသည်များအား မိုဘိုင်းလက်ကိုင်ဖုန်း(၂)လုံးသယ်ယူခွင့်ပြုထားကာ ယင်း မိုဘိုင်းလက်ကိုင်ဖုန်းများကို CEIR စနစ်တွင်မှတ် ပုံတင်ရန် လေဆိပ်အကောက်ခွန်ကောင်တာတွင် Passenger Declaration Form (PD Form)ဖြင့်ကြေ ညာရမည်ဟု အသိပေးခဲ့သည်။

ထိုသို့ ကြေညာရာ၌ PD Form တွင် IMEI နံပါတ်အား မဖြစ်မနေထည့်သွင်းကြေညာရမည့်အပြင် CEIR OSS အဖွဲ့သို့ CEIR စနစ်တွင် မှတ်ပုံတင်ခွင့်လျှောက်လွှာ၊ Passport (မိတ္တူ) (ဓါတ်ပုံပါသောရှေ့စာမျက်နှာနှင့် လေဆိပ်လဝကမှ ရောက်ရှိရက်စွဲရိုက်နှိပ်ထားသော စာ မျက်နှာ)၊ Boarding Pass (မူရင်း၊ မိတ္တူ)၊ လေယာဉ်လက်မှတ် (မူရင်း၊ မိတ္တူ)၊ Passenger Declaration Form (PD Form) (မူရင်း)တို့ကို ပူးတွဲပေးပို့ရမည်ဟု အသိပေးခဲ့သည်။

အဆိုပါ လျှောက်ထားမှုသည် Passenger Declaration Form (PD Form)ကြေညာခဲ့သည့်ရက်မှ ရက်ပေါင်း(၃၀)အတွင်းလျှောက်ထား၍ ကျသင့်အခွန်ကိုပေးသွင်းရမည်ဖြစ်ကာ ရက်ပေါင်း(၃၀)အတွင်း လျှောက်ထားခြင်းမရှိပါက CEIR စနစ်မှကျသင့်အခွန်အပြင် ဒဏ်ကြေးကောက်ခံမည်ဟု အသိပေးခဲ့သည်။

ခရီးသည်တစ်ဦးလျှင် ပထမအကြိမ် PD Form ကြေ ညာသည့်နေ့မှ တစ်နှစ်အတွင်း မိုဘိုင်းလက်ကိုင်ဖုန်း(၂) လုံးအထိသာလျှောက်ထားနိုင်သည်ဟုလည်း အသိပေးခဲ့သည်။