ဒိုဟာ၌ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား ျပဳလုပ္ေနစဥ္ အေမရိကန္က အီရန္ေတာင္ပိုင္းကို ‘ခုခံကာကြယ္မႈ’ အျဖစ္ ဗုံးႀကဲတိုက္ခိုက္

ဒိုဟာ၌ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား ျပဳလုပ္ေနစဥ္ အေမရိကန္က အီရန္ေတာင္ပိုင္းကို ‘ခုခံကာကြယ္မႈ’ အျဖစ္ ဗုံးႀကဲတိုက္ခိုက္
==============================
​​​​အေမရိကန္-အစၥေရးႏွင့္ အီရန္တို႔အၾကား ျဖစ္ပြားေနသည့္ စစ္ပြဲကို အဆုံးသတ္ရန္ အီရန္ထိပ္သီးကိုယ္စားလွယ္အဖြဲ႕ ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕သို႔ ေရာက္ရွိကာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား ျပဳလုပ္ေနၾကစဥ္အတြင္း၊ အေမရိကန္စစ္တပ္က အီရန္ေတာင္ပိုင္းရွိ ပစ္မွတ္မ်ားကို ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္မႈမ်ား ျပဳ လုပ္ခဲ့ေၾကာင္း သိရသည္။

အေမရိကန္ဗဟိုကြပ္ကဲမႈဌာန (CENTCOM)၏ ထုတ္ျပန္ခ်က္အရ ယခုတိုက္ခိုက္မႈသည္ အီရန္တပ္ဖြဲ႕မ်ားထံမွ က်ေရာက္လာႏိုင္သည့္ ၿခိမ္းေျခာက္မႈမ်ားေဘးမွ မိမိတို႔စစ္သည္မ်ားကို ကာကြယ္ရန္ “ခုခံကာကြယ္သည့္ တိုက္ခိုက္မႈမ်ား” (Self-defence strikes)ျဖစ္ၿပီး၊ ပစ္မွတ္မ်ားတြင္ ဒုံးက်ည္ပစ္လႊတ္သည့္ေနရာမ်ားႏွင့္ ေဟာ္မုဇ္ေရလက္ၾကားအတြင္း ေရမိုင္းေထာင္ရန္ ႀကိဳးပမ္းေနသည့္ အီရန္ေရယာဥ္မ်ား ပါဝင္ေၾကာင္း သိရသည္။

ယခုတိုက္ခိုက္မႈသည္ ၿပီးခဲ့သည့္ ဧၿပီလ ၈ ရက္ေန႔ကတည္း က ႏွစ္ဖက္စလုံး တရားဝင္အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို လိုက္နာေနၾကစဥ္အတြင္း ေပၚေပါက္လာျခင္းျဖစ္ၿပီး၊ လက္ရွိလုပ္ေဆာင္ေနသည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားကို လမ္းေခ်ာ္သြားေစႏိုင္ေၾကာင္း ႏိုင္ငံေရးေလ့လာသူမ်ားက သုံးသပ္ထားၾကသည္။

သို႔ေသာ္လည္း အေမရိကန္သမၼတ ေဒၚနယ္ထရန႔္ကမူ ညႇိႏႈိင္းမႈမ်ားကို ဆက္လက္လုပ္ေဆာင္သြားရန္ အလြန္ဆႏၵျပင္းျပလ်က္ရွိသည္။ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အဘတ္စ္ အရတ္ဂ္ခ်ီႏွင့္ ပါလီမန္ဥကၠ႒ ဂါလီဘတ္ဖ္တို႔ ဦးေဆာင္သည့္ အဆင့္ျမင့္ကိုယ္ စားလွယ္အဖြဲ႕ ဒိုဟာသို႔ ေရာက္ရွိလာခ်ိန္တြင္ သမၼတထရန႔္က ေဆြးေႏြးပြဲမ်ားမွာ အဆင္ေျပေခ်ာေမြ႕စြာ လည္ပတ္ေနသည္ဟု ေျပာၾကားခဲ့ေသာ္လည္း ၎၏ လူမႈကြန္ရက္တြင္ “ဒါဟာ အားလုံးအတြက္ ‘အလြန္ေကာင္းမြန္တဲ့ သေဘာတူညီခ်က္’ တစ္ခုပဲ ျဖစ္ရပါမယ္။

မဟုတ္ရင္ေတာ့ လုံးဝသေဘာတူညီခ်က္ရမွာမဟုတ္ဘဲ စစ္ေျမျပင္ဆီ ျပန္သြားၿပီး အရင္ကထက္ ပိုမိုႀကီးမားျပင္း ထန္တဲ့ ပစ္ခတ္တိုက္ခိုက္မႈေတြဆီ ျပန္ေရာက္သြားပါလိမ့္မယ္” ဟု ျပတ္ျပတ္သားသား ေရးသားကာ အီရန္ဘက္ကို သတိေပးထား သည္။


ဒိုဟာ၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေစဉ် အမေရိကန်က အီရန်တောင်ပိုင်းကို ‘ခုခံကာကွယ်မှု’ အဖြစ် ဗုံးကြဲတိုက်ခိုက်
==============================
​​​​အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် အီရန်ထိပ်သီးကိုယ်စားလှယ်အဖွဲ့ ကာတာနိုင်ငံ ဒိုဟာမြို့သို့ ရောက်ရှိကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေကြစဉ်အတွင်း၊ အမေရိကန်စစ်တပ်က အီရန်တောင်ပိုင်းရှိ ပစ်မှတ်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြု လုပ်ခဲ့ကြောင်း သိရသည်။

အမေရိကန်ဗဟိုကွပ်ကဲမှုဌာန (CENTCOM)၏ ထုတ်ပြန်ချက်အရ ယခုတိုက်ခိုက်မှုသည် အီရန်တပ်ဖွဲ့များထံမှ ကျရောက်လာနိုင်သည့် ခြိမ်းခြောက်မှုများဘေးမှ မိမိတို့စစ်သည်များကို ကာကွယ်ရန် “ခုခံကာကွယ်သည့် တိုက်ခိုက်မှုများ” (Self-defence strikes)ဖြစ်ပြီး၊ ပစ်မှတ်များတွင် ဒုံးကျည်ပစ်လွှတ်သည့်နေရာများနှင့် ဟော်မုဇ်ရေလက်ကြားအတွင်း ရေမိုင်းထောင်ရန် ကြိုးပမ်းနေသည့် အီရန်ရေယာဉ်များ ပါဝင်ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုသည် ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့ကတည်း က နှစ်ဖက်စလုံး တရားဝင်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာနေကြစဉ်အတွင်း ပေါ်ပေါက်လာခြင်းဖြစ်ပြီး၊ လက်ရှိလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လမ်းချော်သွားစေနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။

သို့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ ညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်သွားရန် အလွန်ဆန္ဒပြင်းပြလျက်ရှိသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီနှင့် ပါလီမန်ဥက္ကဋ္ဌ ဂါလီဘတ်ဖ်တို့ ဦးဆောင်သည့် အဆင့်မြင့်ကိုယ် စားလှယ်အဖွဲ့ ဒိုဟာသို့ ရောက်ရှိလာချိန်တွင် သမ္မတထရန့်က ဆွေးနွေးပွဲများမှာ အဆင်ပြေချောမွေ့စွာ လည်ပတ်နေသည်ဟု ပြောကြားခဲ့သော်လည်း ၎င်း၏ လူမှုကွန်ရက်တွင် “ဒါဟာ အားလုံးအတွက် ‘အလွန်ကောင်းမွန်တဲ့ သဘောတူညီချက်’ တစ်ခုပဲ ဖြစ်ရပါမယ်။

မဟုတ်ရင်တော့ လုံးဝသဘောတူညီချက်ရမှာမဟုတ်ဘဲ စစ်မြေပြင်ဆီ ပြန်သွားပြီး အရင်ကထက် ပိုမိုကြီးမားပြင်း ထန်တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေဆီ ပြန်ရောက်သွားပါလိမ့်မယ်” ဟု ပြတ်ပြတ်သားသား ရေးသားကာ အီရန်ဘက်ကို သတိပေးထား သည်။