ျမဝတီတြင္ အြန္လိုင္းေငြလိမ္လည္မႈျဖင့္ ႐ုရွားႏွင့္ ဖိလစ္ပိုင္ႏိုင္ငံသား ၂ ဦး ထပ္မံဖမ္းဆီးရမိ၊ ၁၅ လအတြင္း တရားမဝင္ဝင္ေရာက္သူ ၁၄,၇၀၀ ေက်ာ္အထိ ဖမ္းဆီးအေရးယူထားဟုဆို

ျမဝတီတြင္ အြန္လိုင္းေငြလိမ္လည္မႈျဖင့္ ႐ုရွားႏွင့္ ဖိလစ္ပိုင္ႏိုင္ငံသား ၂ ဦး ထပ္မံဖမ္းဆီးရမိ၊ ၁၅ လအတြင္း တရားမဝင္ဝင္ေရာက္သူ ၁၄,၇၀၀ ေက်ာ္အထိ ဖမ္းဆီးအေရးယူထားဟုဆို
=============================
ဇြန္ ၈

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ပတ္ဝန္းက်င္ေဒသမ်ားအတြင္း အြန္လိုင္းေငြလိမ္လည္မႈ (တယ္လီကြန္းလိမ္လည္မႈ)ႏွင့္ အျခားေသာ ရာဇဝတ္မႈလုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္ေနသည့္ ႐ုရွားႏွင့္ ဖိလစ္ပိုင္ႏိုင္ငံသား ႏိုင္ငံျခား သား ေနာက္ထပ္ ႏွစ္ဦးကို တာဝန္ရွိသူမ်ားက ထပ္မံဖမ္းဆီးထိန္းသိမ္းလိုက္ေၾကာင္း သိရသည္။

ဖမ္းဆီးထိန္းသိမ္းခံရသူ ႏွစ္ဦးတြင္ ႐ုရွားဖက္ဒရယ္ႏိုင္ငံမွ ႏိုင္ငံသားတစ္ဦးႏွင့္ ဖိလစ္ပိုင္ႏိုင္ငံမွ ႏိုင္ငံသားတစ္ဦးတို႔ ပါဝင္ၿပီး၊ ၎တို႔သည္ ျမဝတီနယ္စပ္ေဒသအတြင္းသို႔ တရားမဝင္ လွ်ိဳ႕ဝွက္ဝင္ေရာက္လာခဲ့ၾကသူမ်ား ျဖစ္သည္။ ၎တို႔အား သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ျပည္ႏွင္ဒဏ္မေပးမီ လိုအပ္သည့္ စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိသည္။

အဆိုပါ ႏိုင္ငံျခားသားမ်ားကို ေနရပ္သို႔ အျမန္ဆုံး စနစ္တက် ျပန္လည္ပို႔ေဆာင္ႏိုင္ေရးအတြက္ ပူးေပါင္းဌာနဆိုင္ရာအဖြဲ႕တစ္ဖြဲ႕က ကိုယ္ေရးအခ်က္အလက္မ်ားႏွင့္ မွတ္တမ္းမ်ားကို ေကာက္ ယူလ်က္ရွိရာ ျမဝတီခ႐ိုင္ စီမံအုပ္ခ်ဳပ္ေရးေကာ္မတီ ဥကၠ႒ႏွင့္ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးေကာင္းစံလင္းႏွင့္ တာဝန္ရွိသူမ်ားက ကြင္းဆင္းၾကည့္ရႈစစ္ေဆးၿပီး လိုအပ္သည္မ်ားကို ေပါင္းစပ္ညႇိႏႈိင္းေပးခဲ့သည္။

ၿပီးခဲ့သည့္ ၂၀၂၅ ခုႏွစ္ ဇန္နဝါရီလ ၃၀ ရက္ေန႔မွ ယခု ၂၀၂၆ ခုႏွစ္ ဇြန္လ ၇ ရက္ေန႔အထိ (၁၅ လေက်ာ္ကာလ) အတြင္း ျမဝတီၿမိဳ႕နယ္အတြင္း တရားမဝင္ ဝင္ေရာက္လာသည့္ ႏိုင္ငံျခားသား စုစုေပါင္း ၁၄,၇ဥ၃ ဦးအထိ ဖမ္းဆီးထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း သိရသည္။ ယင္းတို႔အနက္ ၁၃,၅၂၁ ဦး ကို ဥပေဒလုပ္ထုံးလုပ္ နည္းမ်ားႏွင့္အညီ ထိုင္းႏိုင္ငံမွတစ္ဆင့္ ၎တို႔၏ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ စနစ္တက် ျပည္ႏွင္ဒဏ္ေပး (ျပန္လည္ပို႔ေဆာင္) ခဲ့ၿပီးျဖစ္သည္။

၆၆၂ ဦး ကို လူဝင္မႈႀကီးၾကပ္ေရးဥပေဒႏွင့္ မူးယစ္ေဆး ဝါးဆိုင္ရာ ဥပေဒမ်ားျဖင့္ တရားစြဲဆို အေရးယူထားသည္။ ၅၂ဝ ဦး မွာ ျပည္ႏွင္ဒဏ္ေပးရန္ ေစာင့္ဆိုင္းလ်က္ရွိၿပီး ၎တို႔အား သတ္မွတ္ေနရာမ်ားတြင္ စနစ္တက် ေနရာခ်ထားေပးၿပီး စီမံခန႔္ခြဲလ်က္ရွိသည္။

အစိုးရအေနျဖင့္ နယ္စပ္ေဒသမ်ားရွိ အြန္လိုင္းေငြလိမ္လည္မႈလုပ္ငန္းမ်ားကို အျမစ္ျပတ္ႏွင္နင္းရန္၊ ပါဝင္ပတ္ သက္သူမ်ားကို ေဖာ္ထုတ္အေရးယူရန္ႏွင့္ လူကုန္ကူးခံရသူမ်ားႏွင့္ ဒုကၡ ေရာက္ေနသည့္ ႏိုင္ငံျခားသားမ်ားကို ေနရပ္သို႔ အျမန္ဆုံး ျပန္ လည္ပို႔ေဆာင္ႏိုင္ေရးအတြက္ အိမ္နီးခ်င္းႏိုင္ငံမ်ား၊ ေဒသတြင္း မိတ္ဖက္မ်ားႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားတက္ႂကြစြာ ဆက္လက္ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။


မြဝတီတွင် အွန်လိုင်းငွေလိမ်လည်မှုဖြင့် ရုရှားနှင့် ဖိလစ်ပိုင်နိုင်ငံသား ၂ ဦး ထပ်မံဖမ်းဆီးရမိ၊ ၁၅ လအတွင်း တရားမဝင်ဝင်ရောက်သူ ၁၄,၇၀၀ ကျော်အထိ ဖမ်းဆီးအရေးယူထားဟုဆို
=============================
ဇွန် ၈

ကရင်ပြည်နယ်၊ မြဝတီမြို့ပတ်ဝန်းကျင်ဒေသများအတွင်း အွန်လိုင်းငွေလိမ်လည်မှု (တယ်လီကွန်းလိမ်လည်မှု)နှင့် အခြားသော ရာဇဝတ်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် ရုရှားနှင့် ဖိလစ်ပိုင်နိုင်ငံသား နိုင်ငံခြား သား နောက်ထပ် နှစ်ဦးကို တာဝန်ရှိသူများက ထပ်မံဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူ နှစ်ဦးတွင် ရုရှားဖက်ဒရယ်နိုင်ငံမှ နိုင်ငံသားတစ်ဦးနှင့် ဖိလစ်ပိုင်နိုင်ငံမှ နိုင်ငံသားတစ်ဦးတို့ ပါဝင်ပြီး၊ ၎င်းတို့သည် မြဝတီနယ်စပ်ဒေသအတွင်းသို့ တရားမဝင် လျှို့ဝှက်ဝင်ရောက်လာခဲ့ကြသူများ ဖြစ်သည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်ဒဏ်မပေးမီ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

အဆိုပါ နိုင်ငံခြားသားများကို နေရပ်သို့ အမြန်ဆုံး စနစ်တကျ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ပူးပေါင်းဌာနဆိုင်ရာအဖွဲ့တစ်ဖွဲ့က ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများကို ကောက် ယူလျက်ရှိရာ မြဝတီခရိုင် စီမံအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှ ယခု ၂၀၂၆ ခုနှစ် ဇွန်လ ၇ ရက်နေ့အထိ (၁၅ လကျော်ကာလ) အတွင်း မြဝတီမြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား စုစုပေါင်း ၁၄,၇ဥ၃ ဦးအထိ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ ယင်းတို့အနက် ၁၃,၅၂၁ ဦး ကို ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ ထိုင်းနိုင်ငံမှတစ်ဆင့် ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ ပြည်နှင်ဒဏ်ပေး (ပြန်လည်ပို့ဆောင်) ခဲ့ပြီးဖြစ်သည်။

၆၆၂ ဦး ကို လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် မူးယစ်ဆေး ဝါးဆိုင်ရာ ဥပဒေများဖြင့် တရားစွဲဆို အရေးယူထားသည်။ ၅၂ဝ ဦး မှာ ပြည်နှင်ဒဏ်ပေးရန် စောင့်ဆိုင်းလျက်ရှိပြီး ၎င်းတို့အား သတ်မှတ်နေရာများတွင် စနစ်တကျ နေရာချထားပေးပြီး စီမံခန့်ခွဲလျက်ရှိသည်။

အစိုးရအနေဖြင့် နယ်စပ်ဒေသများရှိ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများကို အမြစ်ပြတ်နှင်နင်းရန်၊ ပါဝင်ပတ် သက်သူများကို ဖော်ထုတ်အရေးယူရန်နှင့် လူကုန်ကူးခံရသူများနှင့် ဒုက္ခ ရောက်နေသည့် နိုင်ငံခြားသားများကို နေရပ်သို့ အမြန်ဆုံး ပြန် လည်ပို့ဆောင်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း မိတ်ဖက်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများတက်ကြွစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။