မိုးစပါးစိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ား ဆက္လက္ ထုတ္ေခ်းေပးလ်က္ရွိ

မိုးစပါးစိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ား ဆက္လက္ ထုတ္ေခ်းေပးလ်က္ရွိ
============================
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕နယ္၌ ျမန္မာ့လယ္ယာ ဖြံ႕ၿဖိဳးေရးဘဏ္မွ ရက္(၁၀၀)စီမံခ်က္ျဖင့္ မိုးစပါးစိုက္ပ်ိဳးစရိတ္ ေခ်းေငြမ်ား ထုတ္ေခ်းေပးျခင္းကို ေမလ ၁၂ ရက္မွစ၍ ထုတ္ေခ်းေပးလ်က္ရွိရာ ယမန္ေန႔က ဆက္လက္ထုတ္ေခ်းေပးလ်က္ရွိေၾကာင္း ၿမိဳ႕နယ္ျမန္မာ့လယ္ယာ ဖြံ႕ၿဖိဳးေရးဘဏ္မွ သိရသည္။

အဆိုပါစိုက္ပ်ိဳးစရိတ္ ေခ်းေငြမ်ားကို လုံဝယ္အုပ္စုအတြင္းရွိ စိုက္ပ်ိဳးေတာင္သူ ၁၁၉ ဦးအတြက္ လယ္တစ္ဧကလွ်င္ ေငြက်ပ္ ၃၀၀၀၀၀ ႏွင့္ ယာတစ္ဧကလွ်င္ ေငြက်ပ္ ၂၅၀၀၀၀ သတ္မွတ္၍ အတိုးႏႈန္း ၅ ရာခိုင္ႏႈန္းျဖင့္ စပါး ၃၅ ဧက၊ ေျပာင္း ၅၀၉ ဧကအတြက္ စုစုေပါင္းေငြက်ပ္ ၁၃၇၇ ဒသမ ၅ သိန္း ထုတ္ေခ်းေပးခဲ့သည္။

ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္း ရက္(၁၀၀)စီမံခ်က္ျဖင့္ ေက်း႐ြာအုပ္စု(၂၄)အုပ္စုအတြက္ စိုက္ပ်ိဳးစရိတ္ ေခ်းေငြက်ပ္ ၂၃၁၂၅၀၀၀၀၀အား ထုတ္ေခ်းေပးရန္ လ်ာထားလ်က္ရွိေၾကာင္း ၿမိဳ႕နယ္ျမန္မာ့လယ္ယာ ဖြံ႕ၿဖိဳးေရးဘဏ္မွ သိရသည္။


မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက် ထုတ်ချေးပေးလျက်ရှိ
============================
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၌ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို မေလ ၁၂ ရက်မှစ၍ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့က ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

အဆိုပါစိုက်ပျိုးစရိတ် ချေးငွေများကို လုံဝယ်အုပ်စုအတွင်းရှိ စိုက်ပျိုးတောင်သူ ၁၁၉ ဦးအတွက် လယ်တစ်ဧကလျှင် ငွေကျပ် ၃၀၀၀၀၀ နှင့် ယာတစ်ဧကလျှင် ငွေကျပ် ၂၅၀၀၀၀ သတ်မှတ်၍ အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် စပါး ၃၅ ဧက၊ ပြောင်း ၅၀၉ ဧကအတွက် စုစုပေါင်းငွေကျပ် ၁၃၇၇ ဒသမ ၅ သိန်း ထုတ်ချေးပေးခဲ့သည်။

နောင်ချိုမြို့နယ်အတွင်း ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာအုပ်စု(၂၄)အုပ်စုအတွက် စိုက်ပျိုးစရိတ် ချေးငွေကျပ် ၂၃၁၂၅၀၀၀၀၀အား ထုတ်ချေးပေးရန် လျာထားလျက်ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။