ျန္မာအမ်ိဳးသမီးအသင္း ယွဥ္ၿပိဳင္မယ့္ (၃) ႏိုင္ငံဖိတ္ေခၚဖလားၿပိဳင္ပြဲကို အခမဲ့႐ုပ္သံလိုင္းကေန ျပသရန္စီစဥ္

ျန္မာအမ်ိဳးသမီးအသင္း ယွဥ္ၿပိဳင္မယ့္ (၃) ႏိုင္ငံဖိတ္ေခၚဖလားၿပိဳင္ပြဲကို အခမဲ့႐ုပ္သံလိုင္းကေန ျပသရန္စီစဥ္
==============================
ျမန္မာႏိုင္ငံေဘာလုံးအဖြဲခ်ဳပ္ (MFF) ဟာ ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသမီးအသင္း ယွဥ္ၿပိဳင္မယ့္ ၂၀၂၆ သုံးႏိုင္ငံ ခ်စ္ၾကည္ေရးဖိတ္ေခၚၿပိဳင္ပြဲကို အခမဲ့႐ုပ္သံလိုင္းတစ္ခုကေန တိုက္႐ိုက္ထုတ္လႊင့္ျပသသြားဖို စီစဥ္ေနေၾကာင္း သိရပါတယ္။
MFF ဟာ ဒီၿပိဳင္ပြဲကို သုဝဏၰကြင္းထဲ လာေရာက္အားေပးၾကည့္ရႈမယ့္ ပရိသတ္ေတြအတြက္ ႀကိဳတင္လက္မွတ္မ်ားကိုလည္း မၾကာခင္ေရာင္းခ်သြားဖို စီစဥ္ေနလ်က္ရွိပါတယ္။
MFF ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ဂ်ပန္ႏိုင္ငံသားနည္းျပ မစ္ဆူအိုကာတိုကို ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးအသင္းနည္းျပခ်ဳပ္အျဖစ္ (၂) ႏွစ္စာခ်ဳပ္နဲ႔ ခန္႔အပ္ထားပါတယ္။
ယခင္ ယာယီနည္းျပခ်ဳပ္အျဖစ္ တာဝန္ယူခဲ့တဲ့ ေဒၚစန္းစန္းသိန္းကိုေတာ့ လက္ေထာက္နည္းျပအျဖစ္ ဆက္လက္တာဝန္ေပးထားပါတယ္။
ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသမီးအသင္းဟာ ၿပီးခဲ့တဲ့ဧၿပီ ၂၇ ရက္ကစလို ပဏာမကစားသမား ၃၅ ဦးနဲ႔ ေလ့က်င့္မႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရပါတယ္။
ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသမီးအသင္းဟာ စတင္ေလ့က်င့္ခါစမွာ ဒဏ္ရာရကစားသမားမ်ား၊ ေန ထိုင္မေကာင္းသူမ်ားနဲ႔ ျပည္ပထြက္ကစားသမားမ်ားေၾကာင့္ လူစုံေလ့က်င့္ႏိုင္မႈ မရွိခဲ့ေပမဲ့ ယခုအခါ ေလ့က်င့္ေရးကြင္း၌ လူစုံေနၿပီျဖစ္ေၾကာင္း သိရပါတယ္။
ျမန္မာႏိုင္ငံေဘာလုံးအဖြဲခ်ဳပ္ (MFF) ဟာ ၂၀၂၆ သုံးႏိုင္ငံ ခ်စ္ၾကည္ေရးဖိတ္ေခၚ ၿပိဳင္ပြဲကို လာမယ့္ဇြန္ ၃ ရက္ကေန ၉ ရက္အထိ ရန္ကုန္ၿမိဳရွိ သုဝဏၰအားကစားကြင္းမွာ က်င္းပျပဳလုပ္မွာျဖစ္ပါတယ္။
ၿပိဳင္ပြဲကို အိမ္ရွင္ျမန္မာအမ်ိဳးသမီးအသင္း၊ ထိုင္းအမ်ိဳးသမီးအသင္းနဲ႔ ဥဇဘက္ကစၥတန္အမ်ိဳးသမီးအသင္းတို အုပ္စုပတ္လည္ပုံစံနဲ႔ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ေၾကာင္း သိရပါတယ္။
ျမန္မာအမ်ိဳးသမီးအသင္းဟာ ဇြန္ ၃ ရက္မွာ ဥဇဘက္ကစၥတန္အသင္း၊ ဇြန္ ၉ ရက္မွာ ထိုင္းအသင္းတိုနဲ႔ ယွဥ္ၿပိဳင္ကစားမွာ ျဖစ္ပါတယ္။ဥ
ြန်မာအမျိုးသမီးအသင်း ယှဥ်ပြိုင်မယ့် (၃) နိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲကို အခမဲ့ရုပ်သံလိုင်းကနေ ပြသရန်စီစဉ်
==============================
မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် (MFF) ဟာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ယှဥ်ပြိုင်မယ့် ၂၀၂၆ သုံးနိုင်ငံ ချစ်ကြည်ရေးဖိတ်ခေါ်ပြိုင်ပွဲကို အခမဲ့ရုပ်သံလိုင်းတစ်ခုကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားဖို စီစဥ်နေကြောင်း သိရပါတယ်။
MFF ဟာ ဒီပြိုင်ပွဲကို သုဝဏ္ဏကွင်းထဲ လာရောက်အားပေးကြည့်ရှုမယ့် ပရိသတ်တွေအတွက် ကြိုတင်လက်မှတ်များကိုလည်း မကြာခင်ရောင်းချသွားဖို စီစဥ်နေလျက်ရှိပါတယ်။
MFF ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဂျပန်နိုင်ငံသားနည်းပြ မစ်ဆူအိုကာတိုကို မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ်အဖြစ် (၂) နှစ်စာချုပ်နဲ့ ခန့်အပ်ထားပါတယ်။
ယခင် ယာယီနည်းပြချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဒေါ်စန်းစန်းသိန်းကိုတော့ လက်ထောက်နည်းပြအဖြစ် ဆက်လက်တာဝန်ပေးထားပါတယ်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ဧပြီ ၂၇ ရက်ကစလို ပဏာမကစားသမား ၃၅ ဦးနဲ့ လေ့ကျင့်မှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရပါတယ်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ စတင်လေ့ကျင့်ခါစမှာ ဒဏ်ရာရကစားသမားများ၊ နေ ထိုင်မကောင်းသူများနဲ့ ပြည်ပထွက်ကစားသမားများကြောင့် လူစုံလေ့ကျင့်နိုင်မှု မရှိခဲ့ပေမဲ့ ယခုအခါ လေ့ကျင့်ရေးကွင်း၌ လူစုံနေပြီဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် (MFF) ဟာ ၂၀၂၆ သုံးနိုင်ငံ ချစ်ကြည်ရေးဖိတ်ခေါ် ပြိုင်ပွဲကို လာမယ့်ဇွန် ၃ ရက်ကနေ ၉ ရက်အထိ ရန်ကုန်မြိုရှိ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
ပြိုင်ပွဲကို အိမ်ရှင်မြန်မာအမျိုးသမီးအသင်း၊ ထိုင်းအမျိုးသမီးအသင်းနဲ့ ဥဇဘက်ကစ္စတန်အမျိုးသမီးအသင်းတို အုပ်စုပတ်လည်ပုံစံနဲ့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ဇွန် ၃ ရက်မှာ ဥဇဘက်ကစ္စတန်အသင်း၊ ဇွန် ၉ ရက်မှာ ထိုင်းအသင်းတိုနဲ့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ဥ




