ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး ရွမ္းျပည္နယ္ ျပည္ခိုင္ၿဖိဳးပါတီမွ တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ



ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး ရွမ္းျပည္နယ္ ျပည္ခိုင္ၿဖိဳးပါတီမွ တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ
=======================
ေမ ၁၉၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးသည္ ၁၇-၅-၂၀၂၆ ရက္ေန႔တြင္ ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕နယ္ ျပည္နယ္ပါတီ႐ုံး၌ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ား၊ ရွမ္းျပည္နယ္လႊတ္ေတာ္ ဥကၠ႒ ဦးစိုင္းလုံေက်ာ္ႏွင့္ လႊတ္ေတာ္ဒုတိယဥကၠ႒၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ျပည္နယ္/ခ႐ိုင္/ၿမိဳ႕နယ္ ပါတီအဆင့္ဆင့္ေခါင္းေဆာင္မ်ားႏွင့္ ရင္းႏွီးေႏြးေထြးစြာေတြ႕ဆုံခဲ့ၾကၿပီး ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာ ကိစၥရပ္မ်ားအား အတူတကြ ပူးေပါင္းေဆာင္႐ြက္ႏိုင္ရန္ ညႇိႏႈိင္းေဆြးေႏြးခဲ့ပါသည္။
ထို႔ေနာက္ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး ျမန္မာျပည္ကိုဒို႔ခ်စ္သည္(We Love Myanmar) စာတန္းပါ Sport Shirt အက်ႌ မ်ားအားလက္ေဆာင္ေပးအပ္ခဲ့ပါသည္။ အဆိုပါေတြ႕ဆုံပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာပြင့္ဆန္း၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ား၊ ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠ႒ ဦးစိုင္းလုံေက်ာ္၊ ရွမ္းျပည္နယ္ လႊတ္ေတာ္ဒုတိယဥကၠ႒၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ပါတီဥကၠ႒ ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္/ခ႐ိုင္/ၿမိဳ႕နယ္ ပါတီအဆင့္ဆင့္ေခါင္းေဆာင္မ်ား တက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
=======================
မေ ၁၉၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးသည် ၁၇-၅-၂၀၂၆ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် ပြည်နယ်ပါတီရုံး၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ် ပါတီအဆင့်ဆင့်ခေါင်းဆောင်များနှင့် ရင်းနှီးနွေးထွေးစွာတွေ့ဆုံခဲ့ကြပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး မြန်မာပြည်ကိုဒို့ချစ်သည်(We Love Myanmar) စာတန်းပါ Sport Shirt အင်္ကျီ များအားလက်ဆောင်ပေးအပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ရှမ်းပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း၊ ပြည်နယ်/ခရိုင်/မြို့နယ် ပါတီအဆင့်ဆင့်ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။




