ဖလိုင်းဝိတ်တန်းချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့တဲ့ ဂျိုရှူအာဗန် ဒေါ်လာ ၁ သန်းကျော်အထိ ရရှိနိုင်

=================================
UFC ဖလိုင်းဝိတ်တန်းချန်ပီယံခါးပတ်ကို အောင်မြင်စွာကာကွယ်နိုင်ခဲ့တဲ့ ဂျိုရှူအာဗန်အနေနဲ့ အခုနိုင်ပွဲကနေ ဒေါ်လာ တစ်သန်းကျော်အထိ ရရှိနိုင်တယ်လို့ သိရပါတယ်။
ဒီပွဲမတိုင်ခင်မှာ သတင်းတချို့မှာတော့ Championship Bonus နဲ့ PPV ရှယ်ယာ တွေအပါအဝင် ဒေါ်လာ ၇၀၀၀၀၀-၉၀၀၀၀၀ အကြားရနိုင်တယ်လို့ ရေးသားခဲ့ပါတယ်။
အခုပွဲဟာ UFC 328 ရဲ့ Fight of the Night အဖြစ် သတ်မှတ်ခံရလို့ ဂျိုရှူအာဗန်ရော တက်ဆူရိုပါ
အပိုဆုကြေး ဒေါ်လာ တစ်သိန်းစီ ထပ်မံပိုင်ဆိုင်ခဲ့ပါတယ်။
ဂျိုရှူအာဗန်ရဲ့ကနဦးရနိုင်ခြေမှာ Champion Payနဲ့ Co-main ရပိုင်ခွင့်တွေနဲ့အတူ ဒေါ်လာ ၂၅၀၀၀၀ အထက် ရှိခဲ့ပြီး Win Bonus ပါရင်တော့ ပမာဏက ယင်းထက် ပိုများသွားနိုင်ပါတယ်။
ဒါဟာ ပန်တိုဂျာရဲ့ထိုးသတ်တဲ့ပွဲမှာ ဒေါ်လာ ၁၄၅၀၀၀ သာရှိခဲ့ရာကနေ အခုချန်ပီယံကာကွယ်ပွဲမှာ နှစ်ဆနီးပါး မြင့်တက်လာခဲ့ပါတယ်။
ဂျိုရှူအာဗန်ရဲ့ချန်ပီယံကာကွယ်ပွဲက မြန်မာကျပ်ငွေနဲ့တွက်ရင် စုစုပေါင် ကျပ် လေးဘီလျံနဲ့ ငါးဘီလျံဝန်းကျင်လောက် ရှိသွားနိုင်ပါတယ်။
ဂျိုရှူအာဗန်ဟာ ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ချိန်တုန်းက ဒေါ်လာ ၁.၂ သန်းလောက်ရခဲ့တယ်လို့ Time of India က ဖော်ပြခဲ့ပါတယ်။
Photos: UFC