ေလာင္စာဆီအက်ပ္ အတည္းေၾကာင့္ Spirit Airlines လုပ္ငန္းမ်ား စတင္ရပ္ဆိုင္းကာ ေလေၾကာင္းခရီးစဥ္အားလုံးကို ဖ်က္သိမ္း

ေလာင္စာဆီအက်ပ္ အတည္းေၾကာင့္ Spirit Airlines လုပ္ငန္းမ်ား စတင္ရပ္ဆိုင္းကာ ေလေၾကာင္းခရီးစဥ္အားလုံးကို ဖ်က္သိမ္း
=========================
အေမရိကန္၏ နာမည္ေက်ာ္ တန္ဖိုးနည္း ေလ ေၾကာင္းလိုင္းျဖစ္ေသာ Spirit Airlines သည္ အီရန္စစ္ပြဲေၾကာင့္ ျဖစ္ေပၚလာသည့္ ေလာင္စာဆီေစ်းႏႈန္း အဆမတန္ျမင့္တက္မႈဒဏ္ကို မခံႏိုင္ေတာ့ဘဲ လုပ္ငန္းမ်ားအားလုံးကို စတင္ရပ္ဆိုင္း (Wind-down) လိုက္ၿပီျဖစ္ေၾကာင္း တရားဝင္ေၾကညာခဲ့ပါသည္။
Spirit ေလေၾကာင္းလိုင္းသည္ စေနေန႔ နံနက္ပိုင္းမွစ၍ ၎၏ ေလေၾကာင္းခရီးစဥ္အားလုံးကို ခ်က္ခ်င္းဖ်က္သိမ္းလိုက္ၿပီး ခရီးသည္မ်ားအေနျဖင့္ ေလဆိပ္သို႔ မလာၾကရန္ အေရးေပၚသတိေပးခ်က္ ထုတ္ျပန္ထား သည္။ ေမလ ၁ ရက္မွ ၁၅ ရက္အတြင္း ေျပးဆြဲရန္ စီစဥ္ထားသည့္ ခရီးစဥ္ေပါင္း ၄,၀၀၀ ေက်ာ္ႏွင့္ ထိုင္ခုံ ၈ သိန္းေက်ာ္မွာ ယခုဆုံးျဖတ္ခ်က္ေၾကာင့္ ရပ္ တန႔္သြားခဲ့ၿပီ ျဖစ္သည္။
ယခုကဲ့သို႔ ေလေၾကာင္းလိုင္း ၿပိဳလဲသြားရျခင္းမွာ ႏွစ္လၾကာျမင့္ေနၿပီျဖစ္ေသာ အေမရိကန္-အီရန္ စစ္ပြဲေၾကာင့္ ေလယာဥ္ဆီေစ်းႏႈန္း ႏွစ္ဆနီးပါး ျမင့္တက္လာျခင္းေၾကာင့္ ျဖစ္သည္။ Spirit ၏ ျပန္လည္ထူ ေထာင္ေရးစီမံခ်က္တြင္ ေလယာဥ္ဆီတစ္ဂါလန္လွ်င္ ၂ ေဒၚလာဝန္းက်င္သာ ခန႔္မွန္းထားေသာ္လည္း လက္ ရွိတြင္ ၄.၅ ေဒၚလာေက်ာ္အထိ ေစ်းတက္သြားျခင္းက ကုမၸဏီကို ေရွ႕ဆက္မရေအာင္ အက်ပ္႐ိုက္ေစခဲ့ျခင္း ျဖစ္သည္။
သမၼတ ေဒၚနယ္ထရန႔္က Spirit ေလေၾကာင္းလိုင္းကို ေဒၚလာ သန္း ၅၀၀ ေထာက္ပံ့ၿပီး ကယ္တင္ရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း လႊတ္ေတာ္အတြင္းရွိ ရီပတ္ဘလစ္ကန္အမတ္အခ်ိဳ႕၏ ကန႔္ကြက္မႈႏွင့္ အဆင္မေျပေသာ သေဘာတူညီခ်က္မ်ားေၾကာင့္ ယင္းအစီအစဥ္မွာ ပ်က္ ျပားသြားခဲ့သည္။ သယ္ယူပို႔ေဆာင္ေရးဝန္ႀကီး ေရွာင္ဒပ္ဖီကလည္း အျခားေလေၾကာင္းလိုင္းမ်ားအား Spirit ကို ဝယ္ယူရန္ တိုက္တြန္းခဲ့ေသာ္လည္း မည္သူကမွ် ဝယ္ယူရန္ စိတ္မဝင္စားခဲ့ၾကေၾကာင္း သိရသည္။
Spirit ေလေၾကာင္းလိုင္း ၿပိဳလဲမႈေၾကာင့္ ေထာင္ ေပါင္းမ်ားစြာေသာ အလုပ္အကိုင္မ်ား ဆုံးရႈံးသြားမည့္အျပင္၊ အျခားေသာ ကမာၻလုံးဆိုင္ရာ ေလေၾကာင္းလိုင္းမ်ားျဖစ္သည့္ Lufthansa ႏွင့္ Air India တို႔မွာလည္း ခရီးစဥ္မ်ားေလွ်ာ့ခ်ျခင္းႏွင့္ ေလာင္စာဆီဝန္ ေဆာင္ခမ်ား တိုးျမႇင့္ျခင္းျဖင့္ ဤအက်ပ္အတည္းကို ရင္ဆိုင္ေနၾကရသည္။
လောင်စာဆီအကျပ် အတည်းကြောင့် Spirit Airlines လုပ်ငန်းများ စတင်ရပ်ဆိုင်းကာ လေကြောင်းခရီးစဉ်အားလုံးကို ဖျက်သိမ်း
=========================
အမေရိကန်၏ နာမည်ကျော် တန်ဖိုးနည်း လေ ကြောင်းလိုင်းဖြစ်သော Spirit Airlines သည် အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် လောင်စာဆီစျေးနှုန်း အဆမတန်မြင့်တက်မှုဒဏ်ကို မခံနိုင်တော့ဘဲ လုပ်ငန်းများအားလုံးကို စတင်ရပ်ဆိုင်း (Wind-down) လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါသည်။
Spirit လေကြောင်းလိုင်းသည် စနေနေ့ နံနက်ပိုင်းမှစ၍ ၎င်း၏ လေကြောင်းခရီးစဉ်အားလုံးကို ချက်ချင်းဖျက်သိမ်းလိုက်ပြီး ခရီးသည်များအနေဖြင့် လေဆိပ်သို့ မလာကြရန် အရေးပေါ်သတိပေးချက် ထုတ်ပြန်ထား သည်။ မေလ ၁ ရက်မှ ၁၅ ရက်အတွင်း ပြေးဆွဲရန် စီစဉ်ထားသည့် ခရီးစဉ်ပေါင်း ၄,၀၀၀ ကျော်နှင့် ထိုင်ခုံ ၈ သိန်းကျော်မှာ ယခုဆုံးဖြတ်ချက်ကြောင့် ရပ် တန့်သွားခဲ့ပြီ ဖြစ်သည်။
ယခုကဲ့သို့ လေကြောင်းလိုင်း ပြိုလဲသွားရခြင်းမှာ နှစ်လကြာမြင့်နေပြီဖြစ်သော အမေရိကန်-အီရန် စစ်ပွဲကြောင့် လေယာဉ်ဆီစျေးနှုန်း နှစ်ဆနီးပါး မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။ Spirit ၏ ပြန်လည်ထူ ထောင်ရေးစီမံချက်တွင် လေယာဉ်ဆီတစ်ဂါလန်လျှင် ၂ ဒေါ်လာဝန်းကျင်သာ ခန့်မှန်းထားသော်လည်း လက် ရှိတွင် ၄.၅ ဒေါ်လာကျော်အထိ စျေးတက်သွားခြင်းက ကုမ္ပဏီကို ရှေ့ဆက်မရအောင် အကျပ်ရိုက်စေခဲ့ခြင်း ဖြစ်သည်။
သမ္မတ ဒေါ်နယ်ထရန့်က Spirit လေကြောင်းလိုင်းကို ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့ပြီး ကယ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း လွှတ်တော်အတွင်းရှိ ရီပတ်ဘလစ်ကန်အမတ်အချို့၏ ကန့်ကွက်မှုနှင့် အဆင်မပြေသော သဘောတူညီချက်များကြောင့် ယင်းအစီအစဉ်မှာ ပျက် ပြားသွားခဲ့သည်။ သယ်ယူပို့ဆောင်ရေးဝန်ကြီး ရှောင်ဒပ်ဖီကလည်း အခြားလေကြောင်းလိုင်းများအား Spirit ကို ဝယ်ယူရန် တိုက်တွန်းခဲ့သော်လည်း မည်သူကမျှ ဝယ်ယူရန် စိတ်မဝင်စားခဲ့ကြကြောင်း သိရသည်။
Spirit လေကြောင်းလိုင်း ပြိုလဲမှုကြောင့် ထောင် ပေါင်းများစွာသော အလုပ်အကိုင်များ ဆုံးရှုံးသွားမည့်အပြင်၊ အခြားသော ကမ္ဘာလုံးဆိုင်ရာ လေကြောင်းလိုင်းများဖြစ်သည့် Lufthansa နှင့် Air India တို့မှာလည်း ခရီးစဉ်များလျှော့ချခြင်းနှင့် လောင်စာဆီဝန် ဆောင်ခများ တိုးမြှင့်ခြင်းဖြင့် ဤအကျပ်အတည်းကို ရင်ဆိုင်နေကြရသည်။




