စီးရီးေအခ်န္ပီယံဆုကို အင္တာမီလန္အသင္း (၂၁)ႀကိမ္ေျမာက္အျဖစ္ ဆြတ္ခူး

စီးရီးေအခ်န္ပီယံဆုကို အင္တာမီလန္အသင္း (၂၁)ႀကိမ္ေျမာက္အျဖစ္ ဆြတ္ခူး
===========================
အင္တာမီလန္အသင္းဟာ ၿပိဳင္ပြဲၿပီးဆုံးဖို (၃)ပြဲအလိုမွာပဲ စီးရီးေအခ်န္ပီယံဆုကို (၂၁)ႀကိမ္ေျမာက္အျဖစ္ ဆြတ္ခူးႏိုင္ခဲ့ေၾကာင္း သိရပါတယ္။
အင္တာမီလန္အသင္းဟာ မေန႔က ယွဥ္ၿပိဳင္ခဲ့တဲ့ စီးရီးေအပြဲစဥ္(၃၅)မွာ ပါးမားအသင္းကို (၂-၀)ဂိုးနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ ဒုတိယေနရာက လက္ရွိခ်န္ပီယံ နာပိုလီအသင္းကို (၁၂)မွတ္ျဖတ္ၿပီး ပြဲမကုန္ခင္ ခ်န္ပီယံဆု ရယူႏိုင္ခဲ့တာပါ။
ပါးမားအသင္းကေန အင္တာမီလန္အသင္းကို ေရာက္ရွိလာခဲ့တဲ့ နည္းျပ ခ်ီဗူးက အသင္းေဟာင္းနဲ႔ ရင္ဆိုင္ရတဲ့ပြဲမွာပဲ ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံခြင့္ရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ျခင္းလည္းျဖစ္ပါတယ္။
၂၀၂၁ ခုႏွစ္မွာမွ အင္တာမီလန္ယူ-၂၀ အသင္းကို ကိုင္တြယ္ၿပီး နည္းျပေလာကထဲ စတင္ဝင္ေရာက္ခဲ့တဲ့ ခ်ီဗူးက အင္တာမီလန္အသင္းကို ပထမဆုံးကိုင္တြယ္တဲ့ ရာသီမွာပဲ စီးရီးေအခ်န္ပီယံဆု ရယူေပးႏိုင္ခဲ့တာပါ။
အင္တာမီလန္အသင္းဟာ ၂၀၂၃-၂၄ ရာသီမွာလည္း စီးရီးေအခ်န္ပီယံဆု ရရွိခဲ့တာေၾကာင့္ (၃)ရာသီအတြင္း ခ်န္ပီယံဆု(၂)ႀကိမ္ ဆြတ္ခူးႏိုင္ခဲ့ျခင္းျဖစ္ၿပီး ဂ်ဴဗင္တပ္စ္ရဲ႕ေနာက္ ဒုတိယအေအာင္ျမင္ဆုံးအသင္းအျဖစ္ ရပ္တည္ေနပါတယ္။
အင္တာမီလန္အသင္းဟာ ကိုပါအီတာလီယာၿပိဳင္ပြဲမွာလည္း ဗိုလ္လုပြဲေရာက္ရွိေနၿပီး ေမ(၁၃)မွာ လာဇီယိုအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ေၾကာင္း သိရပါတယ္။
စီးရီးအေချန်ပီယံဆုကို အင်တာမီလန်အသင်း (၂၁)ကြိမ်မြောက်အဖြစ် ဆွတ်ခူး
===========================
အင်တာမီလန်အသင်းဟာ ပြိုင်ပွဲပြီးဆုံးဖို (၃)ပွဲအလိုမှာပဲ စီးရီးအေချန်ပီယံဆုကို (၂၁)ကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါတယ်။
အင်တာမီလန်အသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေပွဲစဉ်(၃၅)မှာ ပါးမားအသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဒုတိယနေရာက လက်ရှိချန်ပီယံ နာပိုလီအသင်းကို (၁၂)မှတ်ဖြတ်ပြီး ပွဲမကုန်ခင် ချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။
ပါးမားအသင်းကနေ အင်တာမီလန်အသင်းကို ရောက်ရှိလာခဲ့တဲ့ နည်းပြ ချီဗူးက အသင်းဟောင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲမှာပဲ ချန်ပီယံအဖြစ် အောင်ပွဲခံခွင့်ရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာမှ အင်တာမီလန်ယူ-၂၀ အသင်းကို ကိုင်တွယ်ပြီး နည်းပြလောကထဲ စတင်ဝင်ရောက်ခဲ့တဲ့ ချီဗူးက အင်တာမီလန်အသင်းကို ပထမဆုံးကိုင်တွယ်တဲ့ ရာသီမှာပဲ စီးရီးအေချန်ပီယံဆု ရယူပေးနိုင်ခဲ့တာပါ။
အင်တာမီလန်အသင်းဟာ ၂၀၂၃-၂၄ ရာသီမှာလည်း စီးရီးအေချန်ပီယံဆု ရရှိခဲ့တာကြောင့် (၃)ရာသီအတွင်း ချန်ပီယံဆု(၂)ကြိမ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ဂျူဗင်တပ်စ်ရဲ့နောက် ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။
အင်တာမီလန်အသင်းဟာ ကိုပါအီတာလီယာပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲရောက်ရှိနေပြီး မေ(၁၃)မှာ လာဇီယိုအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။




