ျမန္မာ၊ ထိုင္းႏွင့္ ဥဇဘက္ကစၥတန္ အမ်ိဳးသမီးလက္ေ႐ြးစင္အသင္းမ်ားပါဝင္မည့္ AYA BANK TRI NATIONS CUP 2026 ၿပိဳင္ပြဲ ရန္ကုန္တြင္ က်င္းပမည္

ျမန္မာ၊ ထိုင္းႏွင့္ ဥဇဘက္ကစၥတန္ အမ်ိဳးသမီးလက္ေ႐ြးစင္အသင္းမ်ားပါဝင္မည့္ AYA BANK TRI NATIONS CUP 2026 ၿပိဳင္ပြဲ ရန္ကုန္တြင္ က်င္းပမည္
================================
ျမန္မာ၊ ထိုင္းႏွင့္ ဥဇဘက္ကစၥတန္ အမ်ိဳးသမီးလက္ေ႐ြးစင္အသင္းမ်ားပါဝင္ကစားမည့္ AYA BANK TRI NATIONS CUP 2026 (International Women’s Friendly Matches) ၿပိဳင္ပြဲကို လာမည့္ ဇြန္လပထမပတ္အတြင္း ရန္ကုန္ၿမိဳ႕ သုဝဏၰအားကစားကြင္း၌ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါၿပိဳင္ပြဲကို AYA Bank မွ အဓိကပံ့ပိုးကူညီထားၿပီး ျမန္မာအမ်ိဳးသမီးလက္ေ႐ြးစင္အသင္း၏ အဆင့္ျမင့္မားတိုးတက္ေရးအတြက္ ႏိုင္ငံတကာအသင္းမ်ားႏွင့္ ေျခစမ္းကစားႏိုင္ရန္ ရည္႐ြယ္က်င္းပျခင္းျဖစ္သည္။

ၿပိဳင္ပြဲတြင္ ပါဝင္မည့္အသင္းမ်ားမွာ ျမန္မာ (ကမာၻ႔အဆင့္ ၅၅)၊ ထိုင္း (ကမာၻ႔အဆင့္ ၅၀)ႏွင့္ ဥဇဘက္ကစၥတန္ (ကမာၻ႔အဆင့္ ၅၁) တို႔ျဖစ္သည္။

ပြဲစဥ္မ်ားကို ဇြန္လ ၁ ရက္ ညေန ၅ နာရီတြင္ ျမန္မာႏွင့္ ဥဇဘက္ကစၥတန္၊ ဇြန္လ ၄ ရက္ ညေန ၄ နာရီတြင္ ဥဇဘက္ကစၥတန္ႏွင့္ ထိုင္း၊ ဇြန္လ ၇ ရက္ ညေန ၅ နာရီတြင္ ျမန္မာႏွင့္ ထိုင္းအသင္းတို႔ ယွဥ္ၿပိဳင္ကစားမည္ျဖစ္သည္။

အဆိုပါပြဲစဥ္မ်ားကို ျပည္တြင္း႐ုပ္သံလိုင္းမ်ားႏွင့္ YouTube Channel မ်ားမွ တိုက္႐ိုက္ထုတ္လႊင့္ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာအမ်ိဳးသမီးလက္ေ႐ြးစင္အသင္းကို ယာယီနည္းျပခ်ဳပ္ ေဒၚစန္းစန္းသိန္းက ကိုင္တြယ္သြားမည္ျဖစ္ၿပီး လက္ေထာက္နည္းျပအျဖစ္ ေဒၚသူဇာေထြးႏွင့္ ဂိုးနည္းျပ ဦးစိန္ေအးတို႔က တာဝန္ယူေဆာင္႐ြက္မည္ျဖစ္သည္။

အသင္းအား ပဏာမကစားသမား ၃၅ ဦးျဖင့္ ဧၿပီ ၂၇ ရက္မွစတင္၍ စခန္းသြင္းေလ့က်င့္ေနၿပီး ျပည္ပေရာက္ကစားသမားမ်ားသည္ ေမလအေစာပိုင္းတြင္ အသင္းႏွင့္ ပူးေပါင္းမည္ျဖစ္ေၾကာင္း သိရသည္။


မြန်မာ၊ ထိုင်းနှင့် ဥဇဘက်ကစ္စတန် အမျိုးသမီးလက်ရွေးစင်အသင်းများပါဝင်မည့် AYA BANK TRI NATIONS CUP 2026 ပြိုင်ပွဲ ရန်ကုန်တွင် ကျင်းပမည်
================================
မြန်မာ၊ ထိုင်းနှင့် ဥဇဘက်ကစ္စတန် အမျိုးသမီးလက်ရွေးစင်အသင်းများပါဝင်ကစားမည့် AYA BANK TRI NATIONS CUP 2026 (International Women’s Friendly Matches) ပြိုင်ပွဲကို လာမည့် ဇွန်လပထမပတ်အတွင်း ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို AYA Bank မှ အဓိကပံ့ပိုးကူညီထားပြီး မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း၏ အဆင့်မြင့်မားတိုးတက်ရေးအတွက် နိုင်ငံတကာအသင်းများနှင့် ခြေစမ်းကစားနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် ပါဝင်မည့်အသင်းများမှာ မြန်မာ (ကမ္ဘာ့အဆင့် ၅၅)၊ ထိုင်း (ကမ္ဘာ့အဆင့် ၅၀)နှင့် ဥဇဘက်ကစ္စတန် (ကမ္ဘာ့အဆင့် ၅၁) တို့ဖြစ်သည်။

ပွဲစဉ်များကို ဇွန်လ ၁ ရက် ညနေ ၅ နာရီတွင် မြန်မာနှင့် ဥဇဘက်ကစ္စတန်၊ ဇွန်လ ၄ ရက် ညနေ ၄ နာရီတွင် ဥဇဘက်ကစ္စတန်နှင့် ထိုင်း၊ ဇွန်လ ၇ ရက် ညနေ ၅ နာရီတွင် မြန်မာနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

အဆိုပါပွဲစဉ်များကို ပြည်တွင်းရုပ်သံလိုင်းများနှင့် YouTube Channel များမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကို ယာယီနည်းပြချုပ် ဒေါ်စန်းစန်းသိန်းက ကိုင်တွယ်သွားမည်ဖြစ်ပြီး လက်ထောက်နည်းပြအဖြစ် ဒေါ်သူဇာထွေးနှင့် ဂိုးနည်းပြ ဦးစိန်အေးတို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

အသင်းအား ပဏာမကစားသမား ၃၅ ဦးဖြင့် ဧပြီ ၂၇ ရက်မှစတင်၍ စခန်းသွင်းလေ့ကျင့်နေပြီး ပြည်ပရောက်ကစားသမားများသည် မေလအစောပိုင်းတွင် အသင်းနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။