လီဗာပူးလ္ကို အႏိုင္ယူၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိသြားတဲ့ မန္ယူ

လီဗာပူးလ္ကို အႏိုင္ယူၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိသြားတဲ့ မန္ယူ
====================
မန္ယူအသင္းဟာ မေန႔က ယွဥ္ၿပိဳင္ခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ လီဗာပူးလ္အသင္းကို (၃-၂)ဂိုးနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိဖို ေသခ်ာသြားခဲ့ပါတယ္။ လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္က ခ်န္ပီယံလိဂ္ဝင္ခြင့္ (၅)ေနရာရရွိမွာျဖစ္ၿပီး မန္ယူအသင္းက လက္က်န္(၃)ပြဲစလုံး ရႈံးခဲ့ရင္ေတာင္ ထိပ္ဆုံး(၅)သင္းစာရင္းထဲက ထြက္ေပးရဖို႔ မရွိေတာ့တာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိဖို႔ ေသခ်ာသြားခဲ့တာပါ။
မန္ယူအသင္းက နည္းျပ အာမိုရင္မ္လက္ထက္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ လြဲေခ်ာ္ရႏိုင္တဲ့အေျခအေနအထိ ေရာက္ရွိခဲ့ၿပီး ကာရစ္ စတင္ကိုင္တြယ္ခ်ိန္မွာ အဆင့္(၆)ေနရာ ေရာက္ရွိေနခဲ့ပါတယ္။ ကာရစ္က တတိယေနရာေရာက္ရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာျဖစ္ၿပီး သူ မန္ယူအသင္းကို ကိုင္တြယ္ခ်ိန္က စတြက္ရင္ ပရီးမီးယားလိဂ္မွာ မန္ယူအသင္းက အမွတ္အမ်ားဆုံးရရွိတဲ့အသင္း ျဖစ္ေနေၾကာင္း သိရပါတယ္။
ကာရစ္က မန္ယူအသင္းနဲ႔ ပရီးမီးယားလိဂ္(၁၄)ပြဲ ယွဥ္ၿပိဳင္ခဲ့ရာမွာ (၁၀)ပြဲႏိုင္၊ (၂)ပြဲသေရ၊ (၂)ပြဲရႈံးခဲ့တာေၾကာင့္ (၃၂)မွတ္ရရွိခဲ့ၿပီး ဒီကာလအတြင္းမွာ အာဆင္နယ္အသင္းက (၂၇)မွတ္ပဲ ရရွိခဲ့ပါတယ္။ မန္စီးတီးအသင္းကေတာ့ ဒီကာလအတြင္းမွာ (၁၂)ပြဲသာ ကစားခဲ့ရၿပီး (၂၇)မွတ္ရရွိခဲ့တာေၾကာင့္ ကာရစ္ရဲ႕ မန္ယူအသင္းက အမွတ္အမ်ားဆုံးရရွိတဲ့အသင္း ျဖစ္ခဲ့တာပါ။
ကာရစ္က အမွတ္ေပးဇယားထိပ္ဆုံး(၅)သင္းစလုံးကိုလည္း အႏိုင္ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာေၾကာင့္ လာမယ့္ရာသီမွာ တရားဝင္နည္းျပအျဖစ္ ခန႔္အပ္သင့္ေၾကာင္း ေထာက္ခံမႈေတြလည္း ပိုမိုျမင့္တက္လာခဲ့ပါတယ္။ ကာရစ္ကေတာ့ သူ႔ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ဘာေတြျဖစ္လာမလဲဆိုတာ ေစာင့္ၾကည့္ရမွာသာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
လီဗာပူးလ်ကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားတဲ့ မန်ယူ
====================
မန်ယူအသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးလ်အသင်းကို (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို သေချာသွားခဲ့ပါတယ်။ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်က ချန်ပီယံလိဂ်ဝင်ခွင့် (၅)နေရာရရှိမှာဖြစ်ပြီး မန်ယူအသင်းက လက်ကျန်(၃)ပွဲစလုံး ရှုံးခဲ့ရင်တောင် ထိပ်ဆုံး(၅)သင်းစာရင်းထဲက ထွက်ပေးရဖို့ မရှိတော့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ သေချာသွားခဲ့တာပါ။
မန်ယူအသင်းက နည်းပြ အာမိုရင်မ်လက်ထက်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ရနိုင်တဲ့အခြေအနေအထိ ရောက်ရှိခဲ့ပြီး ကာရစ် စတင်ကိုင်တွယ်ချိန်မှာ အဆင့်(၆)နေရာ ရောက်ရှိနေခဲ့ပါတယ်။ ကာရစ်က တတိယနေရာရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပြီး သူ မန်ယူအသင်းကို ကိုင်တွယ်ချိန်က စတွက်ရင် ပရီးမီးယားလိဂ်မှာ မန်ယူအသင်းက အမှတ်အများဆုံးရရှိတဲ့အသင်း ဖြစ်နေကြောင်း သိရပါတယ်။
ကာရစ်က မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ်(၁၄)ပွဲ ယှဉ်ပြိုင်ခဲ့ရာမှာ (၁၀)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၂)ပွဲရှုံးခဲ့တာကြောင့် (၃၂)မှတ်ရရှိခဲ့ပြီး ဒီကာလအတွင်းမှာ အာဆင်နယ်အသင်းက (၂၇)မှတ်ပဲ ရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းကတော့ ဒီကာလအတွင်းမှာ (၁၂)ပွဲသာ ကစားခဲ့ရပြီး (၂၇)မှတ်ရရှိခဲ့တာကြောင့် ကာရစ်ရဲ့ မန်ယူအသင်းက အမှတ်အများဆုံးရရှိတဲ့အသင်း ဖြစ်ခဲ့တာပါ။
ကာရစ်က အမှတ်ပေးဇယားထိပ်ဆုံး(၅)သင်းစလုံးကိုလည်း အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် လာမယ့်ရာသီမှာ တရားဝင်နည်းပြအဖြစ် ခန့်အပ်သင့်ကြောင်း ထောက်ခံမှုတွေလည်း ပိုမိုမြင့်တက်လာခဲ့ပါတယ်။ ကာရစ်ကတော့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။




