ဗဟိုအတြင္းေရးမႉးဦးသန္းထြန္း ေဒသခံျပည္သူမ်ားႏွင့္ ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာမ်ား ေဆြးေႏြးေျပာၾကား


ဗဟိုအတြင္းေရးမႉးဦးသန္းထြန္း ေဒသခံျပည္သူမ်ားႏွင့္ ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာမ်ား ေဆြးေႏြးေျပာၾကား
==================================
ဧၿပီလ(၂၆)ရက္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိးေရးပါတီ၊ ပုသိမ္ၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဗဟိုအတြင္းေရးမႉးဦးသန္းထြန္း သည္ နံနက္ (၀၉၃၀)နာရီအခ်ိန္တြင္ ေ႐ႊေသာင္ယံၿမိဳ႕နယ္၊ အုန္းေခ်ာင္းေက်း႐ြာ ေဒသခံ ကရင္တိုင္းရင္းသား စုစုေပါင္းအင္အား(၁၈၀)ဦးခန႔္ျဖင့္လည္းေကာင္း၊ (၁၀၃၀)အခ်ိန္တြင္ သေပါ့ကန္ေက်း႐ြာမွ ေဒသခံမိဘျပည္သူ (၂၀၀)ဦးခန႔္ျဖင့္လည္းေကာင္း၊ မြန္းလြဲ(၁၄၀၀)နာရီအခ်ိန္တြင္ ေ႐ႊေသာင္ယံ အမွတ္(၂)၊ မန္းက်ည္းေက်း႐ြာ ေက်း႐ြာေနျပည္သူ(၇၀)ဦးခန႔္ျဖင့္လည္းေကာင္း ေတြ႕ဆုံခဲ့ၾကပါသည္။
ေတြ႕ဆုံပြဲတြင္ ဗဟိုအတြင္းေရးမႉး ဦးသန္းထြန္း မွ လႊတ္ေတာ္တြင္ ပါဝင္ေဆာင္႐ြက္ခဲ့သည့္ အေတြ႕အႀကဳံမ်ားကို ျပန္လည္မွ်ေဝျခင္း၊ မိမိတို႔၏ နယ္ေျမေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဆာင္႐ြက္မည့္လုပ္ငန္းမ်ားကိုလည္း ျပည္သူမ်ားအား ရွင္းလင္းခဲ့ပါသည္။
ထို႔အျပင္ ေဒသခံျပည္သူမ်ား၏ လိုအပ္ခ်က္မ်ားႏွင့္ အႀကံျပဳတင္ျပခ်က္မ်ားကိုလည္း နားေထာင္လက္ခံခဲ့ၿပီး အနာဂတ္တြင္ ပိုမိုေကာင္းမြန္ေသာ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ရန္၊ ျပည္သူမ်ားႏွင့္ အတူပူးေပါင္းကာ မိမိတို႔ေဒသ၊ မိမိတို႔နယ္ေျမ ဖြံ႕ၿဖိဳးတိုးတက္ေရးကို အစဥ္တစိုက္အားထုတ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အျပန္အလွန္ ရွင္းလင္း ေဆြးေႏြးေျပာၾကားခဲ့ပါသည္။
ဗဟိုအတွင်းရေးမှူးဦးသန်းထွန်း ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးပြောကြား
==================================
ဧပြီလ(၂၆)ရက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိးရေးပါတီ၊ ပုသိမ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗဟိုအတွင်းရေးမှူးဦးသန်းထွန်း သည် နံနက် (၀၉၃၀)နာရီအချိန်တွင် ရွှေသောင်ယံမြို့နယ်၊ အုန်းချောင်းကျေးရွာ ဒေသခံ ကရင်တိုင်းရင်းသား စုစုပေါင်းအင်အား(၁၈၀)ဦးခန့်ဖြင့်လည်းကောင်း၊ (၁၀၃၀)အချိန်တွင် သပေါ့ကန်ကျေးရွာမှ ဒေသခံမိဘပြည်သူ (၂၀၀)ဦးခန့်ဖြင့်လည်းကောင်း၊ မွန်းလွဲ(၁၄၀၀)နာရီအချိန်တွင် ရွှေသောင်ယံ အမှတ်(၂)၊ မန်းကျည်းကျေးရွာ ကျေးရွာနေပြည်သူ(၇၀)ဦးခန့်ဖြင့်လည်းကောင်း တွေ့ဆုံခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း မှ လွှတ်တော်တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကို ပြန်လည်မျှဝေခြင်း၊ မိမိတို့၏ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများကိုလည်း ပြည်သူများအား ရှင်းလင်းခဲ့ပါသည်။
ထို့အပြင် ဒေသခံပြည်သူများ၏ လိုအပ်ချက်များနှင့် အကြံပြုတင်ပြချက်များကိုလည်း နားထောင်လက်ခံခဲ့ပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ပြည်သူများနှင့် အတူပူးပေါင်းကာ မိမိတို့ဒေသ၊ မိမိတို့နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက်အားထုတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အပြန်အလှန် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။




