ရန္ကုန္-မႏၲေလး-ရန္ကုန္ခရီးစဥ္တြင္ အမွတ္(၅)အဆန္/အမွတ္(၆)အစုန္ ေလေအးေပးစက္ပါ ေခတ္မီ DEMU လူစီးအျမန္ရထားတိုက္႐ိုက္စတင္ေျပးဆြဲမည္

ရန္ကုန္-မႏၲေလး-ရန္ကုန္ခရီးစဥ္တြင္ အမွတ္(၅)အဆန္/အမွတ္(၆)အစုန္ ေလေအးေပးစက္ပါ ေခတ္မီ DEMU လူစီးအျမန္ရထားတိုက္႐ိုက္စတင္ေျပးဆြဲမည္
====================
ဧၿပီ ၂၅

ႏိုင္ငံေတာ္သမၼတ၏လမ္းၫႊန္မွာၾကား ခ်က္အရ ပို႔ေဆာင္ေရးဝန္ႀကီးဌာနျမန္မာ့ မီးရထားသည္ ခရီးသြားျပည္သူမ်ား အဆင္ေျပစြာသြားလာႏိုင္ေရးအတြက္ ရန္ကုန္-မႏၲေလး-ရန္ကုန္ရထားခရီးစဥ္ အျဖစ္ အမွတ္(၅)အဆန္/ အမွတ္(၆)အစုန္ ေလေအးေပးစက္ပါေခတ္မီ DEMU လူစီးအျမန္ရထားအား ၂၀၂၆ ခုႏွစ္ ေမလ ၁ ရက္ မွစတင္၍ ေအာက္ပါအခ်ိန္ဇယား အတိုင္း ေျပးဆြဲေပးသြားမည္ျဖစ္သည္။

ရန္ကုန္-မႏၲေလး-ရန္ကုန္ခရီးစဥ္တစ္ေလွ်ာက္ ရပ္တန႔္ဘူတာမ်ားမွာ တိုးေၾကာင္ကေလး၊ ပဲခူး၊ ေညာင္ေလးပင္၊ ေတာင္ငူ၊ ပ်ဥ္းမနား၊ ေနျပည္ေတာ္၊ ရမည္းသင္း၊ သာစည္၊ ေက်ာက္ဆည္ဘူတာတို႔ျဖစ္ၿပီး လက္မွတ္ခႏႈန္းထားမွာ အထက္တန္းေငြက်ပ္ (၄၈၀၀၀)ႏွင့္ ပထမတန္းေငြက်ပ္ (၃၄၀၀၀)တို႔ျဖစ္သည္။ ရန္ကုန္ – ေနျပည္ေတာ္ – ရန္ကုန္ခရီးစဥ္ တစ္ေလွ်ာက္ အမွတ္(၃၁)အဆန္/ အမွတ္(၃၂)အစုန္ ေလေအးေပးစက္ပါ ေခတ္မီ DEMU လူစီးအျမန္ရထားအား ေအာက္ပါအခ်ိန္ဇယားအတိုင္း ေျပးဆြဲ ေပးသြားမည္ျဖစ္သည္။ လမ္းခရီး၌ တိုးေၾကာင္ကေလး၊ ပဲခူး၊ ဒိုက္ဦး၊ ေတာင္ငူ၊ ပ်ဥ္းမနားဘူတာတို႔၌ ရပ္တန႔္ေပးသြားမည္ျဖစ္ၿပီး လက္မွတ္ခႏႈန္းထားမွာ ယခင္အတိုင္းျဖစ္သည္။ စဥ္ ရထားအမွတ္ ခရီးစဥ္ ထြက္ခြာ/ဆိုက္ေရာက္ခ်ိန္ စုစုေပါင္းၾကာျမင့္ခ်ိန္ မွ သို႔ ထြက္ခ်ိန္ ေရာက္ခ်ိန္ ၁ အမွတ္(၃၁)အဆန္ ရန္ကုန္ ေနျပည္ေတာ္ ၁၀:၀၀ ၁၅:၀၀ (၅)နာရီ ၂ အမွတ္(၃၂)အစုန္ ေနျပည္ေတာ္ ရန္ကုန္ ၁၀:၀၀ ၁၅:၀၀ (၅)နာရီ ရန္ကုန္ – ေနျပည္ေတာ္ – ရန္ကုန္ခရီးစဥ္တစ္ေလွ်ာက္ အမွတ္(၇)အဆန္/ အမွတ္(၈)အစုန္ ေလေအးေပးစက္ပါ ေခတ္မီ DEMU လူစီးအျမန္ရထားအား ေအာက္ပါအခ်ိန္ဇယားအတိုင္း ေျပးဆြဲေပးသြားမည္ျဖစ္သည္။ လမ္းခရီး၌ တိုးေၾကာင္ကေလး၊ ပဲခူး၊ ျဖဴး၊ ေတာင္ငူ၊ ပ်ဥ္းမနားဘူတာတို႔၌ ရပ္တန႔္ေပးသြားမည္ျဖစ္ၿပီး လက္မွတ္ခႏႈန္းထားမွာ ယခင္အတိုင္းျဖစ္သည္။

စဥ္ ရထားအမွတ္ ခရီးစဥ္ ထြက္ခြာ/ဆိုက္ေရာက္ခ်ိန္ စုစုေပါင္းၾကာျမင့္ခ်ိန္ မွ သို႔ ထြက္ခ်ိန္ ေရာက္ခ်ိန္ ၁ အမွတ္(၇)အဆန္ ရန္ကုန္ ေနျပည္ေတာ္ ၁၂:၃၀ ၁၇:၃၀ (၅)နာရီ ၂ အမွတ္(၈)အစုန္ ေနျပည္ေတာ္ ရန္ကုန္ ၁၂:၃၀ ၁၇:၃၀ (၅)နာရီ ရန္ကုန္-မႏၲေလး-ရန္ကုန္ခရီးစဥ္တြင္ေျပးဆြဲမည့္ အမွတ္(၅)အဆန္/ အမွတ္(၆)အစုန္ DEMU လူစီး အျမန္ရထားမ်ားႏွင့္ ရန္ကုန္-ေနျပည္ေတာ္-ရန္ကုန္ခရီးစဥ္တြင္ေျပးဆြဲေနေသာ အမွတ္(၃၁)အဆန္/အမွတ္(၃၂)အစုန္၊ အမွတ္(၇)အဆန္/ အမွတ္(၈)အစုန္ ေလေအးေပးစက္ပါ DEMU လူစီးအျမန္ရထား မ်ား၏ ထိုင္ခုံလက္မွတ္မ်ားအား Online Railways Ticketing and Payment (ORTP) System ျဖင့္ ဝယ္ယူႏိုင္မည္ျဖစ္ေၾကာင္းႏွင့္ ရထားစီးနင္းမႈမ်ားျပားလာသည္ႏွင့္အမွ် ရထားစီးခရီးသြားျပည္သူမ်ား အဆင္ေျပစြာသြားလာႏိုင္ေရးအတြက္ ျမန္မာ့မီးရထားအေနျဖင့္ ရထားခရီးစဥ္မ်ားတိုးခ်ဲ႕ေျပးဆြဲေပးျခင္း၊ ရထားတြဲမ်ားထပ္မံခ်ိတ္ဆက္ေျပးဆြဲျခင္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိ သည္။


ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်တွင် အမှတ်(၅)အဆန်/အမှတ်(၆)အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားတိုက်ရိုက်စတင်ပြေးဆွဲမည်
====================
ဧပြီ ၂၅

နိုင်ငံတော်သမ္မတ၏လမ်းညွှန်မှာကြား ချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာနမြန်မာ့ မီးရထားသည် ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန်-မန္တလေး-ရန်ကုန်ရထားခရီးစဉ် အဖြစ် အမှတ်(၅)အဆန်/ အမှတ်(၆)အစုန် လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားအား ၂၀၂၆ ခုနှစ် မေလ ၁ ရက် မှစတင်၍ အောက်ပါအချိန်ဇယား အတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်တစ်လျှောက် ရပ်တန့်ဘူတာများမှာ တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်ဘူတာတို့ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ အထက်တန်းငွေကျပ် (၄၈၀၀၀)နှင့် ပထမတန်းငွေကျပ် (၃၄၀၀၀)တို့ဖြစ်သည်။ ရန်ကုန် – နေပြည်တော် – ရန်ကုန်ခရီးစဉ် တစ်လျှောက် အမှတ်(၃၁)အဆန်/ အမှတ်(၃၂)အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားအား အောက်ပါအချိန်ဇယားအတိုင်း ပြေးဆွဲ ပေးသွားမည်ဖြစ်သည်။ လမ်းခရီး၌ တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊ တောင်ငူ၊ ပျဉ်းမနားဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ ယခင်အတိုင်းဖြစ်သည်။ စဉ် ရထားအမှတ် ခရီးစဉ် ထွက်ခွာ/ဆိုက်ရောက်ချိန် စုစုပေါင်းကြာမြင့်ချိန် မှ သို့ ထွက်ချိန် ရောက်ချိန် ၁ အမှတ်(၃၁)အဆန် ရန်ကုန် နေပြည်တော် ၁၀:၀၀ ၁၅:၀၀ (၅)နာရီ ၂ အမှတ်(၃၂)အစုန် နေပြည်တော် ရန်ကုန် ၁၀:၀၀ ၁၅:၀၀ (၅)နာရီ ရန်ကုန် – နေပြည်တော် – ရန်ကုန်ခရီးစဉ်တစ်လျှောက် အမှတ်(၇)အဆန်/ အမှတ်(၈)အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားအား အောက်ပါအချိန်ဇယားအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်သည်။ လမ်းခရီး၌ တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနားဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ ယခင်အတိုင်းဖြစ်သည်။

စဉ် ရထားအမှတ် ခရီးစဉ် ထွက်ခွာ/ဆိုက်ရောက်ချိန် စုစုပေါင်းကြာမြင့်ချိန် မှ သို့ ထွက်ချိန် ရောက်ချိန် ၁ အမှတ်(၇)အဆန် ရန်ကုန် နေပြည်တော် ၁၂:၃၀ ၁၇:၃၀ (၅)နာရီ ၂ အမှတ်(၈)အစုန် နေပြည်တော် ရန်ကုန် ၁၂:၃၀ ၁၇:၃၀ (၅)နာရီ ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်တွင်ပြေးဆွဲမည့် အမှတ်(၅)အဆန်/ အမှတ်(၆)အစုန် DEMU လူစီး အမြန်ရထားများနှင့် ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်တွင်ပြေးဆွဲနေသော အမှတ်(၃၁)အဆန်/အမှတ်(၃၂)အစုန်၊ အမှတ်(၇)အဆန်/ အမှတ်(၈)အစုန် လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထား များ၏ ထိုင်ခုံလက်မှတ်များအား Online Railways Ticketing and Payment (ORTP) System ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် ရထားစီးနင်းမှုများပြားလာသည်နှင့်အမျှ ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားအနေဖြင့် ရထားခရီးစဉ်များတိုးချဲ့ပြေးဆွဲပေးခြင်း၊ ရထားတွဲများထပ်မံချိတ်ဆက်ပြေးဆွဲခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။