လူငယ္ဘဝတြင္ အရက္ေသာက္ျခင္းက တစ္သက္စာ ဦးေႏွာက္ထိခိုက္မႈျဖစ္ေစႏိုင္

လူငယ္ဘဝတြင္ အရက္ေသာက္ျခင္းက တစ္သက္စာ ဦးေႏွာက္ထိခိုက္မႈျဖစ္ေစႏိုင္
===========================
အသက္ ၂၀ ေက်ာ္အ႐ြယ္တြင္ စိတ္ဖိစီးမႈမ်ားကို ေက်ာ္လႊားရန္အတြက္ အရက္ေသာက္သုံးသည့္ အေလ့အထသည္ ေနာင္တစ္ခ်ိန္တြင္ ဦးေႏွာက္ကို ေရရွည္ထိခိုက္ေစႏိုင္ေၾကာင္း သုေတသနအသစ္တစ္ခုက သတိေပးထားသည္။

ေလ့လာခ်က္အရ အသက္ႀကီးလာၿပီးေနာက္ အရက္ေသာက္သုံးမႈကို ရပ္တန႔္ထားေသာ္လည္း လူငယ္ဘဝတြင္ အရက္ေသာက္ခဲ့သည့္ သက္ေရာက္မႈမ်ားသည္ ဦးေႏွာက္အတြင္းတြင္ က်န္ရွိေနႏိုင္ေၾကာင္း ေဖာ္ျပထားသည္။

အဓိကအားျဖင့္ ဦးေႏွာက္၏ ဆုံးျဖတ္ခ်က္ခ်ျခင္းႏွင့္ စိတ္ဖိစီးမႈထိန္းခ်ဳပ္ျခင္းတို႔ကို လုပ္ေဆာင္သည့္ အစိတ္အပိုင္းမ်ား ထိခိုက္ပ်က္စီးႏိုင္ျခင္းေၾကာင့္ ျဖစ္သည္ဟု ဆိုသည္။

ပုံမွန္အားျဖင့္ စိတ္ဖိစီးမႈမ်ား ေျပလည္သြားပါက အဆိုပါဦးေႏွာက္အစိတ္အပိုင္းမ်ား ျပန္လည္အနားယူႏိုင္ေသာ္လည္း လူငယ္ဘဝတြင္ အရက္ေသာက္သုံးမႈႏွင့္ စိတ္ဖိစီးမႈကို အလြန္အမင္းခံစားရပါက ယင္းစနစ္သည္ ေကာင္းမြန္စြာ လုပ္ေဆာင္ႏိုင္စြမ္း ေလ်ာ့နည္းလာႏိုင္ေၾကာင္း သုေတသနတြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ သက္လတ္ပိုင္းအ႐ြယ္ေရာက္လာသည့္အခါ အေျခအေနအသစ္မ်ားႏွင့္ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနထိုင္ႏိုင္စြမ္း ေလ်ာ့နည္းလာႏိုင္ေၾကာင္းလည္း သုံးသပ္ထားသည္။

ပညာရွင္မ်ားက ဤအေျခအေနသည္ အယ္ဇိုင္းမားေရာဂါႏွင့္ သူငယ္ျပန္ေရာဂါမ်ား၏ အေစာပိုင္းလကၡဏာမ်ားႏွင့္ ဆင္တူႏိုင္သျဖင့္ လူငယ္ဘဝတြင္ အရက္ေသာက္သုံးျခင္းကို အထူးသတိထားရန္ လိုအပ္ေၾကာင္း အႀကံျပဳထားသည္။


လူငယ်ဘဝတွင် အရက်သောက်ခြင်းက တစ်သက်စာ ဦးနှောက်ထိခိုက်မှုဖြစ်စေနိုင်
===========================
အသက် ၂၀ ကျော်အရွယ်တွင် စိတ်ဖိစီးမှုများကို ကျော်လွှားရန်အတွက် အရက်သောက်သုံးသည့် အလေ့အထသည် နောင်တစ်ချိန်တွင် ဦးနှောက်ကို ရေရှည်ထိခိုက်စေနိုင်ကြောင်း သုတေသနအသစ်တစ်ခုက သတိပေးထားသည်။

လေ့လာချက်အရ အသက်ကြီးလာပြီးနောက် အရက်သောက်သုံးမှုကို ရပ်တန့်ထားသော်လည်း လူငယ်ဘဝတွင် အရက်သောက်ခဲ့သည့် သက်ရောက်မှုများသည် ဦးနှောက်အတွင်းတွင် ကျန်ရှိနေနိုင်ကြောင်း ဖော်ပြထားသည်။

အဓိကအားဖြင့် ဦးနှောက်၏ ဆုံးဖြတ်ချက်ချခြင်းနှင့် စိတ်ဖိစီးမှုထိန်းချုပ်ခြင်းတို့ကို လုပ်ဆောင်သည့် အစိတ်အပိုင်းများ ထိခိုက်ပျက်စီးနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ပုံမှန်အားဖြင့် စိတ်ဖိစီးမှုများ ပြေလည်သွားပါက အဆိုပါဦးနှောက်အစိတ်အပိုင်းများ ပြန်လည်အနားယူနိုင်သော်လည်း လူငယ်ဘဝတွင် အရက်သောက်သုံးမှုနှင့် စိတ်ဖိစီးမှုကို အလွန်အမင်းခံစားရပါက ယင်းစနစ်သည် ကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်း လျော့နည်းလာနိုင်ကြောင်း သုတေသနတွင် ဖော်ပြထားသည်။

ထို့ကြောင့် သက်လတ်ပိုင်းအရွယ်ရောက်လာသည့်အခါ အခြေအနေအသစ်များနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်စွမ်း လျော့နည်းလာနိုင်ကြောင်းလည်း သုံးသပ်ထားသည်။

ပညာရှင်များက ဤအခြေအနေသည် အယ်ဇိုင်းမားရောဂါနှင့် သူငယ်ပြန်ရောဂါများ၏ အစောပိုင်းလက္ခဏာများနှင့် ဆင်တူနိုင်သဖြင့် လူငယ်ဘဝတွင် အရက်သောက်သုံးခြင်းကို အထူးသတိထားရန် လိုအပ်ကြောင်း အကြံပြုထားသည်။