လမ္းပန္းဆက္သြယ္မႈခက္ခဲသည့္ေဒသမ်ားသို႔ ျမန္မာအမ်ိဳးသားေလေၾကာင္း ေလယာဥ္ခရီးစဥ္တိုးခ်ဲ႕ေျပးဆြဲမည္

လမ္းပန္းဆက္သြယ္မႈခက္ခဲသည့္ေဒသမ်ားသို႔ ျမန္မာအမ်ိဳးသားေလေၾကာင္း ေလယာဥ္ခရီးစဥ္တိုးခ်ဲ႕ေျပးဆြဲမည္
=============================
ဧၿပီ ၂၃
ခရီးသြားျပည္သူမ်ား သြားလာေရးပိုမိုအဆင္ေျပလြယ္ကူေစရန္ ရည္႐ြယ္၍ ပို႔ေဆာင္ေရးဝန္ႀကီးဌာန လက္ေအာက္ရွိ ျမန္မာအမ်ိဳးသားေလေၾကာင္း (MNA) သည္ လမ္းပန္းဆက္သြယ္မႈခက္ခဲသည့္ ၿမိဳ႕မ်ားသို႔ ေလယာဥ္ခရီးစဥ္မ်ားကို ၂၀၂၆ ခုႏွစ္ ဧၿပီလ ၂၄ ရက္မွစတင္ကာ တိုးခ်ဲ႕ပ်ံသန္းေျပးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္သမၼတ၏ လမ္းၫႊန္ခ်က္အရ ယခုကဲ့သို႔ ေလေၾကာင္းခရီးစဥ္မ်ား တိုးခ်ဲ႕ေျပးဆြဲျခင္းျဖင့္ ေဒသအတြင္း ခရီးသြားလာမႈ ပိုမိုလြယ္ကူေခ်ာေမြ႕လာမည္ျဖစ္ၿပီး ေဒသစီးပြားေရးႏွင့္ ကုန္သြယ္ေရးလႈပ္ရွားမႈမ်ားကိုလည္း အေထာက္အကူျပဳႏိုင္မည္ျဖစ္သည္။
တိုးခ်ဲ႕ေျပးဆြဲမည့္ ခရီးစဥ္မ်ားအရ ရန္ကုန္ၿမိဳ႕မွ ရခိုင္ျပည္နယ္ရွိ မာန္ေအာင္ႏွင့္ ေက်ာက္ျဖဴၿမိဳ႕မ်ားသို႔ တစ္ပတ္လွ်င္ သုံးရက္ ပ်ံသန္းေျပးဆြဲေပးမည္ျဖစ္ၿပီး တနလၤာေန႔ႏွင့္ ေသာၾကာေန႔မ်ားတြင္ ရန္ကုန္–မာန္ေအာင္–ေက်ာက္ျဖဴ–ရန္ကုန္ ခရီးစဥ္၊ ဗုဒၶဟူးေန႔တြင္ ရန္ကုန္–ေက်ာက္ျဖဴ–မာန္ေအာင္–ရန္ကုန္ ခရီးစဥ္အျဖစ္ ေျပးဆြဲသြားမည္ျဖစ္သည္။
ထို႔ျပင္ တနသၤာရီတိုင္းေဒသႀကီးအတြင္းရွိ ၿမိတ္ေလဆိပ္ကိုအေျချပဳ၍ ထားဝယ္၊ ဘုတ္ျပင္းႏွင့္ ေကာ့ေသာင္းၿမိဳ႕မ်ားသို႔ တစ္ပတ္လွ်င္ ေျခာက္ရက္ ေျပးဆြဲသြားမည္ျဖစ္သည္။ တနလၤာ၊ ဗုဒၶဟူးႏွင့္ ေသာၾကာေန႔မ်ားတြင္ ၿမိတ္–ဘုတ္ျပင္း–ေကာ့ေသာင္း–ဘုတ္ျပင္း–ၿမိတ္ ခရီးစဥ္ကို ေျပးဆြဲမည္ျဖစ္ၿပီး အဂၤါ၊ ၾကာသပေတးႏွင့္ တနဂၤေႏြေန႔မ်ားတြင္ ၿမိတ္–ထားဝယ္–ၿမိတ္ ခရီးစဥ္ကို ပ်ံသန္းေျပးဆြဲေပးမည္ျဖစ္သည္။
ယခုလို ေလေၾကာင္းခရီးစဥ္မ်ား တိုးခ်ဲ႕ေျပးဆြဲျခင္းသည္ သြားလာရခက္ခဲသည့္ ေဒသမ်ားအတြက္ အေရးပါသည့္ သယ္ယူပို႔ေဆာင္ေရးအခြင့္အလမ္းတစ္ခု ျဖစ္လာမည္ျဖစ္ၿပီး ေဒသခံျပည္သူမ်ားႏွင့္ ခရီးသြားလုပ္ငန္းအတြက္ အက်ိဳးေက်းဇူးမ်ား ရရွိေစႏိုင္ေၾကာင္းလည္း သိရသည္။
ေလယာဥ္ခရီးစဥ္ အေသးစိတ္အခ်က္အလက္မ်ားႏွင့္ လက္မွတ္ဝယ္ယူမႈမ်ားကို ျမန္မာအမ်ိဳးသားေလေၾကာင္း၏ တရားဝင္ဝက္ဘ္ဆိုက္ႏွင့္ သက္ဆိုင္ရာၿမိဳ႕မ်ားရွိ ေလယာဥ္လက္မွတ္အေရာင္းကိုယ္စားလွယ္မ်ားထံတြင္ ဝယ္ယူႏိုင္မည္ျဖစ္ေၾကာင္း ပို႔ေဆာင္ေရးဝန္ႀကီးဌာနက အသိေပးထားသည္။
။
လမ်းပန်းဆက်သွယ်မှုခက်ခဲသည့်ဒေသများသို့ မြန်မာအမျိုးသားလေကြောင်း လေယာဉ်ခရီးစဉ်တိုးချဲ့ပြေးဆွဲမည်
=============================
ဧပြီ ၂၃
ခရီးသွားပြည်သူများ သွားလာရေးပိုမိုအဆင်ပြေလွယ်ကူစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာအမျိုးသားလေကြောင်း (MNA) သည် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့် မြို့များသို့ လေယာဉ်ခရီးစဉ်များကို ၂၀၂၆ ခုနှစ် ဧပြီလ ၂၄ ရက်မှစတင်ကာ တိုးချဲ့ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ယခုကဲ့သို့ လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲခြင်းဖြင့် ဒေသအတွင်း ခရီးသွားလာမှု ပိုမိုလွယ်ကူချောမွေ့လာမည်ဖြစ်ပြီး ဒေသစီးပွားရေးနှင့် ကုန်သွယ်ရေးလှုပ်ရှားမှုများကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်သည်။
တိုးချဲ့ပြေးဆွဲမည့် ခရီးစဉ်များအရ ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်ရှိ မာန်အောင်နှင့် ကျောက်ဖြူမြို့များသို့ တစ်ပတ်လျှင် သုံးရက် ပျံသန်းပြေးဆွဲပေးမည်ဖြစ်ပြီး တနင်္လာနေ့နှင့် သောကြာနေ့များတွင် ရန်ကုန်–မာန်အောင်–ကျောက်ဖြူ–ရန်ကုန် ခရီးစဉ်၊ ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်–ကျောက်ဖြူ–မာန်အောင်–ရန်ကုန် ခရီးစဉ်အဖြစ် ပြေးဆွဲသွားမည်ဖြစ်သည်။
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်လေဆိပ်ကိုအခြေပြု၍ ထားဝယ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့များသို့ တစ်ပတ်လျှင် ခြောက်ရက် ပြေးဆွဲသွားမည်ဖြစ်သည်။ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် မြိတ်–ဘုတ်ပြင်း–ကော့သောင်း–ဘုတ်ပြင်း–မြိတ် ခရီးစဉ်ကို ပြေးဆွဲမည်ဖြစ်ပြီး အင်္ဂါ၊ ကြာသပတေးနှင့် တနင်္ဂနွေနေ့များတွင် မြိတ်–ထားဝယ်–မြိတ် ခရီးစဉ်ကို ပျံသန်းပြေးဆွဲပေးမည်ဖြစ်သည်။
ယခုလို လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲခြင်းသည် သွားလာရခက်ခဲသည့် ဒေသများအတွက် အရေးပါသည့် သယ်ယူပို့ဆောင်ရေးအခွင့်အလမ်းတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ဒေသခံပြည်သူများနှင့် ခရီးသွားလုပ်ငန်းအတွက် အကျိုးကျေးဇူးများ ရရှိစေနိုင်ကြောင်းလည်း သိရသည်။
လေယာဉ်ခရီးစဉ် အသေးစိတ်အချက်အလက်များနှင့် လက်မှတ်ဝယ်ယူမှုများကို မြန်မာအမျိုးသားလေကြောင်း၏ တရားဝင်ဝက်ဘ်ဆိုက်နှင့် သက်ဆိုင်ရာမြို့များရှိ လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်များထံတွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက အသိပေးထားသည်။




