အာရွေရျပင္တြင္ အီရန္ေရနံတင္သေဘၤာ (၃) စင္းကို အေမရိကန္ ေရတပ္က ၾကားျဖတ္တားဆီ

အာရွေရျပင္တြင္ အီရန္ေရနံတင္သေဘၤာ (၃) စင္းကို အေမရိကန္ ေရတပ္က ၾကားျဖတ္တားဆီ
=========================
ဧၿပီ ၂၃
အေမရိကန္ႏွင့္ အီရန္တို႔အၾကား စစ္ေရးတင္းမာမႈမ်ားသည္ အေရွ႕အလယ္ပိုင္းေဒသမွ ေက်ာ္လြန္၍ အာရွေရျပင္အထိ ကူးစက္လာေနၿပီျဖစ္သည္။ အေမရိကန္စစ္တပ္သည္ အိႏၵိယ၊ မေလးရွားႏွင့္ သီရိလကၤာႏိုင္ငံတို႔အနီးတြင္ ေရာက္ရွိေနသည့္ အီရန္ေရနံတင္ သေဘၤာ (၃) စင္းကို ၾကားျဖတ္တားဆီးကာ လမ္း ေၾကာင္းေျပာင္းခိုင္းခဲ့ေၾကာင္း ေရေၾကာင္းလုံၿခဳံေရး သတင္းရင္းျမစ္မ်ားက အတည္ျပဳခဲ့သည္။
အေမရိကန္၏ ပိတ္ဆို႔မႈကို ခ်ိဳးေဖာက္ရန္ ႀကိဳးပမ္းသည္ဟုဆိုကာ Dorenasupertanker ၊ Deep Sea supertanker ႏွင့္ Sevin tanker ၃ စီးကို ၾကားျဖတ္တားဆီးခဲ့ျခင္းျဖစ္သည္။ Dorenasupertanker သည္ေရနံစိမ္း ဘာရယ္ (၂) သန္း အျပည့္တင္ေဆာင္လာသည့္ အဆင့္ျမင့္သေဘၤာႀကီးျဖစ္ၿပီး အိႏၵိယသမုဒၵရာအတြင္း အေမရိကန္ဖ်က္သေဘၤာတစ္စင္း၏ ေစာင့္ ၾကပ္ဖမ္းဆီးျခင္းကို ခံထားရသည္။ Deep Sea supertanker မွာ မေလးရွားကမ္းလြန္တြင္ ေတြ႕ရွိခဲ့သည့္ အီရန္ေရနံတင္သေဘၤာႀကီးျဖစ္ၿပီး အေမရိကန္က လမ္းေၾကာင္းလႊဲကာ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။ အျမင့္ဆုံး ပမာဏ ဘာရယ္ ၁ သန္းအထိ ဆံ့သည့္ Sevin tanker ကို လြန္ခဲ့သည့္ တစ္လခန႔္က မေလးရွားကမ္းလြန္တြင္ ေနာက္ဆုံးေတြ႕ရွိခဲ့ျခင္းျဖစ္သည္။
ဝါရွင္တန္က အီရန္၏ ေရေၾကာင္းကုန္သြယ္ေရးကို ပိတ္ဆို႔ထားသကဲ့သို႔ အီရန္ဘက္ကလည္း လက္စား ေခ်သည့္အေနျဖင့္ ေဟာ္မုဇ္ေရလက္ၾကားမွ ထြက္ခြာရန္ ႀကိဳးပမ္းသည့္ ကြန္တိန္နာသေဘၤာ (၂) စင္းကို ဗုဒၶဟူးေန႔တြင္ ပစ္ခတ္ဖမ္းဆီးခဲ့သည္။ ဤသည္မွာ စစ္ပြဲစတင္ခ်ိန္မွစ၍ အီရန္ဘက္က ပထမဆုံးအႀကိမ္ သေဘၤာမ်ားကို သိမ္းဆည္းလိုက္ျခင္း ျဖစ္သည္။ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အေမရိကန္၏ လုပ္ရပ္မွာ “ပင္လယ္ဓားျပလုပ္ရပ္” သာျဖစ္ေၾကာင္း ျပစ္တင္ရႈတ္ ခ်ထားသည္။
ေဟာ္မုဇ္ေရလက္ၾကား ပိတ္ဆို႔မႈႏွင့္ အာရွေရျပင္အထိ ေရာက္ရွိလာေသာ သေဘၤာဖမ္းဆီးမႈမ်ားေၾကာင့္ ကမာၻ႔ေရနံႏွင့္ ဓာတ္ေငြ႕ေထာက္ပံ့မႈ၏ ငါးပုံတစ္ပုံခန႔္ ျပတ္ေတာက္သြားခဲ့သည္။ ယင္းေၾကာင့္ တစ္ကမာၻလုံးတြင္ စြမ္းအင္ေစ်းႏႈန္းမ်ား ထိုးတက္ေနၿပီး အေမရိကန္ႏိုင္ငံအတြင္း၌ပင္ စက္သုံးဆီေစ်းႏႈန္းမွာ စစ္စတင္ခ်ိန္မွစ၍ ၂၅ ရာခိုင္ႏႈန္းေက်ာ္ ျမင့္တက္လာခဲ့သည္။
အာရှရေပြင်တွင် အီရန်ရေနံတင်သင်္ဘော (၃) စင်းကို အမေရိကန် ရေတပ်က ကြားဖြတ်တားဆီ
=========================
ဧပြီ ၂၃
အမေရိကန်နှင့် အီရန်တို့အကြား စစ်ရေးတင်းမာမှုများသည် အရှေ့အလယ်ပိုင်းဒေသမှ ကျော်လွန်၍ အာရှရေပြင်အထိ ကူးစက်လာနေပြီဖြစ်သည်။ အမေရိကန်စစ်တပ်သည် အိန္ဒိယ၊ မလေးရှားနှင့် သီရိလင်္ကာနိုင်ငံတို့အနီးတွင် ရောက်ရှိနေသည့် အီရန်ရေနံတင် သင်္ဘော (၃) စင်းကို ကြားဖြတ်တားဆီးကာ လမ်း ကြောင်းပြောင်းခိုင်းခဲ့ကြောင်း ရေကြောင်းလုံခြုံရေး သတင်းရင်းမြစ်များက အတည်ပြုခဲ့သည်။
အမေရိကန်၏ ပိတ်ဆို့မှုကို ချိုးဖောက်ရန် ကြိုးပမ်းသည်ဟုဆိုကာ Dorenasupertanker ၊ Deep Sea supertanker နှင့် Sevin tanker ၃ စီးကို ကြားဖြတ်တားဆီးခဲ့ခြင်းဖြစ်သည်။ Dorenasupertanker သည်ရေနံစိမ်း ဘာရယ် (၂) သန်း အပြည့်တင်ဆောင်လာသည့် အဆင့်မြင့်သင်္ဘောကြီးဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာအတွင်း အမေရိကန်ဖျက်သင်္ဘောတစ်စင်း၏ စောင့် ကြပ်ဖမ်းဆီးခြင်းကို ခံထားရသည်။ Deep Sea supertanker မှာ မလေးရှားကမ်းလွန်တွင် တွေ့ရှိခဲ့သည့် အီရန်ရေနံတင်သင်္ဘောကြီးဖြစ်ပြီး အမေရိကန်က လမ်းကြောင်းလွှဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အမြင့်ဆုံး ပမာဏ ဘာရယ် ၁ သန်းအထိ ဆံ့သည့် Sevin tanker ကို လွန်ခဲ့သည့် တစ်လခန့်က မလေးရှားကမ်းလွန်တွင် နောက်ဆုံးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဝါရှင်တန်က အီရန်၏ ရေကြောင်းကုန်သွယ်ရေးကို ပိတ်ဆို့ထားသကဲ့သို့ အီရန်ဘက်ကလည်း လက်စား ချေသည့်အနေဖြင့် ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာရန် ကြိုးပမ်းသည့် ကွန်တိန်နာသင်္ဘော (၂) စင်းကို ဗုဒ္ဓဟူးနေ့တွင် ပစ်ခတ်ဖမ်းဆီးခဲ့သည်။ ဤသည်မှာ စစ်ပွဲစတင်ချိန်မှစ၍ အီရန်ဘက်က ပထမဆုံးအကြိမ် သင်္ဘောများကို သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်၏ လုပ်ရပ်မှာ “ပင်လယ်ဓားပြလုပ်ရပ်” သာဖြစ်ကြောင်း ပြစ်တင်ရှုတ် ချထားသည်။
ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုနှင့် အာရှရေပြင်အထိ ရောက်ရှိလာသော သင်္ဘောဖမ်းဆီးမှုများကြောင့် ကမ္ဘာ့ရေနံနှင့် ဓာတ်ငွေ့ထောက်ပံ့မှု၏ ငါးပုံတစ်ပုံခန့် ပြတ်တောက်သွားခဲ့သည်။ ယင်းကြောင့် တစ်ကမ္ဘာလုံးတွင် စွမ်းအင်စျေးနှုန်းများ ထိုးတက်နေပြီး အမေရိကန်နိုင်ငံအတွင်း၌ပင် စက်သုံးဆီစျေးနှုန်းမှာ စစ်စတင်ချိန်မှစ၍ ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်။



