တံတားဖြင့္ပြဲအခမ္းအနားတက္ေရာက္

တံတားဖြင့္ပြဲအခမ္းအနားတက္ေရာက္
==========================
ေအာင္လံခ႐ိုင္၊ ေအာင္လံၿမိဳ႕နယ္

ဧၿပီလ(၂၂)ရက္ေန႔ နံနက္(၀၈း၀၀)ခ်ိန္တြင္ ေအာင္လံခ႐ိုင္၊ ေအာင္လံ ၿမိဳ႕နယ္ရွိ သရက္ေတာအုပ္စု သရက္ေတာေက်း႐ြာရွိ ေက်း႐ြာခ်င္းဆက္လမ္းရွိ တံတားအား ျပန္လည္ဖြင့္လွစ္ျခင္းအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ႏိုင္၊ သက္ဆိုင္ရာဌာနမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ ေက်း႐ြာသူ/သားမ်ား တက္ေရာက္ခဲ့ပါသည္။

အဆိုပါ ေက်း႐ြာခ်င္းဆက္လမ္းရွိ တံတားအား ၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္ လႊတ္ေတာ္ရန္ပုံေငြျဖင့္ တည္ေဆာက္ခဲ့ၿပီး သဘာဝေဘးေၾကာင့္ ပ်က္စီးသြားသည့္တံတားအား ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္ႏွင့္ ေအာင္လံခ႐ိုင္ ပါတီဥကၠ႒ ဦးစန္းလြင္တို႔မွ ေငြက်ပ္ (၅၀) သိန္း မတည္ကူညီခဲ့ၿပီး သက္ဆိုင္ရာဌာနမ်ားႏွင့္ ေက်း႐ြာသူေက်း႐ြာသားမ်ား ပူးေပါင္းေဆာင္႐ြက္ကာ တည္ေဆာက္ခဲ့ျခင္းျဖစ္ပါသည္။

တံတားျပန္လည္တည္ေဆာက္ၿပီးစီးမႈေၾကာင့္ ေဒသခံျပည္သူမ်ား၏ သယ္ယူပို႔ေဆာင္ေရး ပိုမိုလြယ္ကူလာကာ ေဒသဖြံၿဖိဳးတိုးတက္ေရးအတြက္ အေထာက္အကူျဖစ္ေစမည္ျဖစ္ပါသည္။


တံတားဖွင့်ပွဲအခမ်းအနားတက်ရောက်
==========================
အောင်လံခရိုင်၊ အောင်လံမြို့နယ်

ဧပြီလ(၂၂)ရက်နေ့ နံနက်(၀၈း၀၀)ချိန်တွင် အောင်လံခရိုင်၊ အောင်လံ မြို့နယ်ရှိ သရက်တောအုပ်စု သရက်တောကျေးရွာရှိ ကျေးရွာချင်းဆက်လမ်းရှိ တံတားအား ပြန်လည်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ကျေးရွာသူ/သားများ တက်ရောက်ခဲ့ပါသည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်းရှိ တံတားအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် လွှတ်တော်ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ပြီး သဘာဝဘေးကြောင့် ပျက်စီးသွားသည့်တံတားအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့် အောင်လံခရိုင် ပါတီဥက္ကဋ္ဌ ဦးစန်းလွင်တို့မှ ငွေကျပ် (၅၀) သိန်း မတည်ကူညီခဲ့ပြီး သက်ဆိုင်ရာဌာနများနှင့် ကျေးရွာသူကျေးရွာသားများ ပူးပေါင်းဆောင်ရွက်ကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။

တံတားပြန်လည်တည်ဆောက်ပြီးစီးမှုကြောင့် ဒေသခံပြည်သူများ၏ သယ်ယူပို့ဆောင်ရေး ပိုမိုလွယ်ကူလာကာ ဒေသဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။