ျပည္သူမ်ားႏွင့္ ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာမ်ား ရွင္းလင္းေျပာၾကား

ျပည္သူမ်ားႏွင့္ ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာမ်ား ရွင္းလင္းေျပာၾကား
=======================================
ေအာင္လံခ႐ိုင္၊ ေအာင္လံၿမိဳ႕နယ္
ဧၿပီလ(၂၁)ရက္ေန႔ ညေန(၁၇:၀၀)ခ်ိန္တြင္ ေအာင္လံခ႐ိုင္၊ ေအာင္လံၿမိဳ႕နယ္၊ ပိေတာက္ကုန္းအုပ္စုအတြင္းရွိ ပိေတာက္ကုန္းေက်း႐ြာ၊ တန္ဘိုးေက်း႐ြာႏွင့္ ပန္းမတ ေက်း႐ြာမွ ေက်း႐ြာေနျပည္သူမ်ားအား ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိးေရးပါတီမွ အႏိုင္ရလႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖစ္ၾကေသာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္
ဦးတင္ေအာင္ခ်စ္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ႏွင့္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ခ်ိန္တို႔မွ ပန္းမတေက်း႐ြာ ႐ြာဦးဘုန္းႀကီးေက်ာင္းတြင္ ေတြ႕ဆုံခဲ့ၾကပါသည္။

ေတြ႕ဆုံပြဲတြင္ လႊတ္ေတာ္တြင္ ပါဝင္ေဆာင္႐ြက္ခဲ့သည့္ အေတြ႕အႀကဳံမ်ားကို ျပန္လည္မွ်ေဝခဲ့ၿပီး ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဆာင္႐ြက္မည့္လုပ္ငန္းမ်ားကိုလည္း ျပည္သူမ်ားအား ရွင္းလင္းခဲ့ပါသည္။

ထို႔အျပင္ ေဒသခံျပည္သူမ်ား၏ လိုအပ္ခ်က္မ်ားႏွင့္ အႀကံျပဳတင္ျပခ်က္မ်ားကိုလည္း နားေထာင္လက္ခံခဲ့ၿပီး အနာဂတ္တြင္ ပိုမိုေကာင္းမြန္ေသာ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ရန္၊ ျပည္သူမ်ားႏွင့္ အတူပူးေပါင္းကာ မိမိတို႔ေဒသတိုးတက္ ဖြံ႕ၿဖိဳးေရးကို အစဥ္တစိုက္အားထုတ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ရွင္းလင္း ေျပာၾကားခဲ့ပါသည္။

တက္ေရာက္လာၾကသည့္ ေကာ္မတီဝင္မ်ားႏွင့္ ရပ္/ေက်းမ်ားလည္း ေဒသအတြက္ လိုအပ္ခ်က္မ်ားအား တင္ျပေဆြးေႏြးခဲ့ၾကၿပီး အခမ္းအနား႐ုပ္သိမ္းခဲ့ပါသည္။


ပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ရှင်းလင်းပြောကြား
=======================================
အောင်လံခရိုင်၊ အောင်လံမြို့နယ်
ဧပြီလ(၂၁)ရက်နေ့ ညနေ(၁၇:၀၀)ချိန်တွင် အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ ပိတောက်ကုန်းအုပ်စုအတွင်းရှိ ပိတောက်ကုန်းကျေးရွာ၊ တန်ဘိုးကျေးရွာနှင့် ပန်းမတ ကျေးရွာမှ ကျေးရွာနေပြည်သူများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိးရေးပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးတင်အောင်ချစ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ချိန်တို့မှ ပန်းမတကျေးရွာ ရွာဦးဘုန်းကြီးကျောင်းတွင် တွေ့ဆုံခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် လွှတ်တော်တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကို ပြန်လည်မျှဝေခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများကိုလည်း ပြည်သူများအား ရှင်းလင်းခဲ့ပါသည်။

ထို့အပြင် ဒေသခံပြည်သူများ၏ လိုအပ်ချက်များနှင့် အကြံပြုတင်ပြချက်များကိုလည်း နားထောင်လက်ခံခဲ့ပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ပြည်သူများနှင့် အတူပူးပေါင်းကာ မိမိတို့ဒေသတိုးတက် ဖွံ့ဖြိုးရေးကို အစဉ်တစိုက်အားထုတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ရပ်/ကျေးများလည်း ဒေသအတွက် လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ကြပြီး အခမ်းအနားရုပ်သိမ်းခဲ့ပါသည်။