Myanmar Plaza Sepaktakraw Challenge Cup ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ က်င္းပမည္

Myanmar Plaza Sepaktakraw Challenge Cup ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ က်င္းပမည္
=============================
ျမန္မာႏိုင္ငံပိုက္ေက်ာ္ျခင္းအဖြဲ႕ခ်ဳပ္မွ ႀကီးမႉး၍ Myanmar Plaza ၏ ပံ့ပိုးကူညီမႈျဖင့္ က်င္းပမည့္ Myanmar Plaza Sepaktakraw Challenge Cup ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲကို ရန္ကုန္တိုင္းေဒသႀကီး ဗဟန္းၿမိဳ႕နယ္ ကမာၻေအးဘုရားလမ္းရွိ ျမန္မာပလာဇာတြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါၿပိဳင္ပြဲကို ဧၿပီလ ၂၃ ရက္မွ ၂၆ ရက္အထိ ဝင္ေၾကးအခမဲ့ျဖင့္ က်င္းပသြားမည္ျဖစ္ၿပီး ျမန္မာ့လက္ေ႐ြးစင္ကစားသမားမ်ား၊ ဝါရင့္ကစားသမားမ်ားႏွင့္ အရည္အေသြးထက္ျမက္သည့္ မ်ိဳးဆက္သစ္လူငယ္မ်ား ပါဝင္သည့္ ေလးေယာက္တြဲ အလြတ္တန္းပုံစံျဖင့္ ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။
ၿပိဳင္ပြဲတြင္ ပိုက္ေက်ာ္ျခင္းေလာက၏ ထိပ္သီးကလပ္အသင္းမ်ားျဖစ္သည့္ ဆယ္တဲဗိုလ္၊ လိပ္သုံးေကာင္၊ ေခတ္ေက်ာင္းသား၊ YRG၊ ေ႐ႊကြၽန္းသား၊ ေဒြးမယ္ေနာ္၊ USL ႏွင့္ ဆန္းၫြန႔္ကလပ္တို႔မွ ကစားသမားမ်ား ပါဝင္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရသည္။
ၿပိဳင္ပြဲဝင္အသင္းအုပ္ခ်ဳပ္သူမ်ားအစည္းအေဝးႏွင့္ ပြဲစဥ္ေရးဆြဲျခင္းအစည္းအေဝးကို ၂၀၂၆ ခုႏွစ္ ဧၿပီလ ၂၂ ရက္ နံနက္ ၁၀ နာရီတြင္ သဃၤန္းကြၽန္းၿမိဳ႕နယ္ သုဝဏၰရွိ ျမန္မာႏိုင္ငံပိုက္ေက်ာ္ျခင္းအဖြဲ႕ခ်ဳပ္႐ုံး၌ က်င္းပမည္ျဖစ္သည္။
ဆုေၾကးေငြအေနျဖင့္ ပထမဆု က်ပ္သိန္း ၅၀၊ ဒုတိယဆု က်ပ္သိန္း ၃၀ ႏွင့္ ပူးတြဲတတိယဆု ႏွစ္ဆုအတြက္ တစ္ဆုလွ်င္ က်ပ္သိန္း ၁၅ စီျဖင့္ ဂုဏ္ျပဳခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံပိုက္ေက်ာ္ျခင္းအဖြဲ႕ခ်ဳပ္မွ သိရသည္။ #MWD
Myanmar Plaza Sepaktakraw Challenge Cup ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည်
=============================
မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ကြီးမှူး၍ Myanmar Plaza ၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပမည့် Myanmar Plaza Sepaktakraw Challenge Cup ပိုက်ကျော်ခြင်းပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာပလာဇာတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ဧပြီလ ၂၃ ရက်မှ ၂၆ ရက်အထိ ဝင်ကြေးအခမဲ့ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်ကစားသမားများ၊ ဝါရင့်ကစားသမားများနှင့် အရည်အသွေးထက်မြက်သည့် မျိုးဆက်သစ်လူငယ်များ ပါဝင်သည့် လေးယောက်တွဲ အလွတ်တန်းပုံစံဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းလောက၏ ထိပ်သီးကလပ်အသင်းများဖြစ်သည့် ဆယ်တဲဗိုလ်၊ လိပ်သုံးကောင်၊ ခေတ်ကျောင်းသား၊ YRG၊ ရွှေကျွန်းသား၊ ဒွေးမယ်နော်၊ USL နှင့် ဆန်းညွန့်ကလပ်တို့မှ ကစားသမားများ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများအစည်းအဝေးနှင့် ပွဲစဉ်ရေးဆွဲခြင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ် ဧပြီလ ၂၂ ရက် နံနက် ၁၀ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ရုံး၌ ကျင်းပမည်ဖြစ်သည်။
ဆုကြေးငွေအနေဖြင့် ပထမဆု ကျပ်သိန်း ၅၀၊ ဒုတိယဆု ကျပ်သိန်း ၃၀ နှင့် ပူးတွဲတတိယဆု နှစ်ဆုအတွက် တစ်ဆုလျှင် ကျပ်သိန်း ၁၅ စီဖြင့် ဂုဏ်ပြုချီးမြှင့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ သိရသည်။ #MWD




