ဂ်ပန္ေျမာက္ပိုင္းတြင္ ျပင္းအား ၇ ဒႆမ ၅ ငလ်င္လႈပ္ခတ္၊ ဆူနာမီ သတိေပးခ်က္ ထုတ္ျပန္

ဂ်ပန္ေျမာက္ပိုင္းတြင္ ျပင္းအား ၇ ဒႆမ ၅ ငလ်င္လႈပ္ခတ္၊ ဆူနာမီ သတိေပးခ်က္ ထုတ္ျပန္
===========================
ဂ်ပန္ႏိုင္ငံ ေျမာက္ပိုင္းတြင္ တနလၤာေန႔ ေဒသစံေတာ္ခ်ိန္ ညေန ၄ နာရီ ၅၃ မိနစ္က ျပင္းအား ၇ ဒႆမ ၅ ရွိေသာ ငလ်င္တစ္ခု အီဝါတီစီရင္စု ပစိဖိတ္ကမ္းလြန္ေရျပင္ အနက္ ၁၀ ကီလိုမီတာခန႔္မွ လႈပ္ခတ္ခဲ့သည္။

အဆိုပါငလ်င္လႈပ္ခတ္ၿပီးေနာက္ အီဝါတီ၊ အာအိုမိုရီႏွင့္ ေဟာ့ကိုင္းဒိုး စီရင္စုမ်ားတြင္ ျမင့္မားေသာ ဆူနာမီေရလႈိင္းမ်ားသည္ အျမင့္ ၃ မီတာအထိ ႐ိုက္ခတ္ႏိုင္ေၾကာင္း ဂ်ပန္မိုးေလဝသဌာနက သတိေပးထားသည္။

ငလ်င္လႈပ္ခတ္မႈေၾကာင့္ ကီလိုမီတာရာေပါင္းမ်ားစြာ ေဝးကြာသည့္ တိုက်ိဳၿမိဳ႕ရွိ အေဆာက္အအုံႀကီးမ်ားအထိ လႈပ္ခါမႈျဖစ္ပြားခဲ့ၿပီး တိုက်ိဳဘူတာႏွင့္ ရွင္အာအိုမိုရီဘူတာၾကား ရထားေျပးဆြဲမႈမ်ားကို ယာယီရပ္ဆိုင္းထားေၾကာင္း Tohoku Shinkansen လွ်ပ္စစ္ရထားဝန္ေဆာင္မႈမွ ထုတ္ျပန္ထားသည္။


ဂျပန်မြောက်ပိုင်းတွင် ပြင်းအား ၇ ဒဿမ ၅ ငလျင်လှုပ်ခတ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်
===========================
ဂျပန်နိုင်ငံ မြောက်ပိုင်းတွင် တနင်္လာနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၃ မိနစ်က ပြင်းအား ၇ ဒဿမ ၅ ရှိသော ငလျင်တစ်ခု အီဝါတီစီရင်စု ပစိဖိတ်ကမ်းလွန်ရေပြင် အနက် ၁၀ ကီလိုမီတာခန့်မှ လှုပ်ခတ်ခဲ့သည်။

အဆိုပါငလျင်လှုပ်ခတ်ပြီးနောက် အီဝါတီ၊ အာအိုမိုရီနှင့် ဟော့ကိုင်းဒိုး စီရင်စုများတွင် မြင့်မားသော ဆူနာမီရေလှိုင်းများသည် အမြင့် ၃ မီတာအထိ ရိုက်ခတ်နိုင်ကြောင်း ဂျပန်မိုးလေဝသဌာနက သတိပေးထားသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ကီလိုမီတာရာပေါင်းများစွာ ဝေးကွာသည့် တိုကျိုမြို့ရှိ အဆောက်အအုံကြီးများအထိ လှုပ်ခါမှုဖြစ်ပွားခဲ့ပြီး တိုကျိုဘူတာနှင့် ရှင်အာအိုမိုရီဘူတာကြား ရထားပြေးဆွဲမှုများကို ယာယီရပ်ဆိုင်းထားကြောင်း Tohoku Shinkansen လျှပ်စစ်ရထားဝန်ဆောင်မှုမှ ထုတ်ပြန်ထားသည်။