ျမန္မာ-အိႏၵိယနယ္စပ္ကို ဗဟိုျပဳ၍ အင္အားအသင့္အတင့္ရွိေသာ ေျမငလ်င္တစ္ခု လႈပ္ခတ္

ျမန္မာ-အိႏၵိယနယ္စပ္ကို ဗဟိုျပဳ၍ အင္အားအသင့္အတင့္ရွိေသာ ေျမငလ်င္တစ္ခု လႈပ္ခတ္
=================================
၂၀၂၆ ခုႏွစ္၊ ဧၿပီလ ၂၁ ရက္၊ နံနက္ပိုင္းတြင္ ျမန္မာ-အိႏၵိယနယ္စပ္ေဒသ၌ အင္အားအသင့္အတင့္ရွိေသာ ေျမငလ်င္တစ္ခု လႈပ္ခတ္သြားေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ တိုင္းထြာခ်က္အရ သိရွိရသည္။

ျမန္မာစံေတာ္ခ်ိန္ ယေန႔ မနက္ ၆ နာရီ ၅၉ မိနစ္တြင္ လႈပ္ခတ္ခဲ့ျခင္းျဖစ္ၿပီး ေျမေအာက္ ၁၀ ကီလိုမီတာ၊ ရစ္ခ်္တာစေကး ၅ ဒႆမ ၁ အဆင့္ရွိ အင္အားအသင့္အတင္ လႈပ္ခတ္ခဲ့ျခင္း ျဖစ္ေၾကာင္း မိုး/ဇလ က ထုတ္ျပန္ထားသည္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ တမူးေျမငလ်င္စခန္း မွ ေျမာက္ဘက္ ၃၆ မိုင္ခန႔္အကြာတြင္ ဗဟိုျပဳၿပီး လႈပ္ခတ္ခဲ့ျခင္းလည္း ျဖစ္သည္။


မြန်မာ-အိန္ဒိယနယ်စပ်ကို ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်
=================================
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်၊ နံနက်ပိုင်းတွင် မြန်မာ-အိန္ဒိယနယ်စပ်ဒေသ၌ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ သိရှိရသည်။

မြန်မာစံတော်ချိန် ယနေ့ မနက် ၆ နာရီ ၅၉ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြေအောက် ၁၀ ကီလိုမီတာ၊ ရစ်ချ်တာစကေး ၅ ဒဿမ ၁ အဆင့်ရှိ အင်အားအသင့်အတင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြေငလျင်စခန်း မှ မြောက်ဘက် ၃၆ မိုင်ခန့်အကွာတွင် ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ခြင်းလည်း ဖြစ်သည်။