
==========================



ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးများနှင့်တွေ့ဆုံ
==========================
အောင်လံခရိုင်၊ အောင်လံမြို့နယ် ဧပြီလ(၂၀)ရက် နံနက် ၁၀:၀၀နာရီတွင် အောင်လံခရိုင်၊ အောင်လံမြိုနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့်အတူ ကိုယ်စားလှယ်များသည် ခရိုင်၊ မြိုနယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးများနှင့်တွေ့ဆုံ၍ လွှတ်တော်အတွေ့အကြုံများအား ပါတီရုံးခန်းတွင် ရှင်းလင်ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ကိုယ်စားလှယ်များမှ မိမိတို့ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ပါတီကော်မတီဝင်များနှင့် ရပ်/ကျေးများမှလည်း ဒေသအတွက် လိုအပ်သည့်ကိစ္စရပ်များအား တင်ပြဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို နေ့လည် ၁၂းဝဝ ချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။