၂၀၂၆ ခုႏွစ္ Ballon d’Or ဆုအတြက္ ေရပန္းအစားဆုံးျဖစ္ေနတဲ့ ဟာရီကိန္း

၂၀၂၆ ခုႏွစ္ Ballon d’Or ဆုအတြက္ ေရပန္းအစားဆုံးျဖစ္ေနတဲ့ ဟာရီကိန္း
=========================
၂၀၂၆ ခုႏွစ္ Ballon d’Or ဆုအတြက္ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ အဂၤလန္တိုက္စစ္မႉး ဟာရီကိန္းက ေရပန္းအစားဆုံးျဖစ္ေနေၾကာင္း သိရပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းက ဒီရာသီမွာ ဘြန္ဒစ္လီဂါခ်န္ပီယံဆုရရွိထားသလို၊ ခ်န္ပီယံလိဂ္နဲ႔ ဂ်ာမန္ဖလားမွာလည္း ဆီမီးဖိုင္နယ္ေရာက္ေနတာေၾကာင့္ ဖလားသုံးလုံးေအာင္ပြဲကို ေမွ်ာ္လင့္လိုရေနပါတယ္။ ဒါေၾကာင့္ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၅၁ ဂိုး သြင္းယူထားတဲ့ ဟာရီကိန္းက Ballon d’Or ဆုရရွိဖို႔ ေရပန္းစားေနတာလည္းျဖစ္ပါတယ္။


၂၀၂၆ ခုနှစ် Ballon d’Or ဆုအတွက် ရေပန်းအစားဆုံးဖြစ်နေတဲ့ ဟာရီကိန်း
=========================
၂၀၂၆ ခုနှစ် Ballon d’Or ဆုအတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းက ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ဒီရာသီမှာ ဘွန်ဒစ်လီဂါချန်ပီယံဆုရရှိထားသလို၊ ချန်ပီယံလိဂ်နဲ့ ဂျာမန်ဖလားမှာလည်း ဆီမီးဖိုင်နယ်ရောက်နေတာကြောင့် ဖလားသုံးလုံးအောင်ပွဲကို မျှော်လင့်လိုရနေပါတယ်။ ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ၅၁ ဂိုး သွင်းယူထားတဲ့ ဟာရီကိန်းက Ballon d’Or ဆုရရှိဖို့ ရေပန်းစားနေတာလည်းဖြစ်ပါတယ်။