ရန္ကုန္-ေနျပည္ေတာ္-မႏၲေလး လမ္းပိုင္း ရထားလက္မွတ္ကို အြန္လိုင္းက ဝယ္ယူႏိုင္ၿပီ

ရန္ကုန္-ေနျပည္ေတာ္-မႏၲေလး လမ္းပိုင္း ရထားလက္မွတ္ကို အြန္လိုင္းက ယေန႔ ဝယ္ယူႏိုင္ၿပီ
======================
ရန္ကုန္-ေနျပည္ေတာ္-မႏၲေလး ရထားလမ္းပိုင္းအတြက္ ရထားလက္မွတ္ကို အြန္လိုင္းက ေဖေဖာ္ဝါရီ ၁ ရက္ မွ စတင္ကာ ဝယ္ယူႏိုင္ၿပီ ျဖစ္သည္၊၊
အြန္လိုင္းမွတဆင့္ ရထားလက္မွတ္ဝယ္ယူရာတြင္ ခရီးစဥ္အစအဆုံးအတြက္ ၇ ရက္ ႀကိဳတင္ ဝယ္ယူျခင္း ၊ ၾကားဘူတာအတြက္ ၃ ရက္ ႀကိဳတင္ဝယ္ယူရမည္ျဖစ္သည္။
အြန္လိုင္းမွတဆင့္ ရထားလက္မွတ္ယူျခင္းကို ပထမဦးဆုံးအႀကိမ္ျဖစ္သည့္အတြက္ Pilot Project အျဖစ္ အမွတ္ ၁၁ အဆန္ ႏွင့္ ၁၂ အစုန္ ရန္ကုန္-မႏၲေလးရထားခရီးစဥ္၊ ရန္ကုန္-ေနျပည္ေတာ္ DEMU ရထားခရီးစဥ္မ်ားျဖစ္သည့္ အမွတ္ ၇ အဆန္ ႏွင့္ ၈ အစုန္ ရထား ၊ အမွတ္ ၃၁ အဆန္ ႏွင့္ ၃၂အစုန္ ရထားခရီးစဥ္အတြက္ စတင္ေရာင္းခ်ေပးမည္ျဖစ္သည္။
ထိုနည္းတူ မႏၲေလး-ေနျပည္ေတာ္- မႏၲေလး ခရီးစဥ္အျဖစ္ အမွတ္ ၂၇ အဆန္၊ အမွတ္ ၂၈ အစုန္ လူစီး အျမန္ရထားခရီးစဥ္ကိုလည္း ဝယ္ယူႏိုင္ၿပီ ျဖစ္သည္။
အြန္လိုင္းမွ ဝယ္ယူထားသည့္ ရထားလက္မွတ္ e-Receipt ကို ရထားမထြက္ခြာမွီ ၁ နာရီအလို ႀကိဳတင္ၿပီး သက္ဆိုင္ရာဘူတာ႐ုံ ေကာင္တာတြင္ လဲလွယ္ရမည္ျဖစ္ေၾကာင္း သိရသည္။
ရန်ကုန်-နေပြည်တော်-မန္တလေး လမ်းပိုင်း ရထားလက်မှတ်ကို အွန်လိုင်းက ဝယ်ယူနိုင်ပြီ
======================
ရန်ကုန်-နေပြည်တော်-မန္တလေး ရထားလမ်းပိုင်းအတွက် ရထားလက်မှတ်ကို အွန်လိုင်းက ဖေဖော်ဝါရီ ၁ ရက် မှ စတင်ကာ ဝယ်ယူနိုင်ပြီ ဖြစ်သည်၊၊
အွန်လိုင်းမှတဆင့် ရထားလက်မှတ်ဝယ်ယူရာတွင် ခရီးစဉ်အစအဆုံးအတွက် ၇ ရက် ကြိုတင် ဝယ်ယူခြင်း ၊ ကြားဘူတာအတွက် ၃ ရက် ကြိုတင်ဝယ်ယူရမည်ဖြစ်သည်။
အွန်လိုင်းမှတဆင့် ရထားလက်မှတ်ယူခြင်းကို ပထမဦးဆုံးအကြိမ်ဖြစ်သည့်အတွက် Pilot Project အဖြစ် အမှတ် ၁၁ အဆန် နှင့် ၁၂ အစုန် ရန်ကုန်-မန္တလေးရထားခရီးစဉ်၊ ရန်ကုန်-နေပြည်တော် DEMU ရထားခရီးစဥ်များဖြစ်သည့် အမှတ် ၇ အဆန် နှင့် ၈ အစုန် ရထား ၊ အမှတ် ၃၁ အဆန် နှင့် ၃၂အစုန် ရထားခရီးစဥ်အတွက် စတင်ရောင်းချပေးမည်ဖြစ်သည်။
ထိုနည်းတူ မန္တလေး-နေပြည်တော်- မန္တလေး ခရီးစဉ်အဖြစ် အမှတ် ၂၇ အဆန်၊ အမှတ် ၂၈ အစုန် လူစီး အမြန်ရထားခရီးစဉ်ကိုလည်း ဝယ်ယူနိုင်ပြီ ဖြစ်သည်။
အွန်လိုင်းမှ ဝယ်ယူထားသည့် ရထားလက်မှတ် e-Receipt ကို ရထားမထွက်ခွာမှီ ၁ နာရီအလို ကြိုတင်ပြီး သက်ဆိုင်ရာဘူတာရုံ ကောင်တာတွင် လဲလှယ်ရမည်ဖြစ်ကြောင်း သိရသည်။




