သမၼတအျဖစ္ ဝင္ေရာက္အေရြးခံေတာ့မည္မဟုတ္ဟု ဘိုင္ဒင္ေၾကညာ
အေမရိကန္ သမၼတေလာင္းအျဖစ္ကေန ႏုတ္ထြက္ဖို႔ႏွင့္ ျပန္လည္အေရြးခံရန္ မရည္ရြယ္ေတာ့ေၾကာင္း သမၼတဘိုင္ဒင္က ေၾကညာလိုက္သည္။
“အေမရိကန္ျပည္ေထာင္စုရဲ့ သမၼတအျဖစ္ တာဝန္ထမ္းေဆာင္ရတာဟာ ကၽြန္ေတာ့္ဘဝရဲ့ အႀကီးက်ယ္ဆုံး ဂုဏ္ယူစရာပါပဲ။ ျပန္အေရြးခံဖို႔ ရည္ရြယ္ခ်က္ရွိေပမယ့္ လက္ရွိတာဝန္ေတြကိုသာ အာ႐ုံစိုက္ဖို႔က ငါ့ပါတီနဲ႔ တိုင္းျပည္အတြက္ အေကာင္းဆုံးလို႔ ယုံၾကည္ပါတယ္။ ဒါေၾကာင့္ သမၼတအျဖစ္ ထပ္ၿပီး အေရြးမခံေတာ့ပဲ က်န္ရွိေနတဲ့ သမၼတတာဝန္ေတြကိုပဲ ေက်ပြန္ေအာင္ ထမ္းေဆာင္သြားမွာပါ” ဟု သူ၏ X စာမ်က္ႏွာတြင္ ေရးသားေဖာ္ျပခဲ့သည္။
သူ႔၏ ဆုံးျဖတ္ခ်က္ႏွင့္ ပတ္သက္၍ ယခုသီတင္းပတ္ေႏွာင္းပိုင္းတြင္ နိုင္ငံသို႔ အေသးစိပ္ ေၾကညာသြားမည္ဟုလည္း ကတိျပဳခဲ့သည္။ အေမရိကန္သမၼတအျဖစ္ သူ၏ေအာင္ျမင္မႈမ်ားကိုလည္း ေျပာၾကားခဲ့သည္။
အေမရိကန္ျပည္ေထာင္စုတြင္ သမၼတေရြးေကာက္ပြဲကို နိုဝင္ဘာ ၅ ရက္တြင္ က်င္းပမည္ျဖစ္သည္။
_____________________________________________
သမ္မတအဖြစ် ဝင်ရောက်အရွေးခံတော့မည်မဟုတ်ဟု ဘိုင်ဒင်ကြေညာ
အမေရိကန် သမ္မတလောင်းအဖြစ်ကနေ နုတ်ထွက်ဖို့နှင့် ပြန်လည်အရွေးခံရန် မရည်ရွယ်ေတာ့ကြောင်း သမ္မတဘိုင်ဒင်က ကြေညာလိုက်သည်။
“အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရတာဟာ ကျွန်တော့်ဘဝရဲ့ အကြီးကျယ်ဆုံး ဂုဏ်ယူစရာပါပဲ။ ပြန်အရွေးခံဖို့ ရည်ရွယ်ချက်ရှိပေမယ့် လက်ရှိတာဝန်တွေကိုသာ အာရုံစိုက်ဖို့က ငါ့ပါတီနဲ့ တိုင်းပြည်အတွက် အကောင်းဆုံးလို့ ယုံကြည်ပါတယ်။ ဒါကြောင့် သမ္မတအဖြစ် ထပ်ပြီး အရွေးမခံတော့ပဲ ကျန်ရှိနေတဲ့ သမ္မတတာဝန်တွေကိုပဲ ကျေပွန်အောင် ထမ်းဆောင်သွားမှာပါ” ဟု သူ၏ X စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
သူ့၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ယခုသီတင်းပတ်နှောင်းပိုင်းတွင် နိုင်ငံသို့ အသေးစိပ် ကြေညာသွားမည်ဟုလည်း ကတိပြုခဲ့သည်။ အမေရိကန်သမ္မတအဖြစ် သူ၏အောင်မြင်မှုများကိုလည်း ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။