ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပေါင်းတလည် မြို့နယ်၊ မြို့လှကျေးရွာရှိ တောင်သူများ၊ ရပ်မိရပ်ဖများနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း တွေ့ဆုံ

ပေါင်းတလည် မတ် ၂၄

(၂၄.၃.၂၀၂၃)ရက်နေ့ နံနက် (၈)နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း သည်၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ဒေါ်ခင်ရွှေမြင့်၊တိုင်းပါတီဥက္ကဋ္ဌဦးအောင်ချိုဦး၊ အတွင်းရေးမှူး ဦးကျော်ကျော်လင်း တို့နှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့နယ်၊ပေါင်းတလည်မြို့၊ဗြူးကုန်းအုပ်စု၊မြို့လှကျေးရွာရှိ

ဒေသခံတောင်သူဦးကြီးများ၊ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ပါသည်။

ဦးစွာပထမ၊ဗြူးကုန်းအုပ်စု မြို့လှတောင်ကျောင်းဆရာတော် ဥူးကောသလ္လအားဖူးမြော်ကန်တော့၍ သာသနာရေး ဆိုင်ရာများ မေးမြန်းလျှောက်ထားပြီး ဆရာတော်အားလှူဖွယ် ပစ္စည်းများနှင့် နဝကမ္မအလှူငွေဆက်ကပ် လှူဒါန်းခဲ့ပါသည်။

၎င်းနောက် ဒေသခံတောင်သူကြီးများနှင့်တွေ့ဆုံ၍ ရပ်ရွာဖွံ့ဖြိုးရေးကိစ္စများ၊တောင်သူကြီးများ၏ အခက်ခဲများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါသည်။

တောင်သူကြီးများ၏မှ တင်ပြသော အခက်အခဲဖြစ်နေသည့်စိုက်ပျိုးရေရရှိရေး၊ ဓာတ်မြေသြဇာရရှိရေး၊ စိုက်မျိုးစပါး မျိုးကောင်းမျိုးသန့်ရရှိရေး၊ လျှပ်စစ်မီးရရှိရေးနှင့်ကုန်ထုတ်လမ်းကောင်းမွန်ရေးစသည့်ကိစ္စများအား မိမိတို့ဖက်မှ ယခုတင်ပြသောတောင်သူကြီးတို့၏ အခက်အခဲများကို အဆင်ပြေစေရန်အတွက် သက်ဆိုင်ရာဌာနများနှင့် အတတ်နိုင်ဆုံး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးဖြစ်ကြောင်းပြန်လည် ရှင်းလင်းခဲ့ပြီး နံနက် (၁၀:၃၀) နာရီ၌ တွေ့ဆုံပွဲပြီးဆုံးခဲ့ပါသည်။