မြောက်ကိုရီးယားအပေါ် အရေးယူဒဏ်ခတ်မှု ဖြေလျှော့ပေးရန် ရုရှားနှင့် တရုတ် တိုက်တွန်း

နျူကလီးယားလက်နက် ဖျက်သိမ်းဖို့ မက်လုံးပေးတဲ့အနေနဲ့ မြောက်ကိုရီးယားအပေါ် အရေးယူဒဏ်ခတ်မှုတွေကို ဖြေလျှော့ပေးဖို့ ရုရှားနဲ့ တရုတ်နိုင်ငံတို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

ဒီလိုတိုက်တွန်းတာဟာ မြောက်ကိုရီးယားအပေါ် ဆက်လက်ဒဏ်ခတ်မယ့် နိုင်ငံတကာ သဘောတူညီချက်ကို ခြိမ်းခြောက်ရာကျပြီး အမေရိကန်နိုင်ငံ ရပ်တည်ချက်နဲ့ တိုက်ရိုက် ပဋိပက္ခ ဖြစ်စေပါတယ်။

Read more

ကက်ရှ်မီးယားက ထိပ်တိုက်တွေ့မှုတွေမှာ အနည်းဆုံး (၄)ဦး သေဆုံး

နယူးဒေလီ၊ စက်တင်ဘာ ၂၈

အိန္ဒိယမြောက်ပိုင်း ကက်ရှ်မီးယားမှာ စက်တင်ဘာ ၂၇ ရက်က ဆူပူအကြမ်းဖက်ထိပ်တိုက်တွေ့မှုတွေအတွင်း အိန္ဒိယစစ်သား တစ်ဦးနဲ့ သောင်းကျန်းသူသူပုန် သုံးဦး သေဆုံးတယ်လို့ တာဝန်ရှိသတင်းရင်းမြစ်တွေအရ သိရပါတယ်။

ဘတ်ဒမ်းခရိုင်မှာ ရဲနဲ့ စစ်တပ် ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်သွေးကြွနှစ်ဦးကို သုတ်သင်နိုင်ပြီး တတိယမြောက် စစ်သွေးကြွကိုတော့ အနန်နက်ခရိုင်က အလားတူစစ်ဆင်ရေးအတွင်းမှာ သုတ်သင်လိုက်နိုင်တာဖြစ်တယ်လို့ အိန္ဒိယ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တွစ်တာကတစ်ဆင့် ထုတ်ပြန်ပါတယ်။

Read more

နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေးဆိုင်ရာစာချုပ် မြန်မာလက်မှတ်ထိုး

နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေးဆိုင်ရာ နိုင်ငံတကာစာချုပ်မှာ  မြန်မာနိုင်ငံက ပါဝင်လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က စက်တင်ဘာ ၂၆ ရက်နေ့မှာ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများ ချုပ်ဆိုပွဲ အခမ်းအနားမှာ တက်ရောက်ပြီး မြန်မာအစိုးရ ကိုယ်စား လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

Read more

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက် သုတဘဏ်စာကြည့်တိုက်ရှေ့တွင် အောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူပွဲပြုလုပ်

 

၂၇ – ၉ – ၂၀၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက် သုတဘဏ်စာကြည့်တိုက်ရှေ့တွင် အောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူပွဲပြုလုပ်ခဲ့ရာ တိုင်း /ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်ကြည်နှင့် မဲဆန္ဒရှင် ရှမ်းတိုင်းရင်းသားများ စုစုပေါင်းအင်အား ၇၀ ဦးတက်ရောက်ခဲ့ပါသည်။
မင်္ဂလာအချိန်တွင် ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းစိုက်ထူ
ခဲ့ပြီး သုတဘဏ်စာကြည့်တိုက်အတွင်း ကိုယ်စားလှယ်လောင်းမိတ်ဆက်ခြင်း ၊ ကိုယ်စားလှယ်လောင်း ကိုယ်ရေးအကျဉ်းဖြန်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ရှမ်းတိုင်းရင်းသားကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်ကြည်နှင့်အဖွဲ့ သည် ၁၀:၁၅ အချိန်တွင် ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်တောင်ရပ်ကွက် သဇင်အေးရပ် ရှမ်းတိုင်းရင်းသား ဦးစိုင်းစိုးမင်းနေအိမ်တွင် ရှမ်းတိုင်းရင်းသား မဲဆန္ဒရှင် ၅၀ ဦးနှင့် တွေ့ဆုံခဲ့ပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဒဂုံတောင် အမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြု၍ လှူဒါန်းမှုများ ပြုလုပ်

 

ပြည်ခိုင်ဖြိုးပါတီ ဒဂုံတောင် အမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒဂုံတောင်မြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါး ပညာသင်ကျောင်းသားကျောင်းသူများအား တဖက်တလမ်းမှ ကူညီဆောင်ရွက်ပေးနေသော လေးထောင့်ကန်ရပ်ကွက် ဇမ္မူအေးဘုန်းတော်ကြီးသင် ပညာသင်ကျောင်း(မူလွန်) ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသူကျောင်းသားများအား လိုအပ်နေသည့်စာရေးကိရိယာများ၊ ဆရာတော်များအား ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒန်းခြင်းကို ၂၇. ၉. ၂၀၁၈ ရက်နေ့နံနက် ၁၀ နာရီတွင် ကျင်းပရာ ဒဂုံတောင်မြို့နယ်ဥက္ကဌေ်ဒ်ါစမ်းစမ်းဌေးနှင့် မြို့နယ်ကော်မတီဝင်များ ၊ ရပ်ကွက်အသီးသီးမှ အမျိုးသမီးခေါင်းဆောင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်ဥက္ကဌနှင့်ကော်မတီဝင်များ၊ လူငယ်ရေးရာတာဝန်ခံ ဦးဇော်မင်းထွဏ်းနှင့် မြို့နယ်လူငယ်အဖွဲ့ဝင်များမှ လေးထောင့်ကန်ကျေးရွာမှ
တစ်နာရီလမ်းလျှောက်ရသော ဘုန်းကြီးကျောင်းသို့ခက်ခက်ခဲခဲ သွားရောက်၍ ကလေးများ၏ ပညာသင်ရေးအတွက် လိုအပ်သည်များ ကွင်းဆင်းထောက်ပံခဲ့ကြပါသည်။

Read more

မဘိမ်းမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးဖွံ့ဖြိုး​ရေးပါတီ၊ ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ ပေးအပ်​ပွဲကျင်းပ

 

မဘိမ်း ၂၇-၉-၂၀၁၈

ရှမ်းပြည်​နယ်​(​မြောက်​ပိုင်း)၊မဘိမ်းမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးဖွံ့ဖြိုး​ရေးပါတီ၊ ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ ပေးအပ်​ပွဲကိုယ​နေ့(၂၇.၉.၂၀၁၈) မဘိမ်းပြည်​ခိုင်​ဖြိုးပါတီရုံး၌ကျင်းပရာ အခမ်းအနားသို့ရှမ်းပြည်​နယ်​(​မြောက်​ပိုင်း)၊ပြည်​ခိုင်​ဖြိုးပါတီ ပြည်​နယ်​အတွင်း​ရေးမှူး​ဒေါက်​တာလဆိုင်း၊ပြည်​နယ်​ဘဏ္ဍာ​ရေးမှူးဦးစိုင်းခမ်း​ကော်​၊ပြည်​နယ်​​ကော်​မတီဝင်​​ဒေါက်​တာ​မောင်​သီ၊ ကျောက်​မဲခရိုင်​ဥက္ကဌဦးဝင်းမြင့်​၊မိုးမိတ်​ခရိုင်​ဥက္ကဌဦးစိုးမြင့်​၊ မိုးခရိုင်​​အတွင်း​ရေးမှူးဦးမြင့်​လှိုင်​၊မဘိမ်းပါတီဥက္ကဌဦး​ဇော်​လွင်​၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​များနှင့်​ပါတီဝင်​များစုစု​ပေါင်း(၃၅၀)တက်​​ရောက်​ခဲ့ကြပါသည်။

ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​သူစုစု​ပေါင်းမှာ
(၂၈၀)ဦးဖြစ်​​ပြီးမဘိမ်းပြည်​ခိုင်​ဖြိုးပါတီဥက္ကဌဦး​ဇော်​လွင်​မှ ပါတီဝင်​နှစ်​စဉ်​​ကြေး(၂၈၀၀၀၀)ကျပ်​ကို​ပေးအပ်​ရာ
ပြည်​နယ်ဘဏဏ္ဍာေ​ရးမှူးမှလက်​ခံရယူပါသည်​။

ဆက်​လက်​၍ပြည်​နယ်​အတွင်း​ရေးမှူး​ဒေါက်​တာလဆိုင်းနှင့်​ပြည်​နယ်​ဘဏ္ဍာ​ရေးမှူးတို့မှအလှူ​ငွေများပြန်​လည်​လှူဒါန်းခဲ့ကြပြီး ပါတီဝင်​အသစ်​များအားပါတီရင်​ထိုးတံဆိပ်​များတပ်​ဆင်​​ပေးကာ မဘိမ်းမြို့နယ်​ပါတီအဆိုပြုလွှာ​ပေးအပ်​ပွဲ​အောင်​မြင်​စွာပြီးဆုံးခဲ့ ​ကြောင်းသိရှိရပါသည်​။


Read more

ကြို့ပင်ကောက်မြို့နယ် usdp တွေ့ဆုံဆွေးနွေးပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးရေးရာတာဝန်ခံ တိုင်းပါတီကော်မတီဝင် ဒေါ်ထားထားနုနှင့် တိုင်းပါတီကော်မတီဝင် ဦးသန်းဇော်ထွန်း တိုင်းပါတီကော်မတီဝင်ဦးစိုးအောင် တိုင်းပါတီကော်မတီဝင် ဦးမျိုးအောင်တို့သည် ယနေ့နံနက် ၁၀ နာရီအချိန်တွင် သာယာဝတီခရိုင် ပါတီဥက္ကဌဦးသိန်းဇော် ခရိုင်အတွင်းရေးမှူး ဦးဇော်ဝေလင်း ခရိုင်ကော်မတီဝင် ဒေါ်အေးအေးခိုင် ခရိုင်ကော်မတီဝင် ဦးကျော်မင်းထွန်းတို့လိုက်ပါလျှက် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီ ဥက္ကဌ အတွင်းရေးမှူး ကော်မတီဝင်များနှင့်တွေ့ဆုံကာ အမျိုးသမီးရေးရာညီလာခံကိစ္စရပ်များ ပါတီစည်းရုံးရေးရာနှင့်မီဒီယာကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးလမ်းညွှန်မှုများဆောင်ရွက်ခဲ့ပါသည်။

Read more

ကွင်းဆင်းစည်းရုံးဆောင်ရွက်ခြင်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ်အတွင်းရေးမှူး ဦးစိုးသိန်းနှင့် ဦးဝင်းမောင်သိန်း ဗန်းမော်ခရိုင်ဥက္ကဌဦးသန်းဇော်လေး နှင့်ခရိုင်ကော်မတီဝင် ဦးကျော်စွာဝင်း ဗန်းမော်မြို့နယ် ဥက္ကဌဦးသက်ဝင်းနှင့် ကော်မတီဝင်များသည် ယနေ့နံနက် ၉နာရီအချိန်က ချောင်းဝကျေးရွာမှ ကျေးရွာသူ/သားများအား ကွင်းဆင်းတွေ့ဆုံခဲ့ကြောင်း သိရသည်။
#Amiko


Read more

မ​ကွေးတိုင်း​ဒေသကြီး ပါတီ​ကော်​မတီ ပခုက္ကူခရိုင် ​နှင့် ဂန့်​​ဂေါခရိုင်​တို့မှပါတီ​ကော်​မတီဝင်​များ ​တွေ့ဆုံပွဲပြုလုပ်

 

ပခုက္ကူ၊ ၊ စက်​တင်​ဘာ ၂၆

Read more

တာမွေကြီး(ခ)ရပ်ကွက်တွင် မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

 

တာမွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်သည် စက်တင် ဘာ ၂၆ ရက် နံနက်ပိုင်းက တာမွေကြီး(ခ)ရပ်ကွက် ပြည်သူများအား နွေးထွေးစွာ ဂါရဝပြုတွေ့ဆုံ ခဲ့ကြောင်း သိရသည်။


Read more