အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဒေါက်တာစိုးမင်းခေါင်းဆောင် သည့် ဖြိုးစေတနာအခမဲ့နယ်လှည့်ဆေးကုသရေး အဖွဲ့တို့ပူးပေါင်း၍ စက်တင်ဘာ ၂၇ ရက် နံနက် ၁ဝ နာရီမှ မွန်းလွဲ ၃ နာရီထိ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီကော်မတီရုံး၌ အခမဲ့ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)


Read more

ကမာရွတ်ပြည်ခိုင်ဖြိုး ဗဟိုအမျိုးသမီးညီလာခံကြိုဆိုစာရေးကိရိယာလှူဒါန်း

 

ရန်ကုန် စက်တင်ဘာ ၂၇

ဗဟိုအမျိုးသမီးညီလာခံအား ဂုဏ်ပြုကြိုဆို သောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့နံနက် ၉နာရီ က ကမာရွတ်မြို့နယ် (၄)ရပ်ကွက်ရှိ မြတ်လေးရုံ ဘုန်းတော်ကြီးကျောင်းဆရာတော်အား ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပြီး သာဓုအနုမောဒနာ တရား နာယူခဲ့သည်။

Read more

တပ်ကုန်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုကျင်းပနိုင်ရေးနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ တပ်ကုန်းမြို့နယ်ရုံး၌ ယမန်နေ့နံနက် ၁ဝနာရီက ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ မြို့နယ်အဆင့်အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေးနှင့်မြို့နယ်ကော်မတီ ဝင်များလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ခဲ့ကြောင်း သိရသည်။

Read more

ကော့ကရိတ်မြို့နယ် ကျုံဘိုင်းကျေးရွာတွင် ကရင်ပြည်နယ်တာဝန်ခံ ပါတီဝင်များနှင့်တွေ့ဆုံ

 

ကော့ကရိတ် စက်တင်ဘာ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် ကော့ကရိတ်မြို့နယ် ကျုံဘိုင်းကျေးရွာရှိ ကော့သာစူးနှင့် ကော့ဒေးဆိုင်ဆရာတော်အား ဖူးမြော်၍ သင်္ကန်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်ခဲ့သည်။ ထို့နောက် ယမန်နေ့နံနက် ၉ နာရီတွင် ကျေးရွာဓမ္မာရုံ၌ ကျေးရွာရှိပါတီဝင်အင်အား ၁၅ဝ တို့အား ယနေ့ဖြစ်ပျက်နေသော တိုင်းပြည်အခြေအနေ၊ စီးပွားရေးအခြေ အနေတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

Read more

အမျိုးသမီးရေးရာအဖွဲ့၏ ဆံပင်နှင့်မိတ်ကပ် အလှပြင်သင်တန်း အမှတ်စဉ်(၃)ဆင်းပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင် ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာအဖွဲ့၏ ဆံပင်နှင့် မိတ်ကပ်အလှပြင်သင်တန်းအမှတ် စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီတွင် တောင်ညွန့် မီးရထားရပ်ကွက်ရှိ ဓမ္မပါလဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

Read more

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့နှင့် ကရင်နီအမျိုးသမီးရေးရာအစည်းအရုံးအဖွဲ့တို့ တွေ့ဆုံ

 

လွိုင်ကော် စက်တင်ဘာ ၂၇

ကယားပြည်နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုး သမီးရေးရာတာဝန်ခံ ပြည်နယ် ကော်မတီဝင် ဒေါ်ဒေါရစ်လေး ဦးဆောင်သောအဖွဲ့နှင့်ကရင်နီအမျိုး သမီးရေးရာအစည်းအရုံး(KYWO) အဖွဲ့ ဒေါ်မူအန်းဂျေလာ(စီမံကိန်း ဒါရိုက်တာ) ဦးဆောင်သောအဖွဲ့ တို့သည် ကယားပြည်နယ် ပြည်ခိုင် ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီ တွေ့ဆုံကြ သည်။

Read more

ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အိမ်ရှင်အဖြစ် တူရကီကို ကျော်ပြီး ဂျာမနီနိုင်ငံ ရွေးချယ်ခံရ

ဥရောပဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်ကော်မတီက မဲခွဲဆုံးဖြတ်ပြီးနောက် ဂျာမနီနိုင်ငံသည် တူရကီကို ဖြတ်ကျော်၍ ယူရို ၂၀၂၄ ပြိုင်ပွဲကို ကျင်းပခွင့်ရရှိခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံ နိုင်ယွန်မြို့တွင် မဲခွဲမဆုံးဖြတ်မီ ဂျာမနီနှင့် တူရကီက ပြိုင်ပွဲကျင်းပမည့် အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ယူအီးအက်ဖ်အေ ဆုံးဖြတ်ချက်ကြောင့် ဂျာမနီသည် အရှေ့ နှင့်အနောက် ပြန်လည်ပေါင်းစည်းပြီးနောက် ပထမဆုံးအကြိမ် ယူရိုဘောလုံးပြိုင်ပွဲကျင်းပခွင့်ရမည်ဖြစ်သည်။ အနောက်ဂျာမနီ က  ယင်းပြိုင်ပွဲကို    ၁၉၈၈  တွင် နောက်ဆုံး လက်ခံကျင်းပခဲ့သည်။

Read more

ဝေဖန်မှုများ ကြုံတွေ့နေသော VAR စနစ်ကို လာမည့်ရာသီ ချန်ပီယံလိဂ်တွင် အသုံးပြုမည်ဟု ယူအီးအက်ဖ်အေ အတည်ပြု

နိုင်ငံ့လက်ရွေးစင်အသင်းနည်းပြအချို့၏ ဝေဖန်မှုများ၊ ကလပ်အသင်းနည်းပြများ၏ ဝေဖန်ထောက်ပြခြင်းများနှင့် ရင်ဆိုင်နေရသော ဗီဒီယိုအထောက်အကူပြု ဒိုင်စနစ် (VAR) ကို လာမည့် ၂၀၁၉-၂၀ ဘောလုံးရာသီတွင် ချန်ပီယံလိဂ်၌ အသုံးပြုမည်ဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က အတည်ပြု ကြေညာသည်။
VAR စနစ်ကို ၂၀၁၉ ယူ အီးအက်ဖ်အေစူပါဖလား၊ ယူရို ၂၀၂၀ နှင့် ၂၀၂၁ ယူအီးအက်ဖ် အေနိုင်ငံများဖလား ဗိုလ်လုပွဲတို့ တွင် အသုံးပြုမည့်အပြင် ယူရိုပါ လိဂ် ၂၀၂၀-၂၁ ရာသီတွင်လည်း အသုံးပြုရန်စီစဉ်ထားသည်။

Read more

ျန်ပီယံလိဂ် အနီကတ်ပြစ်ဒဏ်အတွက် စီရော်နယ်လ်ဒို (၁) ပွဲပယ်သာ ချမှတ်ခံရ၊ အသင်းဟောင်း မန်ယူနဲ့ပွဲမှာ ပါဝင်ကစားနိုင်မည်

ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံရတဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီစူပါစတား ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပွဲပယ်ပြစ်ဒဏ် ၁ ပွဲသာ ကျခံရမှာဖြစ်ကြောင်း UEFA ရဲ့ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့က ကြာသပတေးနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

Read more

ပဏာမမြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတွင် လူငယ်အများစုပါဝင်

အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲအကြိုနိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ရန် ရွေးချယ်သည့် ပဏာမမြန်မာ့ လက်ရွေးစင်ဘော လုံးအသင်းလူစာရင်းတွင် လူငယ် ကစားသမားအများစုပါဝင်သည်။ 

နည်းပြချုပ်အန်တွမ်နီဟေး ရွေးချယ်သည့် ပဏာမမြန်မာ့ လက်ရွေးစင်လူစာရင်းကို စက်တင်ဘာ ၂၇ ရက်က ထုတ်ပြန်ခဲ့ပြီး ကစားသမား ၂၇ ဦးပါဝင်သည်။ အာဆီယံဆူဇူကီးပြိုင်ပွဲအတွက် ရည်ရွယ်သည့် မြန်မာ့လက်ရွေး စင်အသင်းလူစာရင်းတွင် ပြီးခဲ့သည့် အာရှအားကစားပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်းမှ ကစားသမားအများစု ပြန်လည်ပါဝင်လာသည်။ ပဏာမမြန်မာ့လက်ရွေးစင် လူစာရင်းတွင် သန်းထက်အောင် နှင့် ပြည့်ဖြိုးဇော်တို့ ပထမဆုံး ပါဝင်လာပြီး လက်ရွေးစင်အသင်းနှင့် ကာလအတန်ကြာ ဝေးကွာနေသည့် သီဟထက်အောင်ကိုလည်း ပြန်လည် ရွေးချယ်ထားသည်။ 

Read more