ဗဟိုအမျိုးသမီးညီလာခံကိုဂုဏ်ပြုကြိုဆို သက်ကြီးရွယ်အိုများ ဓမ္မစကူးလ်ကျောင်းသားများအား အာဟာရဒါနပြုနှင့်ကိုယ်လက်သန့်စင်မှုများလုပ်ဆောင်ပေး
အောက်တိုဘာ ၁၁
ယခုနှစ်ဒီဇင်ဘာလအတွင်း၌ ကျင်းပမည့် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင် ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ မွန်းလွဲ ၁ နာရီက မော်လမြိုင်ကျွန်းမြို့ အမှတ်(၁)ရပ်ကွက်ရှိ တောရဘုန်းတော်ကြီး ကျောင်းတွင် ဖွင့်လှစ်ထားသော တောရဓမ္မစကူးလ်ကျောင်းသား ကျောင်းသူများ ၂၅ဝ ကို အာဟာရဒါနအဖြစ် အုန်းနို့သာဂူ တိုက် ကျွေးခဲ့သည်။











