ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

ဘုတလင် အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟို အမျိုးသမီးညီလာခံအကြို နှီးနှော ဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံး ၌ ကျင်းပခဲ့သည်။

Read more

မာန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

မာန်အောင် အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ် ကျောက်ဖြူ ခရိုင် မာန်အောင်မြို့နယ်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးအစည်းအဝေးခန်းမ၌ ယမန် နေ့ နံနက် ၉နာရီက ဗဟိုအမျိုး သမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ အခမ်းအနားကိုကျင်းပရာ ပြည် ခိုင်ဖြိုးပါတီနာယကများ၊ ခရိုင်/ ပြည်နယ်အရန်ကော်မတီ ဦးကျော် လှဦး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင် ကြည်နှင့် ကော်မတီဝင်များ၊ ရပ်/ ကျေးပါတီဥက္ကဋ္ဌများ၊မြို့နယ်အမျိုး သမီးရေးရာတာဝန်ခံဒေါ် ချိုချိုဝင်း နှင့်ကော်မတီဝင်များ၊ရပ်/ကျေးအမျိုး သမီးရေးရာအဖွဲ့ဝင်များ ၂၄ဝ ခန့် တက်ရောက်ခဲ့ကြသည်။

Read more

ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အလိုရှိသည်ဟု KNU ဥက္ကဌ ဆို

ရန်ကုန် ၊ အောက်တိုဘာ ၁၅ ။            ။ တိုင်းရင်းသားများတောင်းဆိုနေသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရန် ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကျင့်သုံး ရမည်ဟု ကရင်အမျိုးသား အစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောဆိုလိုက်သည်။ ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့တွင်ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၃) နှစ်ပြည့် အခမ်းအနားတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောဆိုသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ်သည်။

Read more

မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယအကြိမ် ရွေးကောက်ပွဲဥပဒေဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်

 

မိုးကုတ်မြို့နယ်ပြည်​ခိုင်​ဖြိုးပါတီရုံး၌ ဒုတိယအကြိမ် ရွေးကောက်ပွဲဥပဒေဆိုင်ရာအသိပညာပေးသင်​တန်းဖွင့်ပွဲအား (၁၅.၁၀.၂၀၁၈) ရက်​​နေ့ နံနက်​(၉) နာရီအချိန်​ကကျင်းပပြုလုပ်​ရာ တိုင်း​ဒေသကြီးပါတီ​ကောမတီဝင်​ ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်ကြည်၊ ပြင်​ဦးလွင်​ခရိုင်​ပါတီဥက္ကဋ္ဌ ဦးဝင်းကြည်​နှင့်​​ကော်​မတီဝင်​များ၊ မိုးကုတ်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဘ​ဌေးနှင့်​ကော်မတီဝင်များ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၁၆၀)ဦးတက်​ရောက်​ခဲ့ကြပါသည်​။

Crd;


Read more

ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန် လပတ်အစည်းအဝေး ပြုလုပ်

 

(15-10-2018) ရက်နေ့ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လစဉ်ပုံမှန် လပတ်အစည်းအဝေး ပြုလုပ်ခဲ့ပြီး မြို့နယ် ဥက္ကဋ္ဌ ဦးသိန်းမြင့်ထွန်းက ပါတီစည်းရုံးရေးကိစ္စရပ်များ ၊ ဗဟိုပါတီ၏ လမ်းညွှန်မှာကြားမှုများ နှင့် ကြားဖြတ်ရွေးကောက်ပွဲ ပါဝင်သည့် အုတ်တွင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့် ရွေးကောက်ပွဲအောင်နိုင်ရေး ကူညီဆောင်ရွက်ပေးရေးတို့အတွက် ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေး တက်ရောက်လာကြသော ရပ်ကျေးဥက္ကဋ္ဌများနှင့် ပါတီဝင်များကို ရွှေကသစ် ရေခဲမုန့် နှင့် နန်းစိန်ကိတ်တို့ဖြင့် ဧည့်ခံကျွေးမွေး ခဲ့ပါသည်။

Read more

ကယားပြည်နယ် ဘောလခဲခရိုင်နှင့် ဘောလခဲမြို့နယ်ပူးပေါင်း၍ ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာနှင် အမျိုးသမီးရေးရာတို့က အာဟာရလှူဒါန်းခြင်း

 

ဘောလခဲ – အောက်တိုဘာ ၁၄

Read more

မိုင်းပျဉ်းမြို့ ၊ အောက်ဈေးတန်းရပ်ကွက်တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းဟောပြောခြင်း နှင့် ရပ်ကွက်တွင်းနေပြည်သူများ၏ လိုအပ်ချက်များ ကောက်ယူခြင်း

 

Read more

တိုက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ (၁၁)ကြိမ်မြောက် ဆွမ်းလောင်းပွဲတော် မြို့နယ်တရားရုံးရှေ့တွင်ကျင်းပ

 

ရန်ကုန် အောက်တိုဘာ ၁၄

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ (၁၁)ကြိမ်မြောက်ဆွမ်းလောင်းပွဲတော်ကို ယမန်နေ့နံနက် ၄ နာရီမှစတင်ကာ မြို့နယ် တရားရုံးရှေ့တွင် ကျင်းပသည်။

အဆိုပါ ဆွမ်းလောင်းပွဲတော်သို့ တိုက်ကြီးမြို့ပေါ် ဘုန်းတော်ကြီးကျောင်း ၅၈ ကျောင်းတို့မှ သံဃာတော် ၇၃၄ ပါး ကြွရောက်တော်မူကာ သံဃာတော်များကို ဆွမ်းလောင်းလှူကြသည်။

Read more

ဒဂုံဆိပ်ကမ်းပြည်ခိုင်ဖြိုး ဗဟိုအမျိုးသမီးညီလာခံကြိုဆို ရွှေသံလွင်ဘိုးဘွားရိပ်သာတွင် သန့်ရှင်းရေးဆောင်ရွက်

 

ရန်ကုန် အောက်တိုဘာ ၁၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ပါတီ ကော်မတီမှ ဗဟိုအမျိုးသမီးညီလာခံအား ကြိုဆိုထောက်ခံသောအားဖြင့် ယမန်နေ့ နံနက် ၇ နာရီခွဲက စုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှုပွဲအား ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် အမှတ်(၈ဝ)ရပ်ကွက် ကွမ်အပ်သား မင်းသားလမ်းနှင့် ပုဏ္ဏမီလမ်းထောင့် ရွှေ သံလွင်ဘိုးဘွားရိပ်သာတွင် ကျင်းပခဲ့သည်။

Read more