ဥတ္တရသီရိမြို့နယ်ပါတီဝင်များက ပြည်သူများအတွက် အထူးလျှော့ဈေးဖြင့် ဆန်များရောင်းချ

 

နေပြည်တော် အောက်တိုဘာ ၃ဝ

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်တွင် ယမန်နေ့မှစ၍ ဥတ္တရသီရိ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် သီဟသွေး လူငယ်များက ပြည်သူအတွက် အထူး လျှော့ဈေးဖြင့် ကျေးရွာများအရောက် ဆန် ရောင်းချပေးလျက်ရှိသည်။

မင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ ဖောင်းလောင်ကျေးရွာ၊ သဲကျွန်းကျေးရွာ နှင့် မင်းကုန်းကျေးရွာများသို့ ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် သီဟသွေးလူငယ်များက စုပေါင်း၍ ဒေသပေါက်ဈေး ဆန်တစ်ပြည် ကျပ် ၁၃ဝဝ ရှိနေချိန်တွင် ဇေယျာသီရိ ပြည်ခိုင်ဖြိုးပါတီဝင်များက တစ်ပြည်ကို ကျပ် ၁ဝဝဝ ဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အုတ်တွင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့် မဲရုံကိုယ်စားလှယ်များနှင့်တွေ့ဆုံ

 

အုတ်တွင်း၊ အောက်တိုဘာ ၃ဝ

Read more

ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ရေနံချောင်း အောက်တိုဘာ ၃ဝ

မကွေးတိုင်းဒေသကြီး ရေနံ ချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီး နှောဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံး ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အစီအစဉ် သုံးခုခွဲ၍ကျင်းပရာတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဆန်းညွန့် အောင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းတို့က အဖွင့်အမှာ စကားပြောကြားသည်။

Read more

တောင်ကိုရီးယားစစ်တပ်အတွက် ဆွန်ဟောင်မင် လှူဒါန်းမှုပြုလုပ်ခဲ့

စပါးအသင်းတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ အာရှအားကစားပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်းနဲ့အတူ မပါဝင်ခင်က နိုင်ငံရဲ့စစ်တပ်အတွက် ပေါင် 70,000 လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အသက် 26 နှစ်အရွယ် ဆွန်ဟောင်မင်ဟာ အာရှအားကစားပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်း ချန်ပီယံဆု ရရှိဖို့အတွက် အဓိက ခြေစွမ်းပြခဲ့သူဖြစ်ပြီး ဗိုလ်လုပွဲမှာ ဂျပန်ကို 2-1 နဲ့အနိုင်ရကာ ချန်ပီယံဖြစ်သလို သူကိုယ်တိုင် ကလည်း စစ်မှုထမ်းခြင်းကနေ ကင်းလွတ်သွားခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ဥပဒေအရ အသက် 28 နှစ်အောက် အမျိုးသားတိုင်းဟာ 2 နှစ်ကြာစစ်မှုထမ်းဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

Read more

ကမ္ဘာ့အဆင့် ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ရွှေတံဆိပ်ဆွတ်ခူး

ရွှေတံဆိပ်နှင့်အတူ တွေ့ရသော ကြက်တောင်ကစားမယ် သက်ထားသူဇာ

အီဂျစ်နိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာ စီးရီးကြက်တောင်ပြိုင်ပွဲ Egypt Internatio-nal Sereies 2018  အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် သက်ထားသူဇာက ရွှေတံဆိပ်ဆု ရရှိခဲ့သည်။

Read more

ရန်ကုန်နဲ့မြစ်ကြီးနားမှာ Gym ဖွင့်မယ့်အောင်လအန်ဆန်

သူ့ရဲ့ အပြင်းအထန်လေ့ကျင့်မှုတွေက ပြိုင်ပွဲကြီးမှာ သက်သေပြခဲ့ပါပြီ။ MMA World Middle Weight Champion ခါးပတ်ကို စိန်ခေါ်လာသူ လက်ဘနွန်နိုင်ငံသား မိုဟာမက်ခရာကီကို ပထမအချီမှာတင် အလဲထိုးနိုင်ခဲ့တဲ့ မြန်မာ့စပါးအုံး အောင်လအန်ဆန်က ”ပရိသတ်ကို ကျွန်တော့်စိတ်ထဲကနေ အရမ်းချစ်တယ်။ အားလုံး အားပေးလို့လည်း ကျေးဇူးတင်တယ်။ ဆက်လည်း အားပေးပါ” လို့ ဆိုခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ မြန်မာနိုင်ငံမှာ ကစားတဲ့ One Championship ပွဲစဉ်တိုင်းကိုလည်း သူက အားရတယ်လို့ဆိုပါတယ်။

Read more

နိုင်ပွဲတွေရအောင် အာရုံစိုက်လုပ်ဆောင်သွားမယ်ဆိုတဲ့ ရီးယဲလ်အသင်း ယာယီနည်းပြ ဆိုလာရီ

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ယာယီနည်းပြသစ် စန်တီယာဂို ဆိုလာရီဟာ သူ့အနေဖြင့် အသင်းကို ဘယ်လောက် အချိန်ကြာကြာ ကိုင်တွယ်မယ်ဆိုတဲ့ အချက်ကိုတော့ ထုတ်ဖော်မပြောဆိုလိုပဲ လာမယ့် စပိန်ဘုရင့်ဖလား ရှုံးထွက် (၃၂)သင်းအဆင့်မှာ အဖွင့်ရလဒ်ကောင်းဖို့ အာရုံစိုက်သွားမှာဖြစ်တယ်လို့ အင်္ဂါနေ့က ပြောဆိုသွားခဲ့ပါတယ်။

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဖျာပုံမြို့ရှိ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

 

ဖျာပုံ၊ အောက်တိုဘာ ၃ဝ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့သို့ရောက်ရှိနေသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီဗဟိုအလုပ်မှုဆောင်များသည် ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ချိန်တွင် အောင်နိုင်သူ ဟိုတယ်ခန်းမ၌ ဖျာပုံမြို့မှ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ကြသည်။

Read more

ကမ္ဘာ့ ကလေးငယ် အားလုံး၏ ၉၀ ရာခိုင်နှုန်းမျှ အဆိပ်အတောက်ပါသော လေထုကို ရှူရှိုက်နေရ

ကမ္ဘာပေါ်ရှိ ကလေးအားလုံး၏ ၉၀ ရာခိုင်နှုန်းသည် အဆိပ်အတောက် ပါသော လေထုကို ရှူရှိုက်နေရကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေး ပြောကြားလိုက်သည်။ ဘီလီယံနှင့်ချီ များပြားသည့် ကလေးများသည် မသန့်စင်ဘဲ ဘေးဥပါဒ် ဖြစ်နိုင်သော လေကို အချိန်တိုင်း ရှူရှိုက် နေရကြောင်း ပညာရှင်များက ဆိုသည်။ ယင်းသည် ကလေးများ၏ ဉာဏ်ရည် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ကြောင်း သိရသည်။

Read more

လူနာ အယောက် ၁ဝဝ ကို သတ်ခဲ့ကြောင်း ဂျာမန်သူနာပြု ဝန်ခံ

ဂျာမနီ နိုင်ငံမှာ အမျိုးသား သူနာပြုဟောင်း တစ်ယောက်ကို လူသတ်မှုနဲ့ စွက်ချက်တင်ထားပြီး တရားရုံးမှာ စတင် ကြားနာ စစ်ဆေးနေပြီ ဖြစ်ပါတယ်။ နီးလ်စ် ဟိုဂယ်ဆိုသူဟာ တရားရုံး ကြားနာမှု အစမှာပဲ သူ သတ်ခဲ့တာ လူ အယောက် ၁ဝဝ ရှိတယ်လို့ ဝန်ခံ ခဲ့တဲ့အတွက် ကမ္ဘာပေါ် လူအများဆုံး သတ်ဖြတ်ခဲ့တဲ့ စိတ္တဇ လူသတ်သမား တွေထဲက တစ်ယောက်အဖြစ် စာရင်းဝင် သွားပါတယ်။

Read more