ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကစားသမားတစ်ချို့အတွက် ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နောက်ဆုံး အခွင့်အရေး ဟု မက်ဆီ ပြောကြား

ရုရှားမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ လက်ရှိလက်ရွေးစင်အသင်း ကစားသမားအစုအဖွဲ့အတွက် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ က ပြောကြားခဲ့ပါတယ်။
မက်ဆီနဲ့ အာဂျင်တီနားအသင်းတို့ဟာ ၂၀၁၄ကမ္ဘာ့ဖလား၊ ၂၀၁၅နဲ့ ၂၀၁၆ ကိုပါအမေရိကဖလား ပြိုင်ပွဲ(၃)ခုဆက် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပေမယ့် ဗိုလ်စွဲခဲ့ခြင်း မရှိပါဘူး။ Ballon d’Or ဆုကို (၅)ကြိမ် ရရှိခဲ့တဲ့ မက်ဆီဟာ ဇွန်လမှာ အသက်(၃၁)နှစ်ပြည့်မှာဖြစ်ပြီး အဂွဲရိုး၊ ဟီဂူအင်၊ ဒီမာရီယာ၊ အော်တာမန်ဒီနဲ့ မာရှေးယာနိုတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ချိန်မှာ အသက်(၃၀)နဲ့အထက် ရှိနေမှာပဲ ဖြစ်ပါတယ်။
Read more













