ကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်မှုကြောင့် ယူကရိန်းလွှတ်တော်အမတ်တစ်ဦး အဖမ်းခံရ

ယူကရိန်းနိုင်ငံမှလွှတ်တော်အမတ် နာဒီယာဆက်ဗ်ချန်ကိုသည် ကိယဗ်မြို့အတွင်း၌ အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်ရန်စီမံထားသည်ဆိုသော စွပ်စွဲချက်ဖြင့် ကြာသာပတေးနေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

“အစိုးရရှေ့နေချုပ်က သူမအပေါ်စွဲဆိုချက်ကိုဖတ်ကြားအပြီးမှာ သူမကိုဖမ်းဆီးထိန်းသိမ်းခဲ့တာပါ” ဟု အစိုးရ ရှေ့နေရုံးမှ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး အန်ဒရီလိုင်ဆန်ကိုက ပြောခဲ့သည်။ ဒါ့အပြင် လွှတ်တော်အမတ်များ သည် စွဲဆိုချက်မှကင်းလွတ်နိုင်ခွင့်ရှိသည့် ရှက်ဗ်ချန်ကို၏ အခွင့်အရေးအား ရုတ်သိမ်းရန်အတွက် မဲခွဲဆုံးဖြတ်ခဲ့ ကြကြောင်းလည်း သိရသည်။

Read more

ရုရှ၏ ကြားခံညှိနှိုင်းမှုဖြင့် ဆီးရီးယားသူပုန်များ ဂူတာအရပ်မှ ဆုတ်ခွာ

ဂူတာ၊ မတ် ၂၃

ရုရှ၏ ကြားခံဆောင်ရွက်ပေးသော ရွှေ့ပြောင်းရေးသဘောတူညီမှုအရ ဆီးရီးယားအရှေ့ပိုင်း ဂူတာအရပ်မှ သူပုန်များနှင့် မိသားစုများသည် မတ် ၂၂ ရက်တွင် စတင်ထွက်ခွာကြပြီဖြစ်သည်။

ဒမတ်စကပ်အပြင် အတိုက်အခံတို့၏ နယ်မြေလက်လျော့ရမှုတစ်ရပ်လည်း ဖြစ်သည်။ ၎င်းသူပုန်အုပ်စုနှင့် မိသားစုများအနေဖြင့် အနောက်မြောက်ပိုင်း အက်ဒ်လစ်ဘ်ပြည်နယ်သို့ ဘတ်စ်ကားများဖြင့် ထွက်ခွာကြခြင်း ဖြစ်သည်။

Read more

တောင်ကိုးရီးယား သမ္မတဟောင်း နောက်တစ်ဦး အဖမ်းခံရ

တောင်ကိုးရီးယားနိုင်ငံ သမ္မတဟောင်း လီမြွန်ဘတ်ကို အဂတိလိုက်စားမှုနဲ့ မနေ့က ဆိုးလ်မြို့မှာ ရဲက ဖမ်းဆီးလိုက်ပါတယ်။

သူဟာ ၂၀၀၈ ကနေ ၂၀၁၃ ခုနှစ်အထိ တောင်ကိုးရီးယား သမ္မတအဖြစ် တာဝန်ထမ်းခဲ့သူဖြစ်ပြီး အခုအခါ အဂတိလိုက်စားမှုနဲ့ စွပ်စွဲခံရ၊ အဖမ်းခံရ ဒါမှမဟုတ် အပြစ်ဒဏ်ပေးခံရသူ သက်ရှိထင်ရှားရှိနေတဲ့ သမ္မတဟောင်း တွေထဲက လေးဦးမြောက်ဖြစ်ပါတယ်။

Read more

တရုတ်တို့အပေါ် သွင်းကုန်အခွန် ဒေါ်လာဘီလျံ ၆၀အထိ ကောက်ခံမည့်မူကြမ်း၌ ထရမ့်လက်မှတ်ထိုး

ဝါရှင်တန်၊ အမေရိကန်၊ မတ် ၂၃

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် တရုတ်တို့၏သွင်းကုန်အပေါ် ဒေါ်လာ ၆၀ ဘီလျံအထိ ကောက်ခံနိုင်မည့် သွင်းကုန်အခွန်ဥပဒေ၌ ကြာသာပတေးနေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်တို့အပေါ် ကုန်သွယ်ရေး အရ ထိုးနှက်လိုက်သော်လည်း ၄င်းတို့နှစ်နိုင်ငံသည် မိတ်ဆွေများဖြစ်နေဆဲဟု အခိုင်အမာပြောဆိုခဲ့သည်။

Read more

နှစ် (၆၀) ပြည့် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်းကေ့ထျိုးဘိုးရိုးရာပွဲတော်သို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ တက်ရောက်အားပေးခြင်း

 

ဒီးမော့ဆိုမြို့ – မတ်လ ၂၁

မတ်လ (၂၁) ရက်နေ့ နံနက် (၇း၀၀) နာရီအချိန်တွင် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ဒေါကလော်ဒူကျေးရွာအုပ်စု၊ (ကန်ခုနှစ်ဆင့်) ဒေါတငူး(ရှေ့) ကျေးရွာတွင် နှစ် (၆၀) ပြည့် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်းကေ့ထျိုးဘိုးရိုးရာပွဲတော်သို့ ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့် ပြည်နယ်ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒီးမော့ဆိုမြို့နယ် ကော်မတီဝင်များ တက်ရောက်ကြပါသည်။
ယင်းပွဲတော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ၊ ကယားပြည်နယ်လုံးဆိုင်ရာကေ့ထျိုးဘိုးရိုးရာဂေါပကအဖွဲ့ချုပ် ဥက္ကဌ ဦးပိုးရယ်အောင်သိန်းသည် စုပေါင်းကေ့ထျိုးဘိုးတိုင်တော်စိုက်ထူခြင်း၊ ကဗ္မည်းကျောက်စာတိုင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ကဗ္မည်းကျောက်စာတိုင်အား အမွှေးနံ့သာပက်ဖြန်းခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ပွဲတော်ကျင်းပရေးအခမ်းအနားလူထုအစည်းအဝေးတွင် အမှာစကား ပြောကြားခဲ့ကြောင်းနှင့် တက်ရောက်လာသောဧည့်သည်တော်များအား နေ့လည်စာမိတ်ဆုံစားပွဲဖြင့် ဂုဏ်ပြုဧည့်ခံကြောင်း သိရှိရသည်။

Read more

ဝမ်းတွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု့(ဆင့်ပွား)သင်တန်းဖွင့်

 

ဝမ်းတွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ (၂၂.၃. ၂၀၁၈) နေ့ နံနက် (၀၉း၄၀) အချိန် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်သိန်းနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သင်တန်းနည်းပြများ၊ ရပ်ကွက်ကျေးရွာ (၇၅) အုပ်စုမှ သင်တန်းသားသင်တန်းသူအင်အား (၁၀၀) ဦး တက်ရောက်ကြပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအား နိုင်ငံတော်သီချင်းသီဆိ၍ ဖွင့်လစ်ခဲ့ပြီး တိင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ သင်တန်းဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်သိန်းမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများ ဖတ်ကြားရှင်းလင်းပြောကြားခဲ့ပါသည်။

Read more

ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နွေရာသီသင်တန်း တက်ရောက်နေသော ခလးသူငယ်များအား အချိုရည်များ သွားရောက်လှူဒါန်းခြင်း

 

ရှားတောမြို့ – မတ်လ ၂၁
၂၁.၃.၂၀၁၈ ရက်နေ့ နေ့လည် (၁း၀၀) နာရီအချိန်တွင် ကယားပြည်နယ် ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရှားတောမြို့ပေါ်ရှိ နှစ်ခြင်းခရစ်ယာန်အသင်းတော်ဘုရားကျောင်းတွင် ” ဘုရားဘုန်းတော် ထင်ရှားရာ နိုင်ငံသားကောင်းဖြစ်စေပါ” နွေရာသီသင်တန်း တက်ရောက်နေသော ခလးသူငယ်များအား အချိုရည် သွားရောက်လှူဒါန်းပါသည်။
၎င်းအချိုရည်များ သွားရောက်လှူဒါန်းရာတွင် ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပေါလ၊ူ အတွင်းရေးမှူး ဒေါ်အန်ဂျလေးနာမလေးနှင့် မြို့နယ်ကော်မတီဝင်များ၊ သင်တန်းသူ/သားများ ကလေးမိဘများ စုစုပေါင်း (၈၀) ဦးကျော် တက်ရောက်ကြောင်း သတင်းရရှိသည်။

Read more

မင်းဘူးခရိုင် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲနှင့်လေ့လာရေးခရီစဉ်

 

၂၀ – ၃ – ၂၀၁၈ ရက်နေ့ မင်းဘူးခရိုင် ပါတီဝင်လူငယ်ကေဒါများ တွေ့ဆုံပွဲကို မင်းဘူးခရိုင် ပြည်ခိုင်ဖြိုးရုံးတွင် ကျင်းပပြုလုပ်ပြီးနောက် ယမန်နေ့ ၂၁- ၃ – ၂၀၁၈ ရက်နေ့တွင် လေ့လာရေးခရီးစဉ်အဖြစ် ရွှေစက်တော်ဘုရားသို့ ၅ မြို့နယ် လူငယ်များ သွားရောက်ဖူးမျှော်ကြည်ညိုကန်တော့ခဲ့ကြပါသည်။
ထိုမှအပြန်လမ်းတွင် မင်းဘူး ( စကု) မြို့နယ် သံပုရာကိုင်းကျေးရွာမှ သက်ကြီးအဖိုးအဖွား (၁၀ ) ဦးနှင့် ဥယျာဉ်ကျေးရွာမှ သက်ကြီး အဖိုးအဖွား (၁၀ ) ဦးတို့အား ငဖဲမြို့နယ် လူငယ်ကေဒါများနှင့် စေတုတ္တရာ လူငယ်ကေဒါများ (၂) မြို့နယ်စုပေါင်း၍ သက်ကြီးပူဇော်ခြင်း ကုသိုလ်ကောင်းမှုကို ဆောင်ရွက်ခဲ့ကြပါသည်။

Read more

နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု (ဆင့်​ပွား) သင်​တန်းအမှတ်​စဉ် ​(၁) ဖွင့်​ပွဲအခမ်းအနား ကျင်းပပြုလုပ်

 

မ​ကွေး၊ မတ်​၊ ၂၂

Read more

မြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေးရာအလိုက် ပါတီတာဝန်များ ပေးအပ်ပွဲကျင်းပ

 

၂၁ မတ်၂၀၁၈

မြိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေးနယ်မြေ အမှတ် ၂ အတွင်းရှိ ကျေးရွာအုပ်စုအတွင်း ရေးရာအလိုက်ကော်မတီများအား တာဝန်ပေးအပ်ပွဲကို ၂၀၁၈ မတ်လ ၂၁ ရက်နေ့တွင် ရွာတန်းရှည်အုပ်စု ဇီးတောတိုက်ကျေးရွာ၌ ကျင်းပရာ မကွေးတိုင်းပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းပါတီကော်မတီဝင် ဦးစောဝင်းမောင်၊ ဦးသော်ဇင်ဦး၊ ခရိုင်ပါတီဥက္ကဌ ဦးသိန်းထွန်း၊ ခရိုင်ကော်မတီဝင် ဦးစိန်မြင့်၊ ဦးစောဝင်း၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်နိုင်နှင့် အတွင်းရေးမှူး ဦးထိန်လင်းနှင့် မြို့နယ်ကော်မတီဝင်များ စုစုပေါင်းအင်အား ၇၅၀ ဦးခန့် တက်ရောက်ကြပြီး အစည်းအဝေးကို ၂ နာရီမှစတင်ပြီး ၄ နာရီတွင် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည် ။

Read more