မဟာအောင်မြေပြည်ခိုင်ဖြိုးပါတီမှ အာဟာရဒါနတိုက်ကျွေး
မန္တလေး မတ် ၂၇
မန္တလေးမြို့ မဟာအောင်မြေ မြို့နယ် စိန်ပန်းရပ်ကွက်ရှိ ဝါဆို ကျောင်းတိုက်တွင် ဖွင့်လှစ်ထား သော ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းနှင့် အခြေခံကွန်ပျူတာ သင်တန်းများမှ ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မဟာအောင်မြေမြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ အာဟာရ ဒါန တိုက်ကျွေးမှုအဖြစ် ရေခဲမုန့် နှင့် ကိတ်မုန့်များ ကျွေးမွေးလှူ ဒါန်းခဲ့သည်။















