ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့် ဦးခင်မောင်စိုး ဆိပ်ကြီးခနောင်တို ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ


ရန်ကုန် ဧပြီ ၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီနှင့် ဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တို မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ဆိပ်ကြီးခနောင်တိုမြို့နယ် ပါတီကော်မတီရုံးတွင် ပြုလုပ်ကြောင်း သိရသည်။

Read more

တိုက်ပွဲတွင်း ခြေထောက်ပြတ်ခဲ့သော်လည်း ကားမောင်းပြိုင်ပွဲဝင်မည့် စစ်သားဟောင်းများ

တိုက်ပွဲတခုမှာ ခြေထောက်တွေ ဆုံးရှုံးခဲ့ကြရပေမယ့် ဘဝကို အရှုံးမပေးဘဲ ရင်ဆိုင်နေကြတာဟာ တကယ့်ကို အံ့သြအတုယူဖွယ်ပါပဲ။

အဲဒီစစ်သားလေးဦးဟာ အာဖဂန်နစ္စတန်စစ်ပွဲကနေ ပြန်လာခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ သူတို့ဟာ စစ်မြေပြင်ကနေ အနားယူပြီးတဲ့နောက် အသင်းတသင်းဖွဲ့ပြီး ကားမောင်းပြိုင်ပွဲဝင်တော့ မယ်လို့ သိရပါတယ်။

သူတို့ဟာ ဂျာဂွာ F-Type SVR GT4s ကားနဲ့ ဗြိတိန်ဂျီတီချန်ပီယံရှစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာပဲ ဖြစ်ပါတယ်။

Read more

စပိန်တင်းနစ်ကစားသမား ရာဖေးလ်နာဒယ် ကမ္ဘာ့အဆင့် (၁) နေရာ ပြန်လည်သိမ်းပိုက်

ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာဖက်ဒဲရာအနေဖြင့် မီယာမီ၌ အမေရိကန်နိုင်ငံသား ဂျွန်အစ္စနာကို ရှုံးနိမ့်ပြီး တစ်ရက်အကြာ စပိန်တင်းနစ် အကျော်အမော် ရာဖေးလ်နာဒယ်သည် ဧပြီ ၂ ရက်က ထုတ်ပြန်သော အမျိုးသား ပရော်ဖက်ရှင်နယ် တင်းနစ်အဖွဲ့အစည်း (ATP) ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ထိပ်ဆုံးနေရာ ပြန်လည် သိမ်းပိုက်ခဲ့သည်။
ဇန်နဝါရီက သြစတြေးလျအိုးပင်း ကွာတားဖိုင်နယ်ပွဲစဉ်မှ ဒဏ်ရာကြောင့် ထွက်ခွာခဲ့ရပြီး နောက်ပိုင်း တင်းနစ် မကစားခဲ့သူနာဒယ်သည် ဖေဖော်ဝါရီ ၁၈ ရက်က ရော်ဂျာဖက်ဒဲရာအား ကမ္ဘာ့အဆင့်(၁)နေရာ လွှဲပြောင်းခဲ့ရသည်။

Read more

အမေရိကန်တွင် ကျင်းပသည့် လူငယ်အမျိုးသမီး ဂေါက်သီးရိုက်ပြိုင်ပွဲ မြန်မာအမျိုးသမီး သင်းဝေခိုင် ချန်ပီယံ ပထမဆုဖလား ရရှိ

အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ PGA National Resort & Spa- Fazio Course Palm Beach Gardens ဂေါက်ကွင်းတွင် ၂ဝ၁၈ ခုနှစ် မတ် ၂၉ ရက်မှ ဧပြီ ၁ ရက်အထိ ကျင်းပခဲ့သောTeens Giv.org Girls Junior Championship ပြိုင်ပွဲသို့ မြန်မာလူငယ် အမျိုးသမီး ဂေါက်သီး အားကစား သမား သင်းဝေခိုင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

Read more

ဖိလစ်ပိုင်မှာ ၂၀၁၆ ဒုတိယသမ္မတ ရွေးကောက်ပွဲက မဲတွေ ပြန်လည် ရေတွက်

ဖိလစ်ပိုင်နိုင်ငံမှာ လွှတ်တော်အမတ် ဖာဒီနန်ဘွန်ဘွန်းမားကို့စ်က လက်ရှိ ဒုတိယသမ္မတ မာရီယာဘရီဒိုဟာ မဲ လိမ်ခဲ့တယ်လို့ စွပ်စွဲခဲ့လို့ ၂၀၁၆ ဒုတိယသမ္မတ ရွေးကောက်ပွဲက မဲတွေ မနေ့က ပြန်လည် စတင် ရေတွက်ခဲ့ပါတယ်။

အီလက်ထရောနစ် မဲပေးစနစ်က အချက်အလက်တွေကို ဆာဗာထဲ ဝင်ရောက်ပြီး ခြယ်လှယ်ခဲ့တယ်လို့ မားကို့စ်က စွပ်စွဲခဲ့တာပါ။

Read more

အီဂျစ်သမ္မတ စီစီ မဲ ၉၇ ရာခိုင်နှုန်းဖြင့် ပြန်လည်ရွေးကောက်ခံရ

ကိုင်ရို၊ ဧပြီ ၃

အီဂျစ်နိုင်ငံ၏ လက်ရှိသမ္မတသည် ရွေးကောက်ပွဲတွင်  သောင်ပြိုကမ်းပြိုအနိုင်ရကာ  မဲရလဒ် ၉၇ ဒဿမ ၀၈ ရာခိုင်နှုန်းဖြင့် ပြန်လည်အရွေးခံရကြောင်း ဧပြီ ၂ ရက်က အမျိုးသားေ ရွးကောက်ပွဲအာဏာပိုင်အဖွဲ့ NEZ က ကြေညာသည်။

Read more

ထရမ့်ကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန် သွင်းကုန်များအပေါ် တရုတ် အခွန်စည်းကြပ်မှု မြှင့်တင်

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန် သွင်းကုန် အချို့အပေါ် တရုတ်က အခွန်စည်းကြပ်မှုများ မြှင့်တင် သတ်မှတ်ခဲ့ကြောင်း သိရသည်။ 

အမေရိကန် စားသောက်ကုန် အများစု ပါဝင်သည့် ကုန်ပစ္စည်း ၁၂၈ မျိုးအတွက် အခွန်စည်းကြပ်မှုကို ၂၅ ရာခိုင်နှုန်း မြှင့်တင်သွားမည်ဟု တရုတ် အကောက်ခွန် အာဏာပိုင်များက အတည်ပြုခဲ့သည်။ အမေရိကန် သမ္မတ ထရမ့်က မတ်လအတွင်းတွင် သံမဏိနှင့် အလျူမီနီယမ် တင်သွင်းမှုများအတွက် အခွန်စည်းကြပ်မှုကို မြှင့်တင် သတမှတ်လိုက်သည့်နောက် တရုတ်က ယခုလို လက်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

Read more

ကင်ဆာပျောက်ဆေး လူ ၃ သောင်းခန့် လာရောက်တောင်းဆို၍ လမ်းပိတ်ဆို့

ထိုင်းနိုင်ငံအလယ်ပိုင်း ပရကျင်းပူရီခရိုင် ဘန်တေချမြို့နယ်ထဲမှာ မော်ဆိုင်လို့ခေါ်တဲ့ ဆေးဆရာတဦးဆီက ကင်ဆာပျောက်ဆေး အလကား ပေးနေတာ နာမည်ကြီးနေပြီး ဧပြီ ၁ ရက်နေ့က ကင်ဆာရောဂါရှင် ၃ သောင်း လောက် လာရောက်တောင်းဆိုခဲ့ကြတာကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပါတယ်။

ဆေးမြစ်တွေကနေ ကင်ဆာပျောက်ဆေးဖော်စပ်တဲ့ ဆေးဆရာ မော်ဆိုင်ရဲ့ အိမ်အပြင်ဘက်မှာ လူတန်းကြီးက သန်းခေါင်ကျော် ၅ မိနစ်ကျော်ပြီးကတည်းက စတန်းစီခဲ့တာတာကြောင့် ၂ ကီလိုမီတာအရှည် လမ်းပိတ်ဆို့မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Read more

Milkshake တစ်ခွက်သောက်လျှင်ပင် နှလုံးကျန်းမာရေးထိခိုက်နိုင်

Milkshake များသည် ကလေးများရော လူကြီးများပါ လူကြိုက်များသော ဖျော်ရည်ဖြစ်သည်။ သို့သော် အရသာ ရှိသော်လည်း ယင်း Milkshake များသည် နှလုံးကျန်းမာရေးအပေါ် အန္တရာယ်ရှိသော သက်ရောက်မှု ရှိသည်ဟု သုတေသနအသစ်တစ်ရပ်က ဖော်ပြ သည်။

ဂျော်ဂျီယာဆေးတက္ကသိုလ်မှ သုတေသီများက ယင်း Milkshake ဖျော်ရည်များသည် ခန္ဓာကိုယ်ကို နှလုံးရောဂါ လမ်းကြောင်း ပေါ်သို့ ရောက်စေနိုင်သည်ဟု Laboratory Investigation ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။

Read more

သိရှိထားရမည့် အာရုံကြောထိခိုက်မှုဆိုင်ရာ လက္ခဏာများ

လူတစ်ဦး၏ ခန္ဓာကိုယ်တွင် အာရုံကြောများ ဘီလီယံနှင့်ချီရှိပြီးသစ်ပင်တစ်ပင်၏ အကိုင်းအခက်များကဲ့သို့ ဖြန့်ကြက်ကာ ဦးနှောက်နှင့် ကျောရိုးမသို့ သတင်းပေးပို့သည်။ အာရုံကြော လုပ်ဆောင်ချက်အားလုံး အဆင်ပြေ ချောမွေ့နေပါက ဦးနှောက်သည် ကြွက်သားများလှုပ်ရှားနိုင်ရန်၊ နာကျင်မှုကိုသိရှိရန်နှင့် ကိုယ်တွင်းအင်္ဂါများ ကောင်းစွာ အလုပ်လုပ်ရန် လိုအပ်သော အချက်အလက် များကိုရရှိသည်။ သို့သော် အာရုံကြောဆိုင်ရာ ထိခိုက်ပျက်စီးမှုဖြစ်ပါက လမ်းလျှောက်ခြင်းကစ၍ ပြဿနာများစွာ ကြုံလာနိုင်သည်။

Read more