ဒဂုံ​မြောက်​ ပြည်​ခိုင်​ဖြိုးပါတီ ကဆုန်​လပြည့်​ ဗုဒ္ဓနေ့၌ ကဆုန်​​ညောင်​​ရေသွန်း​လောင်းလှူ

 

ဒဂုံမြို့သစ်​ ​မြောက်​ပိုင်း မြို့နယ်​ ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီမှ ကဆုန်​လပြည့်​ ဗုဒ္ဓ​နေ့တွင်​ ဒဂုံမြို့ဦး​ရှိ ပြည်​လုံးချမ်းသာ မဟာ​စေတီ​တော်​မြတ်​ကြီး၌ ကဆုန်​​ညောင်​​ရေသွန်း​လောင်းခဲ့ကြပြီး ​ညောင်​​ရေသွန်း​လောင်း လာ​ရောက်​​သော ဧည့်​ပရိတ်​သတ်​များအား အ​အေးများဖြင့်​ ဒါနပြုခဲ့ကြပါသည်​။ ထို့ပြင်​ ဘုရားကြီး ဘက်​စုံမွမ်းမံပြုပြင်​ရန်​အတွက်​ အလှူ​ငွေများလည်းလှူဒါန်းခဲ့ကြပါသည်​။
အဆိုပါ ​ညောင်​​ရေသွန်းပွဲ​တော်​ ကို ဒဂုံ​မြောက်​ ပြည်​ခိုင်​ဖြိုး ပါတီ မှ နှစ်​စဉ်​ပါဝင်​ဆင်​နွှဲလှူဒါန်းခဲ့သည်​မှာ ယခုနှစ်​ဆိုလျှင်​ ငါးနှစ်​ဆက်​တိုက်​ရှိပြီဖြစ်​ပါသည်​။ မြို့နယ်​ ပါတီ ဥက္ကဋ္ဌ ဦးခင်​​မောင်​​ဇော်​၊ အတွင်း​ရေးမှူး ဦးသန်းစိုး တို့မှ ဦး​ဆောင်​ပြီး မြို့နယ်​ ​ကော်​မတီဝင်​များ ရပ်​ကွက်​ ဥက္ကဋ္ဌ နှင့်​အဖွဲ့ဝင်​များ ပါတီဝင်​လူငယ်​များစုံညီစွာတက်​​ရောက်​ကုသိုလ်​ပြုခဲ့သည်။

Read more

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲ ကျင်းပ

 

ယနေ့ နံနက် ၀၉း၀၀ နာရီအချိန်တွင် အင်းတော်မြို့နယ် ပါတီရုံး၌ အင်းတော်မြိုနယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲကို အပိုင်း(၄)ပိုင်းဖြင့်ကျင်းပခဲ့ပါသည်။

ပထမပိုင်းတွင် နိုင်ငံတော်အလံအလေးပြုခြင်း နိုင်ငံတော်သီချင်းသီဆိုခြင်း စစ်ကိုင်းတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးအောင်ကိုစံနှင့် မြို့နယ်ပါတီဥက္ကဌ ဒေါ်သူသူဇင်တို့က အဖွင့်အမှာစကားပြောကြားကြပါသည်။

ဒုတိယပိုင်းတွင် နိုင်ငံရေးကဏ္ဍနှင့် စည်းရုံးရေးကဏ္ဍ ခေါင်းစဉ်တို့ကို အစုအဖွဲ့အလိုက် ဆွေးနွေးခြင်း မှတ်တမ်းတင်ခြင်း ဖတ်ကြားတင်သွင်းခြင်းများ ဆောင်ရွက်ကြပါသည်။

Read more

ဇွန်လမှာ ပြုလုပ်မယ့် ချန်ပီယံကာကွယ်ပွဲမှာ ပြိုင်ဘက်ကို သုံးချီအတွင်း ပွဲသိမ်းမည်ဟု အောင်လ ပြော

လာမယ့် ဇွန်လ ၂၉ ရက်နေ့ မှာ ရန်ကုန်မြို့  သုဝဏ္ဏမိုးလုံလေလုံအားကစားရုံမှာ ပြုလုပ်သွားမယ့် “Spirit of a Warrior” အမည်ရ One Championship ရဲ့  MMA ပွဲစဉ်မှာ မြန်မာစပါးအုံး အောင်လအန်ဆန်ရဲ့  မစ်ဒယ်ဝိတ်တန်း ချန်ပီယံသရဖူကာကွယ်ပွဲလည်း ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

Read more

စံချိန်တင်နိုင်ပွဲနဲ့ ပြန်လာနိုင်ခဲ့တဲ့ နာဒယ်

ဂျာမနီအသင်းနဲ့ ကစားခဲ့တဲ့ Davis Cup ဖလားပွဲစဉ်မှာ ဒဏ်ရကနေ ပြန်လည်သက်သာပြီး ၀င်ရောက်ကစားခဲ့တဲ့ နာဒယ်ဟာ စံချိန်သစ်တစ်ခုကို ရယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလတုံးကစားခဲ့တဲ့ သြစတြေးလျ အိုးပင်း ပြိုင်ပွဲပြီးဆုံးချိန်တည်းက ဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ နာဒယ်ဟာ Davis Cup ပထမဆုံး ပြန်လည်ကစားခဲ့တဲ့ ပွဲစဉ်မှာပဲ ကိုရှာရီဘာကို ၆-၂ ၊ ၆-၂ ၊ ၆-၃ နဲ့အနိုင်ရရှိခဲ့ပါတယ်။

Read more

လိဒ်စ်ယူနိုက်တက်နှင့် မြန်မာအသင်း ခြေစမ်းပွဲ လက်မှတ်များ ကြိုတင်ရောင်းချမည်

ဓာတ်ပုံ-MFF

ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် ကျင်းပမည့် အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်နှင့် မြန်မာအသင်းများ ခြေစမ်းပွဲအတွက် လက်မှတ်များ ကြိုတင်ရောင်းချမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြော သည်။ 

Read more

Pllicer Tero အသင်းမှာ သွင်းဂိုး(၇)ဂိုးနဲ့ အကောင်းဆုံးကစား သမားဆု၎ကြိမ်အထိ ရရှိထားခဲ့ပြီ ဖြစ်တဲ့ အောင်သူ

တိုယိုတာထိုင်းလိဂ်ပွဲစဉ် တွေကို ယမန်နေ့က ဆက်လက် ကစားသွားခဲ့ရာမှာ အောင်သူ ပါဝင်နေတဲ့ Police Tero က ပတ္တယား ယူနိုက်တက်အသင်းကို ၃-၁ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

ဒီပွဲမှာ အိမ်ရှင် Police Tero အသင်းက ဦးဆောင်ဂိုးသွင်းယူ နိင်ခဲ့ပေမယ့် ပတ္တယား အသင်း က ၂ဂိုးသွင်းယူခဲ့လို့ နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။

Read more

ဒေါ်လာ ဘီလီယံပေါင်းများစွာတန် အပန်းဖြေစခန်းကို ဆော်ဒီအာရေဗီးယားမှာ ဖွင့်လှစ်

ဆော်ဒီအာရေဗီယားဘုရင်ဆယ်လ်မန် နဲ့ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် တို့ဟာ ကြီးမားကျယ်ပြန့်တဲ့ အပန်းဖြေစခန်း Qiddiya ဖွင့်ပွဲကို ဧပြီ ၂၈ ရက်နေ့က တက်ရောက်ခဲ့ကြပါတယ်။

ထိုပန်းဖြေစခန်းကို စီးပွားရေးအခွင့်အလမ်းတွေ တိုးမြှင့်ဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ဖွင့်လှစ်တာဖြစ်ပါတယ်။
မြို့တော် Riyadh ကနေတစ်နာရီခန့်သွားရင် ရောက်ပြီဖြစ်တဲ့ Qiddiya ကို ၃၃၄ စတုရန်းကီလိုမီတာ (ဧက-၈၄၀၀) ရှိတဲ့ မြေနေရာမှာ ဆောက်လုပ်ထားတာဖြစ်ပြီး Disney world အရွယ်အစားထက် နှစ်ဆကျော်ခန့် ကျယ်တယ်လို့သိရပါတယ်။

Read more

နျူကလီးယားစမ်းသပ်စခန်းများ ပိတ်သိမ်းမှုကို အမေရိကန်ပညာရှင်များအား ဖိတ်ခေါ်ပြသရန် ပြုံယမ်းစီစဉ်

ဆိုးလ်၊ တောင်ကိုရီးယား၊ ဧပြီ ၃၀

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်းသည် လာမည့်လတွင် ၄င်းတို့၏ နျူကလီးယားစမ်းသပ်သည့် စခန်းများ ပိတ်သိမ်းမှုကို လေ့လာကြည့်ရှုရန်အတွက် အမေရိကန်ကျွမ်းကျင် ပညာရှင်များနှင့် သတင်းထောက် များကို ဖိတ်ခေါ်သွားမည်ဟု ကတိပေးခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက တနင်္ဂနွေနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

Read more

ကူဝိတ်သို့ ဖိလစ်ပိုင်အလုပ်သမားစေလွှတ်မှုအား အပြီးတိုင်ပိတ်ပင်လိုက်ပြီဟု ဒူတာတေးကြေညာ

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ကူဝိတ်နိုင်ငံသို့ ဖိလစ်ပိုင်အလုပ်သမားများစေလွှတ်မှုအား အပြီးတိုင် ပိတ်ပင်လိုက်ပြီဟု ကြေညာခဲ့ပြီး ယင်းနိုင်ငံအတွင်း၌ အလုပ်လုပ်နေကြသူများကို မိခင်နိုင်ငံသို့ပြန်လာဖို့ တိုက်တွန်းခဲ့ကြောင်း နိုင်ငံတော်သတင်းမီဒီယာက တနင်္ဂနွေနေ့တွင် တင်ပြခဲ့သည်။

ဒူတာတေးသည် ယင်းကြေညာချက်ကို ၃၂ကြိမ်မြောက် အာဆီယံထိပ်သီးစည်းဝေးပွဲကို တက်ရောက်ရန်အတွက် စင်္ကာပူသို့ရောက်ရှိနေချိန် စင်္ကာပူနိုင်ငံ၌နေထိုင်ကြသော ဖိလစ်ပိုင်လူမျိုးများနှင့် တွေ့ဆုံခဲ့ပြီး မိန့်ခွန်းပြောကြား စဉ်တွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

Read more

ဗြိတိန် ပြည်ထဲရေးဝန်ကြီး ရာထူးကနေ နှုတ်ထွက်

ဧပြီ ၃၀

တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများအရေး အရှုပ်တော်ပုံကိစ္စတစ်ခုနှင့်ပတ်သက်၍ ဝေဖန်ပြစ်တင်ခံခဲ့ရပြီးနောက် ယခုအခါ ဗြိတိန် ပြည်ထဲရေးဝန်ကြီး အမ်ဘာ ရုဒ် ဧပြီ ၂၉ ရက်က ရာထူးကနေ နှုတ်ထွက်သွားပြီ ဖြစ်သည်။

ဗြိတိန်နိုင်ငံတွင်းကနေ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများကို နေရပ်ပြန်ပို့ရေး ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်ပတ်သက်၍ လွှတ်တော်တွင် လွဲမှားစွာ ထွက်ဆိုခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ အမ်ဘာ ရုဒ် ၀န်ကြီးအဖြစ်မှ နှုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။

Read more