မက်ဒရစ်အိုးပင်းပြိုင်ပွဲက နေနုတ်ထွက်ခဲ့တဲ့ ဆရီနာဝီလျံ

ကမ္ဘာ့နံပါတ်(၁)တင်းနစ်ချန်ပီယံဟောင်း ဆရီနာဝီလျံဟာ ကြံ့ခိုင်မှု ပြဿနာတွေကြောင့် လာမယ့်တစ်ပတ်အတွင်း ယှဉ်ပြိုင်ကစားမယ့် မက်ဒရစ်အိုးပင်းပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ပါတယ်။

ဂရန်းစလန်းချန်ပီယံဆု (၂၃)ကြိမ်ရယူထားနိုင်တဲ့ ဆရီနာဝီလျံဟာ မတ်လတွင်းက မီယာမီအိုးပင်း ပြိုင်ပွဲမှာ နာအိုမီအော်စကာကို ပထမအဆင့်မှာရှုံးနိမ့်ခဲ့ပြီး ပွဲစဉ် (၄)ပွဲ ပါဝင် ကစားခဲ့ပါသေးတယ်။

Read more

မန်ယူနည်းပြဟောင်းဖာဂူဆန် ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ်ခွဲစိတ်မှုခံယူ

မန်ယူသမိုင်း၌ အအောင်မြင်ဆုံးနည်းပြအဖြစ် ရပ်တည်နေသော နည်းပြဟောင်း ဖာဂူဆန်သည် ဦးနှောက်သွေး ယိုစိမ့်မှု ကြောင့် မေလ ၅ ရက်က အရေးပေါ်ခွဲစိတ်မှု ခံယူခဲ့ရကြောင်း မန် ယူအသင်းကပြောသည်။

‘‘ခွဲစိတ်တာက တော်တော် လေး အဆင်ပြေချောမွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ပြန်ပြီးသက်သာလာစေဖို့ အတွင်းလူနာ အဖြစ် အနီးကပ်စောင့်ကြပ် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အများကိုမပြောဖို့ သူ့ရဲ့မိသားစုက မေတ္တာရပ်ခံထားပါတယ်’’ ဟု မန်ယူအသင်းက ပြောသည်။

Read more

အာရှရိုးရာ နဂါးလှေ ချန်ပီယံရှစ် ပြိုင်ပွဲ မီတာ ၂ဝဝ ပွဲစဉ် တွင် မြန်မာ လှေလှော် အသင်း ဗိုလ်စွဲ

တရုတ် (တိုင်ပေ) ၌ ကျင်းပလျက်ရှိသော၂ဝ၁၈ အာရှရိုးရာ နဂါးလှေ ချန်ပီယံရှစ် ပြိုင်ပွဲ၏ အိုးပင်းပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီး အရော မီတာ ၂ဝဝ ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင် ရိုးရာလှေလှော်အသင်းသည် ပထမ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

Read more

ဗင်နီဇွဲလားအစိုးရက ထိပ်တန်းဘဏ်တခုကို ထိန်းချုပ်၊ ငွေစုထားသူများ စိုးရိမ်

ဗင်နီဇွဲလားအစိုးရက နိုင်ငံရဲ့ ထိပ်တန်းဘဏ်တခုကို ဝင်ရောက်ထိန်းချုပ်ခဲ့လို့ ဘဏ်မှာငွေစုထားတဲ့ နိုင်ငံသားတွေ အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။

နိုင်ငံရဲ့ ထိပ်တန်းဘဏ်ကြီးတခုဖြစ်တဲ့ ဘင်နက်စကို (Banesco) ကို အစိုးရက ဝင်ရောက်ထိန်းချုပ်ခဲ့ပြီးနောက် မေလ ၄ ရက်နေ့က ဘဏ်ရှေ့မှာ စုငွေပြန်ထုတ်ချင်တဲ့သူတွေ တန်းစီစောင့်ဆိုင်းနေခဲ့ကြပါတယ်။

Read more

နျူကလီးယားသဘောတူညီချက်မှ နှုတ်ထွက်ပါက နောင်တရလိမ့်မည်ဟု အမေရိကန်ကို အီရန်သတိပေး

တဟီရန်၊ အီရန်၊ မေ ၇

အီရန်သမ္မတ ဟတ်ဆန်ရော်ဟာနီက အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်အစိုးရနှင့်အတူထားရှိထား သော နျူကလီးယားသဘောတူညီချက်မှ   နှုတ်ထွက်ခဲ့ပါက နောင်တအကြီးကြီး ရလိမ့်မည်ဟု တနင်္ဂနွေနေ့က သတိပေးခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် လာမည့်မေလ ၁၂ ရက်နေ့တွင် သဘောတူညီမှုကို သက်တမ်းတိုး သည့်အချိန်တွင် နှုတ်ထွက်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုထားခဲ့ပြီး သူ၏ ဥရောပမဟာမိတ်များအနေဖြင့် ဆိုးရွားသော အမှားကြီးကို ပြင်ဆင်ပေးရန်နှင့် ထိုသို့မဟုတ်ပါက သူ့အနေဖြင့် အရေးယူပိတ်ဆို့မှုများ ချမှတ် သွားရလိမ့်မည်ဟု ပြောဆိုထားခဲ့သည်။

Read more

လုပ်ကြံခံရတဲ့ ပါကစ္စတန် ဝန်ကြီး မစိုးရိမ်ရ

လာဟိုး က ဆေးရုံဆီ လေယာဉ်နဲ့ ပို့ဆောင်ခဲ့ရတဲ့ ပြည်ထဲရေး ဝန်ကြီး Ahsan Iqbal

ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီး Ahsan Iqbal ဟာ လုပ်ကြံသတ်ဖြတ်မှုကနေ လွတ်မြောက် သွားခဲ့ပါတယ်။

ပန်ဂျပ်ပြည်နယ် က လူထုစည်းဝေးပွဲက အထွက်မှာ မစ္စတာ အစ်ဂ်ဘာ သေနတ်နဲ့ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။

Read more

ဖိအားပေးမှုများသည် နျူကလီးယားလက်နက်ကင်းစင်ရေးအတွက် အကျိုးပြုမည်မဟုတ်ဟု မြောက်ကိုရီးယား ခေါင်းဆောင် ပြောကြား

ပြုံယမ်း မေ ၆

ကိုရီးယားကျွန်းဆွယ်ဒေသတွင်း နျူကလီးယားလက်နက်ကင်းစင် ပပျောက်စေရေးအတွက် အမေရိကန် နှင့် ဂျပန်နိုင်ငံတို့က မြောက်ကိုရီးယားနိုင်ငံအား ဖိအားများပေးမှုအပေါ် မြောက်ကိုရီးယားနိုင်ငံက ရှုတ်ချခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၆ ရက်တွင် နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် အထက်ပါအရေးနှင့် ပတ်သက်ပြီး ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

Read more

ကာမိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ဖွင့်လှစ်သည့် အိမ်တွင်းလက်မှုပညာသင်တန်းဆင်း

ဖားကန့်၊ မေ ၆       

ဖားကန့်မြို့နယ် ကာမိုင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ သင်တန်းကာလ သုံးရက်ကြာဖွင့်လှစ်ခဲ့ သည့် အိမ်တွင်းလက်မှုပညာသင်တန်း အမှတ်စဉ် (၂/၂ဝ၁၈) ဆင်းပွဲကို ယမန်နေ့ ညနေပိုင်းက အဆိုပါရုံး၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲသို့ ကာမိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ်၊ မြို့နယ် ပါတီကော်မတီဝင်နယ်မြေတာဝန်ခံ ဦးကျော်မျိုးဦးနှင့် အရန်ကော်မတီဝင် ဦးနော်ဂျာ၊ ရပ်ကွက်ကျေးရွာအုပ်စု ပါတီကော်မတီဥက္ကဋ္ဌများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။ သင်တန်းဆင်းပွဲတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ်က အမှာစကားပြောကြားပြီး သင်တန်းသူများပြုလုပ်ထားသည့် အိမ်တွင်း လက်မှုပစ္စည်းများကို ကြည့်ရှုအားပေးကာ အမှတ်တရဓာတ်ပုံများ စုပေါင်းရိုက်ကြသည်။

Read more

အခြေခံမော်တာနင်း အခမဲ့စက်ချုပ်သင်တန်း (၁/၂ဝ၁၈) ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဖွင့်လှစ်

ကျောက်တန်း၊ မေ ၆

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သောအခြေခံမော်တာနင်း အခမဲ့ စက်ချုပ်သင်တန်း (၁/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

Read more

ချောင်းဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်မိရပ်ဖ ရပ်/ကျေးပါတီဥက္ကဋ္ဌများ ကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ချောင်းဦး၊ မေ ၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယမန်နေ့နံနက် ၁ဝ နာရီက တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့် ရပ်မိ/ ရပ်ဖ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

Read more