NCA လက်မှတ်ထိုးအဖွဲ့ခေါင်းဆောင်များ၏ PPST အစည်းအဝေး မကြာမီကျင်းပမည်

အစိုးရနှင့် အလွတ်သဘော ဆွေးနွေးခဲ့သည်များကို ပြန်လည်သုံးသပ်ဆွေးနွေးရန် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီး ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို တစ် ပတ်အတွင်း ကျင်းပရန်ရှိသည်ဟု PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန် ဥက္ကာက ပြောသည်။ အစိုးရနှင့် အပစ်ရပ်အဖွဲ့များမှ ကိုယ်စားလှယ်များသည် မေလ ၁၈ ရက်နှင့် ၁၉ ရက်တွင် နေပြည်တော်၌ နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ် သဘောဆွေးနွေးပွဲများ ပြုလုပ်ပြီးထပ်မံတွေ့ဆုံရန် မေလ ၂၈ ရက် နှင့် ၂၉ ရက်သို့ ချိန်းဆိုခဲ့သည်။

Read more

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြေလည်မှုရရန် JICM အစည်းအဝေးခေါ်ယူရန်လို

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကျင်းပနိုင်ရေး အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပြေလည်မှုရရန် အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီး ခေါင်းဆောင်အဆင့် တွေ့ဆုံသည့် NCA အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ခေါ်ယူရန် လိုအပ်သည်ဟု ပအိုဝ်းအဖွဲ့ (PNLO) ဦးဆောင် နာယက ဗိုလ်မှူးကြီးခွန် ဥက္ကာက ပြောကြားသည်။ 

Read more

ဖရန့်ဖတ်ရဲ့အောင်ပွဲခံအခမ်းအနားမှာ ပရိသတ်သိန်းချီ ပါဝင်

ဖရန့်ဖတ်အသင်းရဲ့ ပိုကယ်ဖလားအောင်မြင်မှုနဲ့အတူ တနင်္ဂနွေနေ့က ဂျာမနီနိုင်ငံရဲ့ အကြီးဆုံး စီးပွားရေးမြို့တော် လမ်းတွေမှာ ပရိသတ်တွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်။

စနေနေ့က ဘာလင်မြို့မှာ ကစားခဲ့တဲ့ ပိုကယ်ဖလားဗိုလ်လုပွဲမှာ ဖရန့်ဖတ်အသင်းဟာ ဘိုင်ယန်မြူးနစ်ကို (၃-၁)ဂိုးနဲ့ အနိုင်ယူပြီး ၁၉၈၇-၈၈ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပိုကယ် ဖလားကို ပြန်လည်ဆွတ်ခူး နိုင်ခဲ့ပါတယ်။

အသင်းရဲ့သမိုင်းဝင်အောင်မြင်မှုအတွက် ပျော်မဆုံးဖြစ်နေတဲ့ ဖရန့်ဖတ်ပရိသတ်တွေဟာ အသင်းသားတွေနဲ့အတူ မြို့တော်ခန်းမရှေ့မှာ ခုန်ပေါက်အောင်ပွဲခံခဲ့ကြပါတယ်။

Read more

အင်နီယေစတာကို ကြီးကျယ်ခမ်းနားစွာနဲ့ ဘာစီလိုနာ နှုတ်ဆက်

ဘာစီလိုနာအသင်းဟာ ကွင်းလယ်လူအင်နီယေစတာကို နောက်ဆုံးအနေနဲ့ ကြီးကျယ်ခမ်းနားစွာ နှုတ်ဆက်ခဲ့ ပါတယ်။ ဆိုစီဒက်နဲ့ပွဲမတိုင်ခင်မှာ ကွင်းထဲဝင်လာတဲ့သူ့ကို Guard of Honour နဲ့ကြိုဆိုခဲ့တဲ့အပြင် ပွဲအပြီးမှာ လည်း အသင်းဖော်တွေရဲ့ နှုတ်ဆက်မှုကို ရခဲ့ပါသေးတယ်။

နူးကမ်းကွင်းကြီးထဲမှာ လာလီဆုဖလားနဲ့ အောင်ပွဲခံမှုအပြင် အင်နီယေစတာကိုပါ နှုတ်ဆက်ခဲ့တဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ပါတယ်။ ၈၂ မိနစ်မှာသူလူစားလဲခံရတော့ ကွင်းထဲကထွက်ရာမှာ မျက်ရည်ကျလုနီးပါး ဖြစ်ခဲ့တာကိုလည်း တွေ့ကြရပါတယ်။

Read more

ချန်ပီယံကာကွယ်ပွဲအဖြစ် ဘရာဇီးနိုင်ငံသားလီအန်ဒရိုနှင့်ယှဉ်ပြိုင်ရမည့်အပေါ် စိတ်လှုပ်ရှားမိကြောင်း အောင်လအန်ဆန်ဆို

အပြင်းအထန်လေ့ကျင့်နေသည့် အောင်လအန်ဆန် (ဓာတ်ပုံ − Aung La Nsang(Burmese Python))

MMA (One Champ-ionship) ပြိုင်ပွဲ မစ်ဒယ်ဝိတ်တန်း ချန်ပီယံလုပွဲတွင် ဘရာဇီးနိုင်ငံ သား လီအန်ဒရိုနှင့် ယှဉ်ပြိုင်ထိုး သတ်ရမည့်အပေါ် စိတ်လှုပ်ရှားမိကြောင်း လက်ရှိ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် က ပြောသည်။

Read more

မြန်မာ-ထိုင်းရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ မော်လမြိုင်မြို့တွင် ကျင်းပမည်

မြန်မာ့ရိုးရာလက်ဝှေ့ကျော်များနှင့် ထိုင်းမွေထိုင်းချန်ပီယံများ ယှဉ်ပြိုင်ထိုးသတ်မည့် မြန်မာ-ထိုင်းရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို မော်လမြိုင်မြို့တွင် ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူး၍ Lethwei Nation နှင့် H&S Group တို့ ပူးပေါင်းစီစဉ်သည့် Lethwei Nation Fight 4 စိန်ခေါ်ပွဲကို မေလ ၂၇ ရက်တွင် မော်လမြိုင်မြို့ရှိ ပြည်နယ်အားကစားရုံ၌ ကျင်းပမည် ဖြစ်သည်။

Read more

အငြင်းပွားဖွယ် အခြေအနေများနှင့်အတူ ဗင်နီဇွဲလား ရွေးကောက်ပွဲတွင် သမ္မတ မာဒူရို အနိုင်ရ

ဗင်နီဇွဲလား ရွေးကောက်ပွဲတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည့်တိုင် လက်ရှိ သမ္မတ နစ်ကိုလက်စ် မာဒူရိုက အနိုင်ရသွားခဲ့သည်။

မဲအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော် ရေတွက်ပြီးချိန်၌ မာဒူရိုသည် ထောက်ခံမဲ ၆၇.၇ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။ အဓိက အတိုက်အခံခေါင်းဆောင် ဟင်နရီ ဖယ်လ်ကွန်ကမူ မဲအရေအတွက် ၂၁.၂ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ ထို့ကြောင့် မာဒူရိုသည် ဒုတိယ ၆ နှစ် သက်တမ်းအတွက် သမ္မတအဖြစ် ဆက်လက် ထမ်းဆောင်တော့မည် ဖြစ်သည်။

Read more

အမေရိကန်နှင့်တရုတ် စီးပွားရေးကုန်သွယ်မှု ပူးတွဲကြေညာချက် ထုတ်ပြန်

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ စီးပွားရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ တိုင်ပင်ညှိနှိုင်းမှုတွေနဲ့ ပတ်သက်ပြီး မေလ ၂၀ ရက်နေ့မှာ ပူးတွဲကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်ရဲ့ဖိတ်ကြားချက်နဲ့ တရုတ်ကိုယ်စားလှယ်တွေ ဝါရှင်တန်ကို ရောက်ရှိ ဆွေးနွေးပြီးနောက်မှာ အခုကြေညာချက် ထွက်လာတာပါ။

တရုတ်- အမေရိကန် ကိုယ်စားလှယ်တွေဟာ  နှစ်နိုင်ငံသမ္မတတို့ရဲ့ လမ်းညွှ်န်မှုကို အခြေခံပြီး ကုန်သွယ်ရေး ပြဿနာတွေကို အပြုသဘောဆောင် တိုင်ပင်ညှိနှိုင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Read more

ရထားပေါ်မှာ တနှစ်တရက် သက်သတ်လွတ်ကျွေးဖို့ အိန္ဒိယမှာ အဆိုပြု

အိန္ဒိယက ရထား ပို့ဆောင်ရေး ၀န်ဆောင်မှု

အိန္ဒိယ နိုင်ငံတလွှား ရထားတွေမှာ တနှစ်ကို တရက် ခရီးသည်တွေကို အသားငါးမပါဘဲ ဟင်းသီးဟင်းရွက် သက်သတ်လွတ် ကျွေးဖို့ အဆိုပြုချက်အပေါ် တုန့်ပြန်မှု မျိုးစုံထွက်ပေါ်လာခဲ့ပါတယ်။

ဟင်းသီးဟင်းရွက်ဘဲ သက်သတ်လွတ်စားတဲ့ လွတ်လပ်ရေးခေါင်းဆောင် မဟတ္တမဂန္ဒီကို လေးစား ဂုဏ်ပြုတဲ့ အနေနဲ့ တနှစ်မှာ သက်သတ်လွတ် တရက် သက်မှတ် ကျွေးမွေးဖို့ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

Read more

တူရကီသမ္မတအာဒိုဂန်ကို လုပ်ကြံရန်ကြိုးပမ်းမှုများ ရှိလာနိုင်ကြောင်း ထောက်လှမ်းရေးအဖွဲ့သတိပေး

အခြားနိုင်ငံများသို့ ပြန့်ကျဲထွက်ခွာသွားကြသော တူရကီနိုင်ငံသားများနှင့် အနောက်နိုင်ငံများမှ စစ်ရေး ထောက်လှမ်းသည့်အဖွဲ့များက ဘော့စ်နီးယားနှင့် ဟာဇီဂိုဗီးနားသို့ မကြာမီ အလည်အပတ် သွားရောက်မည့် တူရကီသမ္မတ၏ ခရီးစဉ်အတွင်း ၄င်းအား တူရကီနိုင်ငံသားများက လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု ရှိလာနိုင်သည်ဟု သတိပေးခဲ့ကြကြောင်း နိုင်ငံပိုင် အနာဒိုလူ သတင်းအေဂျင်စီက စနေနေ့တွင် သတင်းဖော်ပြခဲ့သည်။
သတင်းပေးခဲ့သည့် မက်ဆီဒိုးနီးယားမှ တူရကီနိုင်ငံသားများသည် နေ့ရက်နှင့် တည်နေရာအပါအဝင် လုပ်ကြံရန် ကြံစည်ကြိုးပမ်းမှုနှင့်ပတ်သက်သည့် အသေးစိတ်အကြောင်းအရာများကို ဖော်ပြခဲ့ခြင်း မရှိကြောင်း တူရကီ ထောက်လှမ်းရေး သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ သိရသည်။

Read more