Year: 2026
ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲနှင့် ရုံးခန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နတ်တလင်း၊ မေ ၂၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် လှပခြင်းကျေးရွာအုပ်စု သရက်ကုန်းရွာတွင် ယနေ့ နံနက် ၈ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာဥက္ကဋ္ဌ ဦးသန်းဦးနေအိမ်တွင် ပါတီရုံးခန်းနှင့် ဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်ပါတီကော်မတီဝင် ဦးမောင်မောင်သူ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးမြစိုး၊ စည်းရုံးရေးမှူး ဦးကျာ်မင်းထွဋ်၊ ကျေးရွာပါတီဥက္ကဋ္ဌ ဦးသန်းဦး၊ ရပ်မိရပ်ဖ ဦးတင်ငွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
Read moreပရိသတ်က ပေးတဲ့ ဆုတစ်ဆု ထပ်မံ ရရှိခဲ့ပြန်တဲ့ မိုဟာမက်ဆာလာ

ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်းမှ ပရိသတ်များ ပေးအပ်တဲ့ အကောင်းဆုံး ကစားသမားဆုကို လီဗာပူးအသင်းရဲ့ တိုက်စစ် မှူး မိုဟာမက်ဆာလာက ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ယခုဆုကိုတော့ အွန်လိုင်း စနစ်နဲ့ မဲပေးရွေးချယ်စေခဲ့တာ ဖြစ်ပြီး ဆာလာက မဲအရေအတွက် ၈၉ ရာခိုင်နှုန်းအထိ အပြတ်အသတ် အသာစီးရ ယူနိုင်ခဲ့တာလို့လည်းသိရပါတယ်။
Read moreအမ်မရီကိုနည်းပြသစ်အဖြစ်အာဆင်နယ်ခန့်အပ်ဖို့ရှိနေ

အာဆင်နယ်အသင်းဟာ အသင်းရဲ့နည်းပြသစ်အဖြစ် ပီအက်စ်ဂျီနဲ့မကြာသေးခင်က လမ်းခွဲထားတဲ့ အမ်မရီကို ခန့်အပ်တော့မယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ အာစင်ဝင်းဂါးရဲ့နေရာမှာအစားထိုးဖို့နည်းပြအတော်များများကို ဆက်သွယ်ခဲ့ပြီး အစောပိုင်းမှာ အာတီတာကို ခန့်မယ်လို့ သတင်းတွေထွက်ခဲ့တာပါ။
ဒါပေမယ့် အသင်းရဲ့လက်ရှိကစားသမားအချို့က အာတီတာကိုခန့်မယ့်အပေါ် မေးခွန်းထုတ်ခဲ့တာကြောင့် ဖြစ်မလာခဲ့ပါဘူး။ အာဆင်နယ်ဟာ ရည်ရွယ်ထားတဲ့သူအားလုံးကို တွေ့ဆုံပြီးချိန်မှာ အမ်မရီကိုဘဲခန့်အပ်ဖို့ စီစဉ် လိုက်တာဖြစ်ပါတယ်။
Read moreနိုင်ငံမြို့တော်ကို အိုင်အက်စ်တို့လက်တွင်းမှ ဆီးရီးယားတပ်ဖွဲ့ ပြန်လည်သိမ်းပိုက်

ဒါမာစကပ်၊ ဆီးရီးယား၊ မေ ၂၂
ဆီးရီးယားတပ်ဖွဲ့များသည် အိုင်အက်စ်တို့လက်အောက်သို့ ကျရောက်ခဲ့သော ၄င်းတို့၏မြို့တော် ဒါမာစကပ်ကို အပြည့်အ၀ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ အိုင်အက်စ်တို့ကို မြို့တွင်းမှ အပြီးတိုင် မောင်းထုတ်နိုင်ခဲ့ပြီဖြစ်၍ တနင်္လာနေ့က အောင်ပွဲခံခဲ့ကြသည်။
သို့သော်လည်း အိုင်အက်စ်တပ်ဖွဲ့ဝင်အချို့သည် နိုင်ငံမြို့တော်တောင်ပိုင်း၌ အနည်းငယ်ကျန်ရှိနေဆဲဖြစ်သည် ဟု သိရသည်။ ဆီးရီးယားအစိုးရတပ်သားများနှင့် ပါလက်စတိုင်းမဟာမိတ် တပ်ဖွဲ့ဝင်အချို့သည် ပြီးခဲ့သော လကတည်းက ဒါမာစကပ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်မှုများပြုလုပ်ခဲ့သည်။
Read moreနစ်ပါဗိုင်းရပ်စ်ကြောင့် အိန္ဒိယနိုင်ငံတွင် လူကိုးဦးသေဆုံး

လင်းနို့တွေက ဖြစ်တဲ့ ဗိုင်းရပ်စ်
နစ်ပါဗိုင်းရပ်စ်ပိုးကြောင့် လူကိုးဦး သေဆုံးခဲ့ ကြောင်း အိန္ဒိယနိုင်ငံတောင်ပိုင်း ကယ်ရာလာပြည်နယ် ကျန်းမာ ရေးတာဝန်ရှိသူများက ပြော သည်။
ပြီးခဲ့သည့် သီတင်းနှစ်ပတ် အတွင်း သေဆုံးသူသုံးဦးတွင် နစ်ပါဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိ ခဲ့ပြီး ကျန်သေဆုံးသူခြောက်ဦး၏ နမူနာများကို စစ်ဆေးနေသည်။
Read moreVenezuela အပေါ် ကန် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်

Venezuela နိုင်ငံသမ္မတရွေးကောက်ပွဲမှာ သမ္မတ Nicolas Maduro အနိုင်ရ
Venezuela နိုင်ငံသမ္မတရွေးကောက်ပွဲမှာ သမ္မတ Nicolas Maduro က နောက်ထပ်သမ္မတသက်တမ်း ၆ နှစ် အတွက် မမှန်ကန်တဲ့နည်းနဲ့ အနိုင်ရခဲ့တယ်လို့ပြောပြီး အမေရိကန်ပြည်ထောင်စုက စီးပွားရေးဆိုင်ရာ ဒဏ်ခတ်မှုတွေ တနင်္လာနေ့က ချမှတ်ခဲ့ပါတယ်။
Read moreတရုတ်ဒုသမ္မတ ဝမ်ကီရှန်း ရုရှားနှင့် ဘီလာရုစ်နိုင်ငံသို့ သွားမည်
ဩဇာကြီးသော တရုတ်ဒုတိယသမ္မတသစ် ဝမ်ကီရှန်း သည် ယခုသီတင်းပတ်အတွင်း ရုရှားနိုင်ငံနှင့် ဘီလာရုစ်နိုင်ငံသို့ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာနက မေလ ၂၁ ရက်တွင် ပြောကြားပြီး ၎င်းသည် မတ်လကဒုတိယသမ္မတအဖြစ် ခန့်အပ်ခံရပြီးနောက်ပိုင်း ပထမဆုံးပြည်ပ ခရီးစဉ် ဖြစ်သည်။
သမ္မတစီကျင်းပင်၏ အဓိကမဟာမိတ် မစ္စတာဝမ်သည် ပြီးခဲ့သည့်နှစ်က အာဏာရကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းရာထူး အပြောင်းအလဲအတွင်း အနားယူသင့်သော်လည်း စီကျင်းပင်က တရုတ်သံတမန် ဆက်ဆံရေးတွင် ထပ်ဆောင်းဩဇာလွှမ်းမိုးရန် ၎င်းကို ဆက်လက်ထားရှိသည်။
ပါတီဝင်များနှင့် မြို့နယ်ပြည်ခိုင်ဖြိုး တွေ့ဆုံပွဲကျင်းပ

မအူပင်၊ မေ ၂၁
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့် မြို့နယ် ကော်မတီဝင်များသည် ကျေးရွာပါတီဝင်များနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၁ဝ နာရီက မအူပင်မြို့နယ် သောင်ဇား ကျေးရွာအုပ်စု နတ်စင်ကုန်းကျေးရွာမှ ပါတီဝင်ဦးတင်အေးနေအိမ်တွင် ကျင်းပခဲ့သည်။
Read more







