သီရိလင်္ကာတွင် မုတ်သုံမိုး သည်းထန်မှုအတွင်း သေဆုံးသူ ၂၃ ဦးအထိ ရှိလာ

ကိုလံဘို၊ မေ ၂၈

သီရိလင်္ကလာနိုင်ငံတွင် ပြီးခဲ့သည့် ဆယ်ရက်က မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းခြင်းများအတွင်း သေဆုံးသူ ဦးရေသည် အနည်းဆုံး ၂၃ ဦး ရှိသွားပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းကြသူများမှာ ၇၅၀၁၃ ဦးရေရှိကြောင်း နောက်ဆုံးတရားဝင်စာရင်းများအရ သိရသည်။

လူများအား ဒုက္ခသည်စခန်းနှင့် ခိုလှုံရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားနေစဉ် ပျောက်ဆုံးသူဦးရေ ၁၃ ဦး ရှိကြောင်း နိုင်ငံ၏ သဘာဝဘေးစီမံခန့်ခွဲရေးစင်တာက ထုတ်ပြန်သည်။

Read more

အမေရိကန်အကျဉ်းသားကို လွှတ်ပေးသော်လည်း ဗင်နီဇွဲလားနိုင်ငံအပေါ် အမေရိကန် ဆက်လက်အရေးယူပိတ်ဆို့

ဗင်နီဇွဲလားက လွှတ်ပေးသော အမေရိကန်သာသနာပြု ဂျိုရှာဟိုလ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်အတူ တွေ့ရစဉ် (Yuri Gripas/reuters)

 ဗင်နီဇွဲလားနိုင်ငံ၌ ၂ နှစ်ကြာ အကျဉ်းကျနေသော အမေရိကန်အမျိုးသားတစ်ဦးနှင့် ၎င်း၏ဇနီးတို့ကို စနေနေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဝါရှင် တန်အစိုးရအနေဖြင့် ဗင်နီဇွဲလား အပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများကို ဆက်လက် ထားရှိမည်ဖြစ်ကြောင်း ကန် ဒုသမ္မတမိုက်ပင့်စ်ကပြောသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ (၂ဝ၁၈) မေ ၂၉ မှ ၃၁ ရက်အထိ ကျင်းပမည်

နေပြည်တော်၊ မေ ၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ (၂ဝ၁၈) အခမ်းအနားကို ပါတီဌာနချုပ် (နေပြည်တော်) ၌ ယခုလ ၂၉ ရက်မှ ၃၁ ရက်အထိ နံနက် ၉ နာရီမှ စတင်ကျင်းပသွားမည်ဖြစ်သည်။

Read more

၂ဝ၁၈ လူငယ်ညီလာခံအကြို ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနား မြန်အောင်၌ ကျင်းပ

မြန်အောင်၊ မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ကနောင်တိုက်နယ် ငါးပိဆိပ်အုပ်စု ညောင်ဝင်းကျေးရွာ ဘုန်းတင့်စံဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ၂ဝ၁၈ လူငယ်ညီလာခံအကြို ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲတွင် ကျင်းပခဲ့ကြောင်းသိရသည်။

Read more

ကလိုင်ကျော်ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ပါတီဥက္ကဋ္ဌများ တာဝန်ပေးအပ်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်း ပေးအပ်ပွဲ ဦးဝဏ္ဏမောင်လွင် တက်ရောက်

ကျောက်ဆည်၊ မေ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီတာဝန်ခံ ဦးဝဏ္ဏမောင်လွင်သည် ယနေ့ နံနက် ၈ နာရီခွဲက ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် ကလိုင်ကျော် ကျေးရွာအုပ်စု ကလိုင်ကျော်ကျေးရွာတွင် ကျင်းပသော ရပ်/ကျေးပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲနှင့် ပါတီဝင် အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။ အဆိုပါ အခမ်းအနားအား နိုင်ငံတော်အလံကိုအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီတာဝန်ခံ ဦးဝဏ္ဏမောင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

Read more

ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံကြိုပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲကျင်းပ

မအူပင်၊ မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးလျက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုလူငယ်ညီလာခံ (၂ဝ၁၈) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်း ပေးအပ်ပွဲအား ယမန်နေ့နံနက် ၉ နာရီတွင် ပန်းတနော်မြို့နယ် ကဿဝင်ကျေးရွာအုပ်စု ဘုရားကြီးရွာသစ် ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

Read more

ရိုဟင်ဂျာလူမျိုး မရှိဘူးဆိုတာ ကမ္ဘာသိ ကြေညာရဲတဲ့ပါတီဟာ ပြည်ခိုင်ဖြိုးဖြစ်

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ကုန်းရွာကျေးရွာအုပ်စု သျှင်ငယ်ပြေးကျေးရွာတွင် မေ ၂၆ ရက်က လည်းကောင်း၊ ကျောက်ဆည်မြို့နယ် ကလိုင်ကျော်ကျေးရွာအုပ်စု ကလိုင်ကျော်ကျေးရွာတွင် မေ ၂၇ ရက်က လည်းကောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားများကို ကျင်းပခဲ့ရာ အဆိုပါအဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားများတွင် ပါတီဝင်သစ်များအဖြစ် အဆိုပြုလွှာတင်ခဲ့ကြသည့် သျှင်ငယ်ပြေးကျေးရွာမှ ဦးလှကြည်နှင့် ကလိုင်ကျော်ကျေးရွာမှ ကိုအောင်ဖြိုးဦးတို့၏ ပါတီဝင်ရောက်ခြင်းနှင့် ပတ်သက်၍ ရင်တွင်းစကားသံများကို ဖော်ပြအပ်ပါသည်။

Read more

တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ ကျင်းပ

တောင်တွင်းကြီး၊ မေ ၂၇

တောင်တွင်းကြီးမြို့နယ် အင်ကုန်းကျေးရွာအုပ်စု ရွှေအင်ပင်ကျေးရွာမှ ပြည်သူ ၁၅၇ ဦး သည် ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်လာသည့်အတွက် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲကို ၂၇.၅.၂၀၁၈ ရက် နေ့လည် ၁ နာရီခွဲတွင် ၄င်းကျေးရွာ၌ ကျင်းပခဲ့သည်။

Read more

ဗုဒ္ဓဓမ္မပရဟိတဖေါင်ဒေးရှင်း (ဗဟို) သြဝါဒခံယူပွဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှုပွဲ ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးသန်းဌေး တက်ရောက်လောင်းလှူ

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ကျောက်တော်ကြီးဘုရားအနီးရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမ္ပာန် တော်ကြီးတွင် မေလ (၂၇) ရက်နေ့လည် (၂) နာရီက အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖေါင်ဒေးရှင်း (ဗဟို) က ကျင်းပသည့် နှစ်ပါတ်လည်စုံညီသြဝါဒခံယူပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား သို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးနှင့်ဇနီး ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီတာဝန်ခံ ဗဟို အလုပ်အမှုဆောင် ဦးခင်ရီ၊ တိုင်းပါတီဥက္ကဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုး၊ ဦးမြင့်စိုးနှင့် ဗဟိုပါတီ ကော်မတီဝင်များ၊ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြသည်။

Read more