ဖေါင်းပြင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းအဝေးပြုလုပ်

ဖေါင်းပြင်၊ ဒီဇင်္ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် ဖေါင်းပြင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ ကော်မတီများ လပတ်ပုံမှန်အစည်းအဝေးကို ၂ . ၁၂ . ၂၀၁၈ တနင်္ဂနွေနေ့ နေ့လည် ၁၁း၀၀ နာရီအချိန်တွင် ဖေါင်းပြင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။

Read more

မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မရှင်ညွှန်ကြားချက်များ ရှင်းလင်း

မအူပင်၊ နိုဝင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် မအူပင်ခရိုင် ကော်မရှင်၏ညွှန်ကြားချက်များကို ခရိုင်အတွင်းရှိ မြို့နယ်ပါတီများသို့ ရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှင်းလင်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်းက မအူပင်ခရိုင်ကော်မရှင်၏ ညွှန်ကြားချက်များကို ရှင်းလင်းခြင်း၊ တက်ရောက်လာသူများက ဆွေးနွေးခြင်း၊ ပြန်လည် ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

Read more

ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ သတ္တမအကြိမ်မြောက် ပညာသင်စားရိတ် ထောက်ပံ့ပွဲ တက်ရောက်

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပညာရည်ထူးချွန်သည့် ပါတီဝင်များ၏သားသမီး (၁၇) ယောက်ကို ပညာသင်စားရိတ် ချီးမြှင့်ခဲ့သည်မှာ ယခုအခါ သတ္တမအကြိမ်အဖြစ် နိုဝင်ဘာလ (၂၉) ရက်က ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါပညာသင်စားရိတ် ထောက်ပံ့ပေးအပ်ပွဲသို့ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဌ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုး၊ ပါတီဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း၊ အရန်ဗဟိုကော်မတီဝင် ဒေါက်တာမြင့်သိန်း နှင့် ဒေါ်အေးအေးမြင့် နှင့် ကျောင်းသားမိဘများ ပညာသင်ထောက်ပံ့ကြေး ရရှိကြသော ကျောင်းသားကျောင်းသူ (၁၇) ဦးတို့ တက်ရောက်ကြသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော် သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ် (၅/၂၀၁၈) ၁၃၈၀ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော် သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ် (၄/၂၀၁၈) ၁၃၈၀ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်


Read more

မူဝါဒအပြောင်းအလဲကြောင့် ဧရာဝတီကစားသမား ၂၀ ခန့် အသင်းနှင့်လမ်းခွဲ

ပြီးခဲ့သည့်ဘောလုံးရာသီ၌ ဧရာဝတီအသင်းနှင့် မကွေးအသင်းတို့ ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − MFF)

 

 မြန်မာလိဂ်ကလပ် ဧရာဝတီယူနိုက်တက်အသင်းသည် ၂၀၁၉ ဘောလုံးရာသီသစ်တွင် အသက်(၃၀)ကျော် ကစားသမားများကို အသင်း၌ ဆက်မထားလိုသည့် မူဝါဒအပြောင်းအလဲကြောင့် စာချုပ်သက်တမ်းကုန်ဆုံးသည့် ကစားသမား ၂၀ ခန့် အသင်းနှင့်လမ်းခွဲခဲ့သည်။ 

Read more

အာရှတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ကာတာနောက်ခံလူရရှိ

အာရှဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်သည့် အာရှတစ်နှစ်တာ အကောင်းဆုံးကစားသမားအချို့ကို ကာတာ လက်ရွေး စင်အသင်း၏ နောက်ခံလူ အက်ဘ်ဒ်လ်ကာရင်ဟက်ဆန်က ရရှိခဲ့ကြောင် အေပီ သတင်းဌာနက ဖော်ပြသည်။

ဘယ်နောက်ခံလူတစ်ဦးဖြစ်သော အက်ဘ်ဒဲလ်ကာရင်ဟက်ဆန် သည် ပြီးခဲ့သည့်ဘောလုံးရာသီက မိခင်လက်ရွေးစင်အသင်းအတွက် အကောင်းဆုံးခြေစွမ်းမျိုးဖြင့် ကစားပေးနိုင်ခဲ့သည့်အပြင် မိခင်ကလပ်ဖြစ်သော အယ်လ်ဆတ်အသင်း အာရှချန်ပီယံလိဂ်ပွဲ ဆီမီးဖိုင်နယ်ရောက်စေရန်လည်း စွမ်းဆောင်ပေးနိုင်ခဲ့သည်။

Read more

ဝိုင်ဒါနဲ့ထိုးမယ့်ပွဲက ရလာမယ့်ငွေကြေးအားလုံး လှူဒါန်းမယ့် တိုင်ဆန်ဖျူရီ

ဒီယွန်တေးဝိုင်ဒါနဲ့ ထိုးသတ်မယ့်ပွဲစဉ်က ရရှိလာမယ့် ငွေကြေးအားလုံးကို အိမ်ရာမဲ့တွေအတွက် လှူဒါန်း သွားမယ်လို့ တိုင်ဆန်ဖျူရီက ပြောပါတယ်။ လာမယ့်စနေနေ့ညကျရင် ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီနဲ့ အမေရိကန်ဟဲဗီးဝိတ် လက်ဝှေ့သမား ဒီယွန်တေးဝိုင်ဒါတို့ လော့စ်အိန်ဂျလိစ်မြို့မှာ ထိုးသတ်ကြမှာဖြစ်ပြီး တိုင်ဆန်ဖျူရီအနေနဲ့ ဒေါ်လာသန်းချီ ရရှိမှာပါ။ WBC ချန်ပီယံလိဂ်ခါးပတ်ကို ကာကွယ်ရမယ့် အဲဒီပွဲစဉ်မှာ ဘယ်လိုရလဒ်မျိုး ထွက်ပေါ်လာတာပဲဖြစ်ဖြစ် ရရှိလာတဲ့ ငွေကြေးကို သူ့အတွက်၊ ကိုယ်ဝန်ဆောင် ဇနီးသည် အတွက်၊ သားသမီးတွေ အတွက် သုံးမှာမဟုတ်ဘဲ အိမ်ရာမဲ့တွေအတွက် အဆောက်အအုံတွေ ဆောက်လုပ် လှူဒါန်းသွားမယ်လို့ တိုင်ဆန်ဖျူရီက ပြောပါတယ်။

Read more

နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် တစ်ချက်တည်းနဲ့ကျင်းဝင်အောင် ရိုက်နိုင်ခဲ့တဲ့ တိုက်ဂါးဝုဒ်

ဘဟားမားနိုင်ငံမှာ ကျင်းပမယ့် Hero World Challenge ပြိုင်ပွဲအတွက် လေ့ကျင့်နေတဲ့ နာမည်ကျော် ဂေါ့ဖ်ရိုက်သမား တိုက်ဂါးဝုဒ်ဟာ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် တစ်ချက်တည်းနဲ့ ကျင်းဝင်အောင် ရိုက်နိုင်ခဲ့ပါတယ်။ တိုက်ဂါးဝုဒ်ဟာ ဂေါ့ဖ်ပြိုင်ပွဲသမိုင်းကို အကြီးအကျယ် လွှမ်းမိုးနိုင်ခဲ့ပေမဲ့ အဓိကဆုဖလား ၁၄ လုံးအနက် ၁၃ လုံး ဆွတ်ခူးနိုင်ချိန်မှာ တစ်ချက်တည်းနဲ့ ကျင်းဝင်ခဲ့ခြင်းမရှိပါဘူး။

Read more

ကမ္ဘာ့စစ်တုရင် ချန်ပီယံသစ်

ကမ္ဘာ့စစ်တုရင်ချန်ပီယံ သစ်တဦးပေါ်ထွက်လာပါပြီ။ နော်ဝေနိုင်ငံသား Magnus Carlsen ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး စစ်တုရင်သမားအဖြစ်ကြေညာပါတယ်။

လန်ဒန်မှာကျင်းပတဲ့ ကမ္ဘာ့စစ်တုရင်ပြိုင်ပွဲမှာ အမေရိကန်က Fabiano Caruana ကို 3-0 နဲ့ အနိုင်ရခဲ့တာပါ။ သူတို့နှစ်ဦးရဲ့ နောက်ဆုံးအဆင့်ကစားပွဲတွေမှာ ၁၂ပွဲသရေကျပြီး တပွဲကို အချိန်၇နာရီ အထိကြာ ခဲ့ပါတယ်။

Read more