ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး လူငယ်ညီလာခံ(၂ဝ၁၈) ညစာစားပွဲသို့တက်ရောက်ချီးမြှင့်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယမန်နေ့ ညနေ ၆ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ပြည်ထောင်စုခန်းမကြီး၌ ကျင်းပသော လူငယ်ညီလာခံ(၂ဝ၁၈) ညစာစားပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ဦးစွာ ပါတီဥက္ကဋ္ဌဦးသန်းဌေးက အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် လူငယ် ကိုယ်စားလှယ်များက တေးသံသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အဆိုပါ ညစာစားပွဲ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင် ဝင်း၊ ပါတီဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ လူငယ်တာဝန်ခံများ၊ လူငယ်ညီလာခံကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Read more

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမျှော် စေတီတော်ရင်ပြင် သန့်ရှင်းရေး လုပ်အားပေးကုသိုလ်ယူ

 

လူငယ်ညီလာခံ(၂၀၁၈) သို့တက်ရောက်လာကြသည့် လူငယ်ကိုယ်စားလှယ်များ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယနေ့ မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမျှော်ကြည်ညို ကြပြီး စေတီတော်ရင်ပြင် သန့်ရှင်းရေးလုပ်အားပေး ကုသိုလ်ယူခဲ့ကြသည်။


Read more

တပ်မတော်စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာ

 

၃၁.၅.၂၀၁၈

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ညီလာခံ(၂၀၁၈) သို့တက်ရောက်လာကြသည့် လူငယ်ကိုယ်စားလှယ်များ ယနေ့ မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ သွားရောက် လေ့လာကြသည်။


Read more

ရီးရဲလ်မက်ဒရစ်နည်းပြဖြစ်ရန် အာစင်ဝင်းဂါး အလားအလာအရှိဆုံးဟု လောင်းကစားကုမ္ပဏီများ သတ်မှတ်

အာစင်ဝင်းဂါးက ရေပန်အစားဆုံး နည်းပြဖြစ်ပါတယ်။

ရုတ်တရက် နုတ်ထွက်သွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် နည်းပြဇီဒန်းနေရာမှာ အစားထိုးဖို့ အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးက ဖြစ်နိုင်ချေအရှိဆုံး နည်းပြဖြစ်တယ်လို့ လောင်းကစားကုမ္ပဏီတွေက ခန့်မှန်းထားပါတယ်။

Read more

ဗီဇာလျှောက်ထားမှုအခက်တွေ့ရပြီးနောက် ချဲလ်ဆီးရဲ့ကွင်းသစ်စီမံကိန်းကို အေဘရာမိုဗစ်ရပ်ဆိုင်း

ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ဟာ ဗြိတိန်းပြည်ဝင်ခွင့် ဗီဇာလျှောက်ထားမှုမှာ အခက်အခဲတွေ ကြုံခဲ့ရပြီးနောက် ကလပ်ရဲ့ကွင်းသစ်စီမံကိန်းကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။

မစ္စတာမိုဗစ်ဟာ ဒီတစ်ပတ်အစောပိုင်းက အစ္စရေးနိုင်ငံသားခံယူခဲ့ပေမယ့် သူ့ရဲ့ဗီဇာလျှောက်ထားမှုကို ဗြိတိန်ဘက်က ခွင့်ပြုပေးခြင်း မရှိသေးပါဘူး။ သူဟာအစ္စရေးနိုင်ငံသား တစ်ဦးအဖြစ် ဗြိတိန်မှာ ဗီဇာ
မလိုဘဲ ၆ လနေထိုင်ခွင့်ရှိမှာ ဖြစ်ပေမယ့် အလုပ်လုပ်ခွင့်အတွက်တော့ ဗီဇာလိုအပ်လို့ ချဲလ်ဆီးအသင်း ပိုင်ရှင်အဖြစ် တရားဝင်တာဝန်ယူလို့ ရမှာမဟုတ်ပါဘူး။

Read more

အာရှအားကစားပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်းတွင် တိုက်စစ်မှူးအောင်သူပါဝင်မည်

Goal.com က ထိုင်းလိဂ်တစ်ပတ်တာအကောင်းဆုံးကစားသမားအဖြစ် အောင်သူကိုရွေးချယ်(ဓာတ်ပုံ – Police Tero)

 

အာရှအားကစားပြိုင်ပွဲဝင် မြန်မာယူ-၂၃ ဘောလုံးအသင်းတွင် ထိုင်းလိဂ်၌ကစားနေသော တိုက်စစ်မှူး အောင်သူ ပါဝင်မည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ ချုပ်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း က ပြောသည်။

Read more

နိုင်ငံတကာအဆင့်မီ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ကျင်းပမည်

World Lethwei Championship KNOCKOUT WAR ဆိုတဲ့အမည်နဲ့ နိုင်ငံတကာအဆင့်မီ ရင်သပ်ရှုမောဖွယ် ကောင်းတဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား ရုံမှာ လာမယ့် ဇွန်လ ၂ ရက်နေ့ ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲအတွက် ပွဲကြိုမိတ်ဆက်အခမ်းအနားကို မေ ၂၇ ရက်နေ့က ဂျန်းရှင်းမော်တင်မှာ ကျင်းပခဲ့ပါတယ်။

Read more

ယင်လတ် ဗြိတိန် မှာ ဆယ်နှစ် ဗီဇာ ရ

အကျင့်ပျက် ချစားမှု နဲ့ ထိုင်းမှာ ထောင်ဒဏ် ငါးနှစ် ချမှတ် ခံထားရ

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝတ်ထရာ ဟာ ဗြိတိန် နိုင်ငံမှာ ဆယ်နှစ်သက်တမ်း ရှိတဲ့ ဗီဇာ နဲ့ နေထိုင် ခွင့် ရရှိ ခဲ့တယ်လို ဘီဘီစီ ထိုင်း ဘာသာ ဌာန က စုံစမ်း သိရှိခဲ့ရပါတယ်။

Read more

ကမ္ဘာ့အကြီးဆုံး ဒိုင်နိုဆောအရိုးစုအား ချီကာဂိုတွင် ပြသမည်

ချီကာဂို၊ ဇွန် ၁

တူးဖော်တွေ့ရှိသမျှတွင် အကြီးဆုံးဖြစ်သော ဒိုင်နိုဆောအရိုးစုအား ချီကာဂိုရှိ Field Museum ပြတိုက်တွင် ပြန်လည်ဆက်စပ်တည်ဆောက်ကာ ဇွန် ၁၅ ရက်မှစပြီး ဖွင့်လှစ်ပြသမည်ဖြစ်သည်။

Read more

မက္ကစီကို၌ အပူလှိုင်းဖြတ်၍ နိုင်ငံတော်အရေးပေါ်ကြေညာချက်ထုတ်ပြန်

မက္ကစီကိုစီးတီ၊ ဇွန် ၁

မက္ကစီကိုနိုင်ငံရှိ နေရာအနှံ့အပြား၌ အပူလှိုင်းဖြတ်လျက်ရှိပြီး အပူချိန် ၅၀ံ စင်တီဂရိတ်အထိသို့ ရောက်ရှိခဲ့ သောကြောင့် အာဏာပိုင်များအနေဖြင့် နိုင်ငံတော်အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့ရကြောင်း မက္ကစီကို အမျိုးသားမိုးလေ၀သဌာနက (SMN) က ကြာသာပတေးနေ့တွင် ကြေညာခဲ့သည်။

Read more