မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုများကြောင့် ဂျပန်တွင် သေဆုံးသူ တစ်ရာနီးပါး အထိ ရှိလာ

တိုကျို၊ ဇူလိုင် ၉

ဂျပန်နိုင်ငံတွင် ရက်အတန်ကြာ စံချိန်တင်မိုးရွာသွန်းမှုများကြောင့် ရေကြီးမြေပြိုမှုများ ဖြစ်ရာတွင် သေဆုံးသူ ဦးရေသည် တစ်ရာနီးပါးအထိ ရှိလာခဲ့သည်။ ပျောက်ဆုံးနေသူများ၊ ပိတ်မိနေသူများ ရှိနေ၍ ဇူလိုင် ၉ ရက်တွင် ကယ်ဆယ်ရေးများ၊ ရဲများနှင့် စစ်တပ်တို့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိနေသည်။ မိုးရွာသွန်းမှု လျော့ကျစ ပြုလာချိန်တွင် အစိုးရက ပျောက်ဆုံးနေသူပေါင်း ဒါဇင်အချို့ ရှိနေသည်ဟု ထုတ်ပြန်သည်။

Read more

အမရပူရမြို့နယ် ပြည်​ခိုင်​ဖြိုးပါတီအတွင်း​ရေးမှူး​နှင့်အဖွဲ့​ ကုက္ကိုရွာသို့ နယ်​​မြေကွင်းဆင်း

 

(၆.၇.၂၀၁၈) ရက်​​နေ့ (၁၃း၃၀)အချိန်​တွင်​ အမရပူရမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီအတွင်း​ရေးမှူး​ဒေါ်​စောမြိုင်​၊ မြို့နယ်​​ကော်​မတီဝင်​ ​ဒေါ်ဇာလီထွန်း၊ ဦး​ဇော်​​အောင်​ထက်​၊ ဦးသက်​နိုင်​ဝင်းတို့သည်​ ပန်းချီ​ကျေးရွာအုပ်​စု၊ ကုက္ကိုရွာသို့နယ်​​မြေကွင်းဆင်းပြီး အမျိုးသမီးများတစ်​ပိုင်​တစ်​နိုင်​ဝင်​​ငွေရရှိ​စေ​ရေးအတွက်​ ဘက်​စုံသုံးဆပ်​ပြာပြုလုပ်​နည်းအဆင့်​ဆင့်​၊ သဘာဝ​ခေါင်း​လျော်​​ရေပြုလုပ်​နည်း အဆင့်​အဆင့်​တို့အား လက်​​တွေ့ပြုလုပ်​ကာရှင်းလင်းပြသခဲ့ပါသည်​။


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ် ကြီး H.E.Mr.Dr.Nekolay Listopadov အားလက်ခံတွေ့ဆုံ

 

နေပြည်တော် ဇူလိုင် ၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr.Dr.Nekolay Listopadov အား ယနေ့နံနက်(၁၀း၀၀) အချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်နိုင်ငံပါတီအချင်းချင်းဆက်ဆံရေးနှင့် မြန်မာ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

Read more

တာချီလိတ်​ခရိုင်​/မြို့နယ်​ပါတီ​ရှေ့လုပ်​ငန်းစဉ်​များ ​ဆောင်​ရွက်​​ရေးညှိနိုင်းအစည်းအ​ဝေးပြုလုပ်

 

ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း)၊ တာချီလိတ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟို​ကော်​မတီဝင်​ (ရှမ်း/​ရှေ့) အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်တင်​​မေထွန်းသည် ​ယ​နေ့ (၆.၇.၂၀၁၈)၊ နံနက် ​(၈) နာရီအချိန်​တွင်​ ရပ်​ကွက်​/​ကျေးရွာအမျိုးသမီး​ရေးရာအဖွဲ့ဝင်​များနှင့် ​တွေ့ဆုံအစည်းအ​ဝေးအား တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီ အစည်းအ​ဝေးခန်းမတွင်​ ပြုလုပ်​ခဲ့ပါသည်​ ။
ထို့​နောက်​ ဗဟို​ကော်​မတီဝင်​ ဦးဝိလ်​ဆင်​မိုး၊ ခရိုင်ဥက္ကဌ ဦးဘိုစံနှင့် ခရိုင်​​ကော်​မတီဝင်​များ၊ မြို့နယ်​ဥက္ကဌ ဦးစိုင်း​ရွှေထွန်းနှင့် မြို့နယ်​​ကော်​မတီဝင်​များနှင့် ဆက်​လက်​​​တွေ့ဆုံ၍ ပါတီ၏လုပ်​ငန်း​ဆောင်​ရွက်​မူအ​ခြေအ​နေများ သုံးသပ်​ခြင်း၊ ​ရှေ့လုပ်​ငန်းစဉ်​များ ဆက်​လက်​​ဆောင်​ရွက်​နိုင်​​ရေးတို့ကိုညှိနိုင်းအစည်းအ​ဝေးပြုလုပ်​ခဲ့ပြီး ယနေ့အစည်းအဝေးတွင် ရပ်​​ကျေးဥက္ကဌအဖြစ်​ တာဝန်​​ပေးအပ်​ရန်​ ကျန်​ရှိ​နေ​သေး​သော ရပ်​​ကျေးများအား တာဝန်​​ပေးအပ်​ပွဲကျင်းပရန်​နှင့် တက္ကသိုလ်​ဝင်​တန်း​အောင်​မြင်​ခဲ့သည့် ပါတီဝင်​မိသားစုများ၏ရင်​​သွေးများအား ဂုဏ်​ပြု​ပေးနိုင်​​ရေးကိစ္စများ၊ ​ကျေးရွာအုပ်​စုများသို့ ကွင်းဆင်း၍ ပညာ​ရေး​ထောက်​ကူပြုစာ​ရေးကိရိယာများ ကူညီပံ့ပိုး​ပေးနိုင်​​ရေးအတွက် အမာခံကျေးရွာများသို့ ကွင်းဆင်းရန် ဆုံးဖြတ်ခဲ့ကြ
ကြောင်းသိရှိရ​ပါသည်​ ။

Read more

မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ဖူဆယ်ဘောလုံး အား ကစား ဖွင့်ပွဲအခမ်းအနား တက်ရောက်

 

မိုးကောင်း။ ဇူလိုင် ၆

ကချင်ပြည်နယ် မိုးကောင်းမြို့ အထက်ရှမ်းစု လျက်စစ်ဓာတ်ဓါတ်အား ခွဲရုံအနီး ရှမ်းမျိုးနွယ်စု ဓမ္မာရုံအဝင်းထဲတွင် ဖူဆယ် ဘောလုံးအားကစားကွင်းအဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈း၀၀ နာရီအချိန်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။
အခမ်းအနားတွင် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဌ ဦးထွန်းထွန်းအောင်နှင့် မြို့နယ်ကော်မတီဝင် ဦးမြင့်စိုး၊ ဦးငွေရှိန်း၊ ဦးသန်းစိုးတို့သည် ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ဖူဆယ်ဘောလုံးအားကစားကွင်း ဖွင့်ပွဲအခမ်းနားသို့ စည်ကားစွားဖြင့် တက်ရောက်ခဲ့ပါသည်။

Read more

ဒေးဒရဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့အစဲကလေးကျေးရွာ ပါတီဝင်များနှင့် ရင်းနှီးစွာတွေ့ဆုံ

 

၅.၇.၂၀၁၈ရက်နေ့ ဒေးဒရဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး ၊ နယ်မြေတာဝန်ခံနှင့်ကော်မတီဝင်များသည် ကျောက်စရစ်ကျေးရွာအုပ်စုနှင့် အစဲကလေးကျေးရွာအုပ်စုရှိ ရပ်မိ/ရပ်ဖများ ပါတီဥက္ကဋ္ဌ၊ လူငယ်အမျိုးသမီး၊ အမာခံပါတီဝင်များနှင့် ရင်းနှီးစွာတွေ့ဆုံပြီးစာသင်ကျောင်းများသို့ ဗလာစာအုပ်နှင့်စာရေးကရိယာများ လှူ ဒါန်းပေး ပြီး သက်ကြီးအဘိုးတစ်ဦးအား အလှူ ငွေလှူ ဒါန်းကုသိုလ်ပြုခဲ့ကြပါသည်။


Read more

ရွေးကောက်ပွဲကော်မရှင် တရားမျှတခြင်းရှိမရှိ ပြည်ခိုင်ဖြိုးပါတီမှ ကြားဖြတ်ရွေးကောက်ပွဲဝင်၍စောင့်ကြည့်မည်

 

ရန်ကုန် ဇူလိုင် ၅

Read more

နတ်တလင်းမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး ခရိုင်နှင့်မြို့နယ်ကော်မတီများတွေ့ဆုံ

 

နတ်တလင်း ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် နတ်တလင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမ၌ ယခုလ ၃ ရက် ညနေ ၄ နာရီက တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌ ဦးအောင်ချိုဦး(ဗဟိုပါတီ ကော်မတီဝင်)၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးကျော်ကျော် လင်း၊ ကော်မတီဝင် ဦးကျော်ဝင်း အဖွဲ့တို့ ရောက်ရှိလာပြီး မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌဦးတင့်လွင်၊အတွင်း ရေးမှူး ဦးမြစိုးနှင့် ပါတီကော်မတီ ဝင်များ တွေ့ဆုံဆွေးနွေးခဲ့သည်။

Read more

ဇမ္ဗူသီရိမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်နှင့်ရပ်/ကျေးကော်မတီများတွေ့ဆုံ

 

အောင်အောင်(နေပြည်တော်)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဇမ္ဗူသီရိမြို့နယ်ရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁ဝ နာရီတွင် မြို့နယ်နှင့်ရပ်/ကျေးကော်မတီများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုနယ်မြေအတွင်းရေးမှူး ဦးဌေးဝင်း၊ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် မြို့နယ်တာဝန်ခံ ဒေါ်သီတာထွေး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဝင်းဌေး၊ အတွင်းရေးမှူး ဦးထင်လင်းအောင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး ဥက္ကဋ္ဌများ စုစုပေါင်းအင်အား ၄ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read more