ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအို လူးကပ်စ်မတ်သီဆီကို ဒိုင်ပွဲရပ်ဖြင့်အနိုင်ယူ

ဇူလိုင် ၁၅ ရက် က ဖိလစ်ပိုင်လက်ဝှေ့ကျော်ပက် ကွီအို (၃၉) နှစ်သည် ငယ်မူငယ် သွေးပြကာ WBA ဝယ်သာဝိတ် ချန်ပီယံ လူးကပ်စ်မတ်သီဆီကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ပြီး ၂၀၀၉ နောက်ပိုင်း ပထမဆုံး နိုင်ပွဲပြန်ရ ယူခဲ့သည်။

Read more

၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်မည်ဟု ဒေါ်နယ်ထရန့် ပြောကြား

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ၂၀၂၀ သမ္မတ ရွေးကောက်ပွဲတွင် ထပ်မံဝင် ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားကြောင်း အင်တာဗျူးတစ်ခု၌ ပြောသည်ဟု Mail သတင်းစာက တနင်္ဂနွေနေ့တွင် ဖော်ပြသည်။

Read more

ကျဆုံး အမေရိကန် စစ်သည်များ၏ အလောင်းများ လွှဲပေးရန် မြောက်ကိုရီးယား သဘောတူ

ကိုရီးယား ကျွန်းဆွယ် စစ်ပွဲအတွင်း ကျဆုံးခဲ့သည့် အမေရိကန် စစ်သည်များ၏ ရုပ်အလောင်းများကို လာမည့် သီတင်းပတ်အတွင်း မြောက်ကိုရီးယားက ပြန်လည် လွှဲအပ်ပေးမည်ဟု သိရသည်။

Read more

ပါကစ္စတန် ရွေးကောက်ပွဲ စည်းရုံးရေး နေရာ၌ ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၂ ဦးအထိရှိ

ပါကစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ရွေးကောက်ပွဲ စည်းရုံးရေး နေရာတစ်ခု၌ ဖြစ်ပွားသော အသေခံဗုံးခွဲ တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၂၈ ဦးအထိရှိပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ဒေသခံများက ဇူလိုင် ၁၄ ရက်တွင် မြေမြှုပ်သင်္ဂြိုဟ်မှု ပြုလုပ်သည်။ ယင်းတိုက်ခိုက်မှုသည် ကတ်တာပြည်နယ် ဘာလိုချီစတန်မြို့တော် အနီးရှိ မက်စတန့်မြို့၌ ဇူလိုင် ၁၃ ရက်တွင် ဖြစ်ပွားခြင်းဖြစ်ကာ ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ ရွေးကောက်ပွဲ စည်းရုံးရေး နေရာများကို ပစ်မှတ်ထားသည့် ဗုံးခွဲတိုက်ခိုက်မှုများ အနက် နောက်ဆုံးတိုက်ခိုက်မှု တစ်ခုဖြစ်ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း လူ ၁၅၀ ခန့် ဒဏ်ရာရပြီး ၎င်းတို့အနက်အများစုမှာ ဦးခေါင်းတွင်ရရှိသည့် ဒဏ်ရာများကြောင့် စိုးရိမ်ရသည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။

Read more

ကလေးများအတွက် အန္တရာယ်များလှသော မွန်ဂိုလီးယား ရိုးရာမြင်းစီးပြိုင်ပွဲ

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက် ဗုဒ္ဓဟူးနေ့က မွန်ဂိုလီးယား ရိုးရာ Naadam ကလေး မြင်းစီးပြိုင်ပွဲ ကျင်းပခဲ့ပြီး အသက် ငါး နှစ်မှ ၁၁ နှစ် အကြား ကလေးငယ် ၃၃၈ ဦးတို့သည် အရောင်တောက်တောက်ဝတ်စုံ နှင့် helmet များဝတ်ဆင်ကာ မြင်းများကို ကြာပွတ်နှင့် ဝေ့ယမ်းရိုက်နှက်ရင်း ပြိုင်ပွဲဝင်ခဲ့ကြသည်။

Read more

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးဥက္ကဌများနှင့်မြို့နယ်ပါတီကော်မတီဝင်များ လစဉ်ပုံမှန်အစည်းအဝေးနှင့် အလံသစ်တင်အခမ်းအနား

 

ယနေ့ (13.7.2018) နေ့တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် (9:00) နာရီအချိန်တွင် ရပ်/ကျေးပြည်ခိုင်ဖြိုးပါတီဥက္ကဌများနှင့် ငါန်းဇွန်မြို့နယ် မြို့နယ်ပါတီကော်မတီများ လစဉ်ပုံမှန်အစည်းဝေးနှင့် အလံသစ်တင်အခမ်းအနားကို မြင်းခြံခရိုင်ပါတီဥက္ကဌ ဦးကျော်တင်၊ ငါန်းဇွန်မြို့နယ်ပါတီဥက္ကဌ ဦးကိုကိုနှင့် မြို့နယ်အတွင်းရေးမှူး ဦးစိုးနိုင်တို့မှ အမှာစကားပြောကြားပြီး ပြည်ခိုင်ဖြိုးပါတီအလံသစ်ကို နံနက် ((9:30) တွင် အောင်မြင်စွာလွှင့်ထူနိုင်ခဲ့ပြီး အစည်းအဝေး ဆက်လက်ကျင်းပခဲ့ပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ မီဒီယာနှင့် ပြည်သူ့ဆက်ဆံရေးတာဝန်ခံ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေး မီဒီယာနှင့်.ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်ခန်းစာပို့ချ

 

၁၂-၇-၂၀၁၈ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် နေပြည်တော်ရုံးတွင် ဖွင့်လှစ်လျက်ရှိသည့် “”နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း”” အမှတ်စဉ် (၅) သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ၊ မီဒီယာနှင့်ပြည်သူ့ဆက်ဆံရေးဌာနတာဝန်ခံ ဦးပိုက်ထွေးမှ မီဒီယာနှင့် ပြည်သူလူထုဆက်သွယ်ရေးနည်းစံနစ်များကို အကျယ်တဝင့်သင်ခန်းစာလာရောက်ပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။


Read more

ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမိသားစုမှ အလှူငွေများလှူဒါန်းပြီး ကမ်းပြိုပြောင်းရွှေ့မိသားစုများအား ပံ့ပိုးကူညီမှုများ ပေးအပ်

 

ရန်ကုန် ဇူလိုင် ၁၂

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမိသားစုမှ ယမန်နေ့နံနက်ပိုင်း တွင် မကွေးတိုင်းဒေသကြီး မင်း ဘူးခရိုင် ပွင့်ဖြူမြို့နယ်ရှိ မရိုးကုန်း ကျေးရွာ မရိုးကုန်းကျောင်းတိုက် ရှိ ဆရာတော်ဥူးနန္ဒိယထံ ရွာ ထောင်ဘုရားကြီးပြုပြင်ရန် အလှူ ငွေများ လှူဒါန်းခဲ့ပြီး ရေးဘေး သင့်ဒဏ်ကြောင့် ကမ်းပါးပြိုကာ ပြောင်းရွှေ့ရသော ပြည်သူများကို ခင်မင်ရင်းနှီးစွာ အားပေးကာ တစ်အိမ်ထောင်လျှင် ဘုရားတစ် ဆူစီနှင့် ထောက်ပံ့ငွေများ ၊ အဝတ် အထည်များနှင့် အစားအစာများ ကို သွားရောက်လှူဒါန်းခဲ့သည်။

Read more

ဂျပန်နိုင်ငံအနောက်ပိုင်းတွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂျပန်နိုင်ငံသူ/နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများအတွက်- ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး ကပေးပို့သည့်စာနာဝမ်းနည်းကြောင်းသဝဏ်လွှာ


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥတ္တရသီရိမြို့နယ်နှင့်ရပ်/ကျေးကော်မတီတွေ့ဆုံဆွေးနွေးပွဲကျင်းပ

 

ပြည်ခိုင်ဖြိုးပါတီ ဥတ္တရသီရိ မြို့နယ်နှင့် ရပ်/ကျေးပါတီကော် မတီဝင်များ လစဉ်ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့ ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စု နယ်မြေပါတီအတွင်းရေးမှူးဦးဌေး ဝင်း၊ နေပြည်တော်ပါတီခရိုင်ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ဥတ္တရသီရိမြို့နယ် ပါတီအတွင်းရေးမှူး ဦးသန်းလွင် နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ ကျေးဥက္ကဋ္ဌနှင့် ကော်မတီဝင်များ စုစုပေါင်း ၃ဝ တက်ရောက်ခဲ့ ကြောင်း သိရသည်။

Read more