တိုက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းအမှတ်စဉ် (၃) ဖွင့်ပွဲကျင်းပ

 

ရန်ကုန် သြဂုတ် ၈

ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီက နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း အမှတ်စဉ်(၃)သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၉ နာရီခွဲ တွင် ဥက္ကံဒေသ ဥက္ကံရွာမကျေးရွာ ပါဒကျောင်းတိုက်တွင် ကျင်းပ ဆောင်ရွက်သည်။

သင်တန်းဖွင့်ပွဲအား အစီအစဉ် အရ မြန်မာနိုင်ငံတော်အလံကို အလေးပြု၍ နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
ယင်းနောက် ပါတီဗဟိုကော် မတီဝင်ဒေါက်တာနေလင်းက သင် တန်းဖွင့်အမှာစကားပြောကြားသည်။

Read more

ပြည်နယ်ပါတီ ဘောလခဲခရိုင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဘောလခဲခရိုင်ပါတီရုံးတွင်ပြုလုပ်

 

ကယားပြည်နယ် ဘောလခဲ ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် ယနေ့နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ပြည်နယ် ဘောလခဲခရိုင်နှင့် မြို့နယ်ပြည်ခိုင် ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်ကာ ဘောလခဲခရိုင် နှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆက်ရမည့်လုပ်ငန်းများအတွက် အသေးစိတ် ဆွေးနွေးကြသည်။

Read more

မင်းဘူး(စကု)မြို့နယ် ရွှေချောင်းကျေးရွာ ပါတီဆိုင်းဘုတ်အသစ်တင်ပွဲနှင့် ပါတီဝင်တွေ့ဆုံပွဲအခမ်းအနား ပါတီဗဟိုအတွင်းရေးမှူး တက်ရောက်

 

မင်းဘူး သြဂုတ် ၈

မင်းဘူး(စကု)မြို့နယ်ရွှေချောင်း ကျေးရွာ ပါတီဆိုင်းဘုတ်အသစ် တင်ပွဲကို ယနေ့ နံနက် ၉ နာရီက ရွှေချောင်းကျေးရွာတွင် ကျင်းပခဲ့ သည်။ ဆိုင်းဘုတ်အသစ်တင်ပွဲ အခမ်းအနားကို နိုင်ငံတော်အလံ အလေးပြုကာ နိုင်ငံတော်သီချင်း သီဆိုပြီး ဖွင့်လှစ်ကြသည်။

Read more

ပါတီအောင်နိုင်ရေးကော်မတီဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

 

ပြည်ခိုင်ဖြိုးပါတီ မြစ်ကြီးနားမြို့နယ်ပါတီရုံး၌ ခရိုင်၊ မြို့နယ်နှင့်ရပ်ကွက် ကျေးရွာအုပ်စု ပါတီကော်မတီဥက္ကဋ္ဌများ၊ ၂ဝ၁၈ခုနှစ် ပါတီစုံဒီမိုကရေစီကြားဖြတ် ရွေးကောက်ပွဲ ပါတီအောင်နိုင်ရေးကော်မတီဝင်များ သြဂုတ် ၇ ရက် မွန်းလွဲ ၁ နာရီက တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပစဉ်။

ဝင်းအောင်(မိုးကောင်း)


Read more

ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နာရေးကူညီထောက်ပံ့မှုလုပ်ဆောင်

 

ရန်ကုန် သြဂုတ် ၈

ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမောင်တာက မြို့နယ်သတင်းစာ ဆရာအသင်း ပြန်ကြားရေးတာဝန်ခံ ဦးဇော်ဦး၏ မိခင် ဒေါ်အုန်းကြည် ကွယ်လွန်သွားသဖြင့် ယနေ့တွင် နာရေးကူညီထောက်ပံ့ငွေပေးအပ် ခဲ့သည်။

ကိုကျောက်တန်း


Read more

ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တိုင်းတာဝန်ခံဦးမြင့်စိုး စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ၊ ခမ်းပါတ်မြို့ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံအမှာစကားပြောကြား

 

တမူး၊ ဇူလိုင် (၈)

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်/ တမူးမြို့နယ် ခမ်းပါတ်မြို့ မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီတွင် ခမ်းပါတ်မြို့ အမှတ်(၂)ရပ်ကွက် လူငယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးမှ တွေ့ဆုံအမှာ စကားပြောကြားခဲ့ပါသည် ။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

 

8-8-2018 နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သော ပါတီဌာနချုပ်ဦးစီးရုံးအဖွဲ့ဝင်များ၏ သား/သမီးများထဲမှ ၂၀၁၈ -၂၀၁၉ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်/ အထက်တန်း/ အလယ်တန်း/ မူလတန်း တက်ရောက်ပညာသင်ယူနေသာ ကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း နှင့် ၂၀၁၇ – ၂၀၁၈ ခုနှစ်ပညာသင်နှစ်တွင် အထက်တန်းစာမေးပွဲအား ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားအား ယနေ့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ နေ့လည် ၀၁း၀၀ နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

မာဆယ်လိုနဲ့ ဂျူဗင်တပ်မှာပြန်ဆုံချင်နေတဲ့ စီရော်နယ်ဒို

ရီးရဲလ်မက်ဒရစ်အသင်းကစားဖော်ဟောင်း မာဆယ်လိုကို ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့လာဖို့အတွက် တိုက်စစ်မှူး စီရော်နယ်ဒိုက စည်းရုံးနေကြောင်း အီတလီသတင်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။

အသက် ၃၀ နှစ် အရွယ် ဘယ်နောက်ခံလူ မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ်ကို ၂၀၀၇ ခုနှစ်ကတည်းက ဘရာဇီးကလပ် ဖလူမင်နိစ်ကနေ ရောက်ရှိနေခဲ့တာဖြစ်ပြီး အဓိကအကျဆုံး ကစားသမားတွေထဲမှာလည်း တစ်ဦးအပါအ၀င် ဖြစ်ခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်အသင်း ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်ရယူနိုင်ခဲ့ရာမှာ ဘယ်တောင်ပံက မာဆယ်လိုရဲ့ စွမ်းဆောင်ရည်ကလည်း အများကြီးအရေးပါခဲ့ပြီး ရီးရဲလ်ဘယ်ခြမ်းမှာ စီရော်နယ်ဒိုနဲ့ အတွဲညီဆုံး ကစားနိုင်သူအဖြစ်လည်း သတ်မှတ်ခံခဲ့ရတာပါ။

Read more

မီတာ ၁၀၀ ပြေးပွဲတွင် ဗြိတိန်အပြေးမယ် စံချိန်သစ်တင်ပြီး ချန်ပီယံဆု ရရှိ

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပနေတဲ့ ဥရောပချန်ပီယံရှစ် မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ဗြိတိန်အပြေးမယ် အက်ရှာစမစ်က စံချိန်သစ်တင်ပြီး ချန်ပီယံဆုရသွားပါတယ်။

အက်ရှာစမစ်ဟာ ဗြိတိန်စံချိန်အဖြစ် မီတာ ၁၀၀ ကို ၁၀.၉၂ စက္ကန့်နဲ့ စံချိန်တင်ထားတာဖြစ်ပြီး ဒီပြိုင်ပွဲမှာ ၁၀.၈၅ စက္ကန့်နဲ့ စံချိန်သစ်တင်နိုင်ခဲ့တာပါ။

Read more

မြန်မာကို အရေးယူဖို့ ကုလကို ဘင်္ဂလားဒေ့ရှ် တင်ပြ

( ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် Masud Bin Momen ကို တွေ့ရစဉ် )

ဘင်္ဂလားဒေ့ရှ် အစိုးရက သူတို့နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို ပြန်လည် လက်ခံရန် မြန်မာအစိုးရအနေနဲ့ လိုအပ်သလို လုပ်ဆောင်ခြင်း မရှိတဲ့အတွက် လိုအပ်သလို အရေးယူဆောင်ရွက်ပေးပါလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို မနေ့က ပြောကြားလိုက်ပါတယ်။

Read more