ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ကျွန်းမကြီးကျေးရွာ အလယ်တန်းအဆင့် တိုးမြှင့်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

 

ဆိပ်ဖြူမြို့နယ် ကျွန်းမကြီးကျေးရွာ အလယ်တန်းအဆင့် တိုးမြှင့်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် အဆိုပါကျောင်းတွင် ကျင်းပရာ ဆိပ်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာမှအကြီးအကဲများ၊ တက်ရောက်ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဆောင်၊ အတွင်းရေးမှူး ဦးလေးမောင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများ၊ ကျောင်းသားကျေားသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ပါသည်။

Read more

လှိုင်သာယာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးဆိုင်းဘုတ်တင် ရုံးခန်းဖွင့်ပွဲကျင်းပ

 

ရန်ကုန် သြဂုတ် ၈

Read more

ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ ပေးပို့လှူဒါန်းသော စားသောက်ဖွယ်ရာများအား ရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှ ပေးပို့လှူဒါန်းသော စားသောက်ဖွယ်များအား သြဂုတ် (၈) ရက်နေ့က ကျိုက်မရောမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရေကြီးနစ်မြုပ်လျှက်ရှိသည့် လမုခိုကျေးရွာ၊ အောင်ဗလကုန်းကျေးရွာ မရင်းကုန်းကျေးရွာ ရေပူကော့စပ်ကျေးရွာများသို့ သွားရောက်ကာ တစ်အိမ်ထောင်လျှင်- (ဆန်(၂) ပြီ/ဆီတစ်ပုလင်း/ မာမားခေါက်ဆွဲ (၅) ထုပ်/ငါးသေတ္တာ (၂) ဗူး) နှုန်းဖြင့် အိမ်ထောင်စု (၃၃၈) စုအား သွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြသိရသည်။
အဆိုပါပေးလှူရာသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးစောအောင်ကျော်သိန်း၊ မော်လမြိုင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ ခရိုင်ကော်မတီဝင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကျေးဥက္ကဋ္ဌတို့မှ ပါတီဌာနချုပ်ကိုယ်စား သွားရောက် ပေးဝေလှူဒါန်းခဲ့ကြကြောင်း သိရသည်။

Read more

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဘောလခဲခရိုင် မြို့နယ်ပါတီတို့ ပူးပေါင်း၍ အမျိုးသမီးရေးရာအဖွဲ့ လူငယ်အဖွဲ့များ ဦးစီးပြီး အဟာရလှူဒါန်းခြင်း

Read more

မအူပင်ခရိုင် ပြည်ခိုင်ဖြိုး ရွှေသမင်သုံးဘီးယာဉ်အဖွဲ့နှင့်တွေ့ဆုံ

 

မအူပင် သြဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး မအူပင် ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ဖွဲ့စည်း တည်ထောင်ထားသော မအူပင် တက္ကသိုလ်ကြိုပို့ ရွှေသမင်သုံးဘီး ယာဉ် အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေး နွေးပွဲကို ယမန်နေ့ ညနေ ၄ နာရီ ခွဲတွင် မအူပင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး မျိုးဆက်အားမာန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

Read more

ယင်းမာပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ဆက်ဆံရေး(ဆင့်ပွား)သင်တန်းဖွင့်

 

ယင်းမာပင် သြဂုတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ယင်းမာပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့ဆက်ဆံ ရေး(ဆင့်ပွား)သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁ဝနာရီက မြို့နယ် ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်း အနားသို့ ယင်းမာပင် ခရိုင်ဥက္ကဋ္ဌ ဦးသောင်းဟန်နှင့် ခရိုင်ကော်မတီ ဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးကျော် မြင့်သိန်းနှင့် မြို့နယ်ကော်မတီဝင် များ၊ သင်တန်းသူ သင်တန်းသား အပါအဝင် စုစုပေါင်းအင်အား ၇ဝ ခန့် တက်ရောက်ခဲ့ကြသည်။

Read more

မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဘက်ဟိုးစက်ဖြင့် မြောင်းတူးဖော်ရေးတွေ့ဆုံဆွေးနွေး

 

မအူပင် သြဂုတ် ၈

ဧရာဝတီတိုင်း ဒေသကြီး မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီနှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီတို့ ပူး ပေါင်းလျက် ရေနုတ်မြောင်းတူး ဖော်ပြီး တာပေါင်ဖြစ်ရေးအတွက် ဘက်ဟိုးစက်ဖြင့်တူးဖော်ရန် ဒေ သခံ ပြည်သူများနှင့်တွေ့ဆုံပွဲအား ယနေ့ နံနက် ၁၁နာရီခွဲမှစတင်၍ မအူပင်မြို့နယ် ကညင်ဝကျေးရွာ အုပ်စုအုန်းပင်စုကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

Read more

ဒက္ခိဏသီရိပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး(ငြိမ်း)တက်ရောက်ကုသိုလ်ယူ

 

နေပြည်တော် သြဂုတ် ၈

နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီရုံး အစည်းအဝေးခန်းမတွင် ဝါဆို သင်္ကန်းကပ်လှူပူဇော်ပွဲနှင့်မြို့နယ် နှင့်ရပ်/ကျေးလုပ်ငန်းအစည်းအဝေး ကိုယနေ့နံနက်ပိုင်းကကျင်းပခဲ့သည်။

အဆိုပါဝါဆိုသင်္ကန်းကပ်လှူပွဲ သို့ပြည်ထောင်စုဝန်ကြီး(ငြိမ်း)ဦးမြင့် လှိုင်၊ ပြည်ထောင်စုနယ်မြေပြည် ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးဌေး ဝင်း၊ နေပြည်တော်ခရိုင်ကော်မတီ ဝင်ဦးခင်မောင်ထွန်းနှင့် ကော်မတီ ဝင်များ၊ ဒက္ခိဏသီရိမြို့နယ် ပြည် ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးဇော်မျိုးနိုင် နှင့်မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ များနှင့်ကော်မတီဝင်များ စုစုပေါင်း အင်အား၅၅ဦးတက်ရောက်ခဲ့ကြ သည်။

Read more

မြစ်သားမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

မြစ်သား သြဂုတ် ၈

မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီလစဉ်ပုံမှန်အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီကကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌဦးအောင်ကြည်က ပါတီလုပ်ငန်းများ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ရန်နှင့် သဘာဝဘေးများကျရောက်ပါက အချိန်နှင့်တစ်ပြေးညီ ကူညီပေးရန် ဆွေးနွေးမှာကြားကာ မြို့နယ်ကော်မတီများက မိမိတို့နယ်မြေအလိုက် ဆွေးနွေးကြသည်။ အစည်းအဝေးသို့ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ် ကော်မတီများ၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌနှင့်ကော်မတီများ စုစုပေါင်း အင်အား ၉ဝ တက်ရောက်ကြောင်း သိရသည်။

Read more

ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မိသားစု တရားစခန်းဝင်ယောဂီများအား ဆွမ်းဆက်ကပ်လှူဒါန်း

 

ဝေါမြို့ ရွှေဘုန်းပွင့်ဓမ္မရိပ်သာ တွင် နှစ်စဉ်ကျင်းပလျက်ရှိသော မိုးကုတ်ဝိပဿနာတရားစခန်း (၉) ကြိမ်မြောက် နေ့ဆွမ်းကြီးအလှူ အား ဝေါမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမောင်ယု၊ အတွင်းရေးမှူး ဦးသက်တိုးဝင်း၊ မြို့နယ်ပြည်ခိုင် ဖြိုးကော်မတီဝင် ဦးသောင်းထွန်း နှင့်ကော်မတီဝင်များ၊ မြို့ပေါ် ခြောက်ရပ်ကွက်မှ ရပ်ကွက်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌများနှင့် အဖွဲ့ ဝင်များက ရွှေဘုန်းပွင့်ဓမ္မရိပ်သာ ၁ဝ ရက် တရားစခန်းဝင်ယောဂီ သူတော်စင် ၇၅ ပါးအား ဆွမ်းကြီး လှူဒါန်းပြီး တရားပြဆရာတော် အောင်ဗောဓိမဏ္ဍိုင်ကျောင်း ဆရာ တော်ဒေါက်တာရှင်ပဏ္ဍိတအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ ကြကြောင်း သိရသည်။

Read more