အဆိုးဆုံးမှတ်တမ်းနဲ့ မန်ယူ၊ သတင်းထောက်အမေးကြောင့် ဒေါသထွက်ခဲ့တဲ့ မော်ရင်ဟို

မန်ယူဟာ လီဗာပူးကို အဝေးကွင်းမှာ ၃-၁ နဲ့ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးဆုံးမှတ်တမ်းကို ရရှိခဲ့တယ်လို့သိရပါတယ်။ မန်ယူဟာ ၁၇ ပွဲကစားပြီးချိန်မှာ ၂၆ မှတ်သာ ရရှိသေးတဲ့အတွက် အဆိုးဆုံးသော ရာသီဖြစ်ခဲ့တာပါ။ မန်ယူဟာ ပရီးမီးယားလိဂ် မစတင်မီတစ်နှစ်အလိုဖြစ်တဲ့ ၁၉၉၀-၉၁ ဘောလုံးရာသီမှာ အဆိုးဆုံး မှတ်တမ်းရရှိခဲ့တာတောင် ၁၇ ပွဲ ပြီးချိန်မှာ ၂၄ မှတ်သာဖြစ်ခဲ့ပါတယ်။

Read more

BBC သတင်းဌာနက ချီးမြှင့်သည့် အာဖရိကအကောင်းဆုံးဆု ဆာလာ နှစ်နှစ်ဆက်တိုက်ဆွတ်ခူး

လီဗာပူးလ်အသင်း၏ အီဂျစ်လက်ရွေးစင်တိုက်စစ်ကစားသမား မိုဟာမက်ဆာလာသည် ဗြိတိန်အခြေစိုက် BBC သတင်းဌာနက ချီးမြှင့်သည့် ၂၀၁၈ ခုနှစ်အတွက် အာဖရိက အကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

ဆာလာသည် ယခုနှစ် အကောင်းဆုံးဆုံအတွက် လီဗာပူးလ်အသင်းဖော် မာနေ(ဆီနီဂေါ)၊ ဘီနာတီယာ (ဂျူဗင်တပ်စ်/မော်ရိုကို)၊ ကူလီဘာလီ(နာပိုလီ/ဆီနီဂေါ)၊ သောမတ်စ်ပါတေ (အက်သလက်တီကို/ဂါနာ) တို့နှင့် ယှဉ်ပြိုင်ခဲ့ရပြီး မဲအများဆုံးရရှိသဖြင့် အကောင်းဆုံးဆု ချီးမြှင့်ခံရခြင်းဖြစ်သည်။

Read more

မက်ဒီဆင် စကွဲ ဂါးဒင်းတွင် ထိုးသတ်ခဲ့သောပွဲ၌ ကာနယ်လိုအယ်လ်ဗာရက်စ်က ဗြိတိန်နိုင်ငံသား ရော့ကီဖီးလ်

ဒင်းအတွက် အလွန်အားကောင်းနေပြီး အယ်လ်ဗာရက်စ်က သုံးချီအတွင်း ဖီးလ်ဒင်းကို နည်းစနစ်ပိုင်း အလဲထိုး သတ်မှတ်ချက်ဖြင့် အနိုင်ရရှိကာ WBA စူပါမစ်ဒယ် ဝိတ်ခါးပတ် ရရှိခဲ့သည်။

မက္ကဆီကိုနိုင်ငံသားအယ်လ် ဗာရက်စ်က ပွဲအစတွင်စိတ်ကြိုက် ထိုးသတ်ခဲ့ပြီး ဖီးလ်ဒင်း၏ခန္ဓာ ကိုယ်သို့ ထိရောက်သော လက်သီး အများအပြား ပစ်သွင်းနိုင်ခဲ့သည်။ ယင်းထိုးချက်များနှင့်အတူ ဖီးလ်ဒင်းသည် လေးကြိမ်တိုင် ကြမ်း ပြင်ပေါ် လဲကျခဲ့သည်။

Read more

မြောက်အမေရိကားတိုက် အကြီးဆုံး စိန်ရိုင်းတုံး

ကနေဒါမိုင်းကုမ္ပဏီ တူးဖော်ရရှိခဲ့သည့် စိန်အရိုင်းတုံး။

မြောက်အမေရိကားတိုက်အတွင်း အကြီးဆုံး စိန်အရိုင်းတုံးကြီးတခုကို ကနေဒါ မိုင်းကုမ္ပဏီတခုက တူးဖော် တွေ့ရှိခဲ့ပါတယ်။ အဲဒီ စိန်အရိုင်းတုံးဟာ အ၀ါရောင် သန်းနေပြီး အရွယ်အစားအားဖြင့် ကြက်ဥအသေးစားလောက် ရှိတယ်လို့ ဆိုပါတယ်။

Read more

ဂျော်ဂျီယာ ပထမဆုံးအမျိုးသမီးသမ္မတ ကျမ်းသစ္စာကျိန်ဆို

ဂျော်ဂျီယာနိုင်ငံသမ္မတသစ် Salome Zurabishvili

ဂျော်ဂျီယာနိုင်ငံမှာ ပထမဆုံး အမျိုးသမီးသမ္မတ တနင်္ဂနွေနေ့က ကျမ်းသစ္စာ ကျိန်ဆို လိုက်ပါပြီ။ ရွေးကောက်ပွဲ အတွင်း မရိုးသားမှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ပါလီမန် ရွေးကောက်ပွဲတွေကို အမြန်ဆုံး ပြန်ပြန်ကျင်းပပေးဖို့ အတိုက်အခံပါတီဘက်က တောင်းဆို နေတဲ့ကြားကဘဲ Salome Zurabishvili ဟာ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုလိုက်တာပါ။

Read more

သမိုင်းဝင်ခေါင်းလောင်းများ ပြန်လည်ပေးအပ်သော အမေရိကန်ကို ဖိလစ်ပိုင်သမ္မတ ချီးကျူး

သမ္မတဒူတာတီ ဘယ်လန်ဂီဂါခေါင်းလောင်း ထိုးနေစဉ် (Erik De Castro/REUTERS)

 လွန်ခဲ့သည့် ရာစုနှစ် တစ်ခုကျော်က အမေရိကန်တပ် ဖွဲ့ဝင်များ လုယူသွားသော ခေါင်း လောင်းသုံးလုံးသည် ယခုအခါ ဖိလစ်ပိုင်နိုင်ငံရှိ ၎င်းတို့၏ မူလခရစ်ယာန်ဘုရားကျောင်းသို့ ပြန်လည် ရောက်ရှိလာသည်။

Read more

ဟောင်ကောင်တွင် ငွေမိုးရွာသဖြင့် ဒေသခံများ အလုအယက်ကောက်ယူ

ဒီဇင်ဘာ ၁၅ ရက်က ဟောင်ကောင်ဒေသရှိ ရှမ်ရှူယီပိုခရိုင်တွင် ငွေစက္ကူများ ရွာသွန်းခဲ့ရာ ဒေသခံများက အလုအယက် ကောက်ယူခဲ့သည်။

အဆောက်အအုံ တစ်လုံး ပေါ်မှ ရာနှင့်ချီသော ငွေစက္ကူများ ကြဲခဲ့ရာ ပျော်ရွှင်နေသော လူအုပ်ကြီးက ယင်းငွေများကောက်ရန် အလုအယက်ပြေးလွှားနေ သော ဗီဒီယိုဖိုင်များ အွန်လိုင်း ပေါ်တွင် ပျံ့နှံ့ခဲ့သည်။

Read more

ပြည်​ကြီးတံခွန်​မြို့နယ်​က ရပ်​ကွက်​ ပြည်​ခိုင်​ဖြိုးပါတီရုံး ဆိုင်းဘုတ်တင် အခမ်းအနား

 

ယနေ့ ၁၄.၁၂ .၂၀၁၈ ရက်နေ့ မင်္ဂလာအချိန် နံနက် ၉ နာရီအချိန် တွင် က ရပ်​ကွက် ပြည်ခိုင်ဖြိုးပါတီရုံးဆိုင်းဘုတ်တင်ခြင်း နှင့်​ ပါတီအလံသစ်တင်ခြင်းအခမ်းအနားများပြုလုပ်​ခဲ့ကြပါသည်။.

အထက်​ပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီ မန္တလေးခရိုင် တွဲဘက်နယ်မြေတာဝန်ခံ ဦးအောင်နိုင်ဦး၊ခရိုင်​ကော်​မတီဝင်​ ဦးဝင်းလှိုင်​ငြိမ်း မြို့နယ်ပါတီ ဥက္ကဌဦးစိုးအေး၊ အတွင်းရေးမှူး ဦးအောင်မျိုးခိုင် ဘဏ္ဏာ​ရေးမှူး ဦးစံရ နှင့် မြို့နယ်ကော်မတီများ၊ ရပ်ကွက်ပါတီ ဥက္ကဌများ နှင့် ပါတီဝင်များ၊ရပ်မိရပ်ဖများ စုစုပေါင်းအင်အား(၃၀)ဦး တို့တက်ရောက်ခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဂျပန်နိုင်ငံအစိုးရအဖွဲ့၏ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေးသည် ဂျပန်နိုင်ငံအစိုးရအဖွဲ့၏ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA နှင့်အဖွဲ့အား ယနေ့ နေ့လည် ၁ နာရီတွင် နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ယခင်ကာလတည်းက တည်ဆောက်ထားသည့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေး၊ ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်သွားရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းလက်တွဲဆောင်ရွက်ရေး ကိစ္စများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

Read more

စာရေးတံမဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စဥ့်ကိုင်ပြည်ခိုင်ဖြိးပါတီ မိသားစု လှူဒါန်းပူဇော်

 

ယနေ့ (၁၄.၁၂.၂၀၁၈) ရက်နေ့ စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ဥယျဉ်ကြီးကျေးရွာ ကုန်းကြီးကျေးရွာရှိေ ရွှဆပ်သွားဘုရား စာရေးတံမဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား နံနက်( ၈း၃၀ ) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းပါတီကော်မတီဝင် ဒေါ်သိဂီ င်္အောင်၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့ နယ်ပါတီအတွင်းရေးမှူး ဦးထွန်းနိုင်နှင့် ကော်မတီဝင်များ၊ ရပ်ကျေးအဖွဲ့ များမှ စုပေါင်း၍ ပင့်သံဃာ (၃၄) ပါးတို အား ဆန် ဆီဆား ခေါက်ဆွဲခြောက်၊ ကြာဇံခြောက်နှင့် ဆပ်ပြာခဲများ လှူဒါန်းခဲ့ပါသည်။
စာရေးတံမဲပေါက်သော အုန်းလက္ကောက် ကျောင်းဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှဝေခဲ့ပါသည်။

Read more