မော်​လမြိုင်​မြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ အမျိုးသမီး​ရေးရာ​တွေ့ဆုံပွဲ ကျင်းပ

 

မော်လမြိုင်မြို့နယ်၊ အမျိုးသမီး​တွေ့ဆုံပွဲကို နံနက်​ ၁၀ နာရီခန့်​တွင်​ ​မော်​လမြိုင်​မြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီရုံး၌ ကျင်းပရာ ဗဟိုကော်​မတီဝင်​ ​ဒေါက်​တာတိုးတိုး​အောင်​မှ တက်​​ရောက်​အမှာစကား​ပြောကြားပြီး ပြည်​နယ်​အမျိုးသမီး​ရေးရာတာတာဝန်​ခံ ​ဒေါ်​မေသူဝင်းမှ အမျိုးသမီး​ရေးရာဖွဲ့စည်းခြင်း၏ ရည်​ရွယ်​ချက်​ကို ရှင်းလင်းတင်​ပြခဲ့သည်​။

ထို့နောက်​ ​ခရိုင်အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်ဥမ္မာ​​ဌေးမှ အမျိုးသမီးတို့ဘဝမြှင့်​တင်​နိုင်​ရန်​ ​ဆွေး​နွေးပြီး မြို့နယ်​အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်နှင်းလွှာနုမှ မြို့နယ်​အမျိုးသမီး​ရေးရာအဖွဲ့၏ ​ဆောင်​ရွက်​​နေမှုများ၊ ​ရှေ့ဆက်​လုပ်​ငန်းစဉ်​များအား တင်​ပြ​ဆွေး​နွေးခဲ့ပါသည်​။
ဆက်​လက်​ပြီး တက်​ရာက်လာကြ​​သော ရပ်​ကွက်​အသီးသီးမှ အမျိုးသမီးများမှလည်း မိမိတို့၏အ​တွေ့အကြုံ၊ လုပ်​​ဆောင်​ချက်​များကိုလည်း ရှင်းလင်းတင်​ပြခဲ့ပါသည်။
ပြည်​နယ်​အမျိုးသမီးရေးရာတာဝန်​ခံ ​ဒေါ်​မေသူဝင်းမှ တင်​ပြချက်​များကို ရှင်းလင်း​ပြောကြားပြီး ​ပါတီ​​ဗဟို​ကော်​မတီဝင်​ ​ဒေါက်​တာတိုးတိုး​အောင်​မှ နိဂုံးချုပ်​အမှာစကား​ပြောကြားပြီး အခမ်းအနားကို ​နေ့လည်​ ၁၂ နာရီခန့်​တွင်​ ​အောင်​မြင်​စွာ ရုပ်​သိမ်းခဲ့ပါသည်​။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းအတွင်းရေးမှူး မိုးကုတ်မြို့နယ် ပါတီလုပ်ငန်းအစည်းအဝေး တက်ရောက်ဆွေးနွေး

 

မိုးကုတ်၊ သြဂုတ် ၁၉

ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်းဒေသကြီးအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့်အဖွဲ့သည် ယမနနေ့နံနက် ၉ နာရီတွင် မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသော မြို့နယ်ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
တိုင်းအတွင်းရေးမှူး ဦးအောင်ကျော်မိုးက တိုင်းဒေသကြီးအတွင်း ပါတီ၏ ဆောင်ရွက်ချက်များ ဆွေးနွေးပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ဆွေးနွေးခဲ့သည်။ တိုင်းဒေသကြီးပါတီကော်မတီဝင် ခရိုင်တာဝန်ခံ ဦးတင့်လွင်ဦးနှင့် ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းကြည်တို့က ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများအား အကျယ်တဝင့် ရှင်းပြခဲ့သည်။
အစည်းအဝေးသို့ စုစုပေါင်း ၅ဝ တက်ရောက်ပြီး တက်ရောက် လာကြသော နာယကများ၊ ရပ်/ကျေးဥက္ကဋ္ဌများ၊ မြို့နယ်ကော်မတီ ဝင်များက ပြန်လည်ဆွေးနွေးကြပြီး အစည်းအဝေးကို မွန်းလွဲ ၁ နာရီတွင် ပြီးဆုံးကြောင်းသိရသည်။

Read more

ဘားအံမြို့နယ်ရှိ ရေဘေးသင့်ကျေးရွာများသို့ ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ထောက်ပံ့လှူဒါန်း

 

ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်တာဝန်ခံပြည်နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်ဦးစောမြဝင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသည့် ဘုရားသုံးဆူမြို့နယ်တာဝန်ခံဦးခိုင်ဝင်းနှင့် ဦးဝင်းတင်၊ လူငယ်ရေးရာကော်မတီဝင် ဦးခင်မောင်ဝင်း၊ အမျိုးသမီးရေးရာကော်မတီဝင် ဒေါ်မိုးသူခိုင် နှင့် ဒေါ်အေးငြိမ်း၊ ဘုရားသုံးဆူမြို့ ပြည်ခိုင်ဖြိုးပါတီဝင်မိသားစုများမှ ပြည်နယ်ပါတီရုံးနှင့် ပူးပေါင်းကာ ဘားအံမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများသို့ သွားရောက်ပြီး ဆန် ၅၂တင်း၊ မားမား ၂၄၄ဖာ၊ ရေသန့် ၃၄၄တွဲ၊အဝတ်အထည်၁၇ထုပ် ကာလတန်ဖိုးငွေကျပ် စုစုပေါင်း ၅၆ သိန်းဖိုးအားသွားရောက် လှူဒါန်းကြစဉ်။

Read more

ကျေးရွာပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနား ပါတီဗဟိုအလုပ်အမှုဆောင် တက်ရောက်အားပေး

 

မန္တလေးတိုင်းဒေသကြီးမြင်းခြံ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ မွန်းလွဲပိုင်းတွင် မြင်းခြံမြို့နယ် ခြေ ဆေးကျေးရွာတွင် ပါတီဆိုင်းဘုတ် စိုက်ထူပွဲ အခမ်းအနားကို ပြုလုပ် ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခြေ ဆေးကျေးရွာဒေသခံ ၂ဝဝခန့်တက် ရောက်၍ စုပေါင်းစိုက်ထူခဲ့ကြ ပြီး ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဝင်းမောင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ သည်။ ယင်းနောက် တိုင်းဒေသ ကြီး ပါတီကော်မတီဝင် ဦးမြတ်သူ ကပါတီလုပ်ငန်းစဉ်များကို တက် ရောက်လာကြသူများအားရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်

Read more

ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်သစ် ၂၈၄ ဦး ဝင်ရောက်

 

ကျုံပျော် သြဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ မြို့ပေါ်ရပ်ကွက်များဖြစ်သော တေဇရပ်ကွက်နှင့် ပင်လုံရပ်ကွက်တို့မှ ပြည်သူများက ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကျုံပျော်မြို့နယ် ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။

Read more

မကွေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဓမ္မစကူးလ်ကျောင်းသားများကို အာဟာရဒါနပြုလှူဒါန်း

 

မကွေး သြဂုတ် ၁၉

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကန်ပြားကျေးရွာ ပေါက်အိုဓမ္မရိပ်သာကျောင်းတိုက်ရှိ ဓမ္မစကူးလ်သင်တန်း ကျောင်းသားကျောင်း သူများကို ယနေ့နေ့လယ်က အာဟာရဒါနလှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါအာဟာရဒါနလှူဒါန်းပွဲသို့ ခရိုင်ပါတီကော်မတီဝင် ဦးအောင်နိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်နှင့် ဘဏ္ဍာရေးမှူး ဒေါ်စုစုနောင်၊ မြို့နယ်ကော်မတီဝင် ဦးတိုင်းကျော်၊ ဦးတင်ဌေး အောင်၊ ဦးထွန်းအောင်ကျော်၊ ဒေါ်ခင်မင်းသိန်း၊ ရုံးအဖွဲ့များဖြင့်သွားရောက်၍ ကုသိုလ်ဒါနပြုခဲ့ကြကြောင်း သိရသည်။

Read more

ကယားပြည်နယ်ပြည်ခိုင်ဖြိုးပါတီပိန်းချစ်ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

လွိုင်လင်လေး သြဂုတ် ၁၉

ကယားပြည်နယ်လွိုင်လင်လေး မြို့ ပိန်းချစ်ကျေးရွာ သီရိမင်္ဂလာ ကျောင်းတိုက်ဓမ္မာရုံ၌ ယနေ့နံနက် ၁၁နာရီက ကယားပြည်နယ် ပြည် ခိုင်ဖြိုးပါတီမှ ပိန်းချစ်ကျေးရွာ ပါတီဝင်များနှင့် သွားရောက်တွေ့ ဆုံကြသည်။

ပထမဦးစွာ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်က အဖွင့်အမှာစကားပြောကြားသည်။

Read more

ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

 

ရန်ကုန် သြဂုတ် ၁၉

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီ ရုံးတွင် နှစ်စဉ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁ဝနာရီတွင် မြို့နယ်ပါတီရုံး၌ကျင်းပရာ အခမ်းအနားသို့ ပါတီဗဟို ကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးပါတီကော်မတီမှ ဒေါ်စန်းစန်းဝင်း၊ တိုင်းပါတီနာယက ဒေါက်တာခင်မောင်ထွန်းနှင့်ဇနီး ဒေါ်ဥမ္မာသန်း (ထက်လင်းနှင့် ရွှေခေါင်းပေါင်းဆေးတိုက်)မိသားစု၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါက်တာနေလင်း၊ အရှေ့ပိုင်းခရိုင် ဘဏ္ဍာရေးမှူး ဦးဝဏ္ဏမျိုး၊ မြို့နယ်ဥက္ကဋ္ဌဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်သာသနနုဂ္ဂဟအဖွဲ့ဝင်များ၊ ပါတီနာယက အကြံပေးအဖွဲ့ဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ လူငယ်အမျိုးသမီးအဖွဲ့ ဝင်များက ဝါဆိုသင်္ကန်းများကိုဆက်ကပ်လှူဒါန်းကြသည်။

Read more

စီရော်နယ်ဒို မရှိပေမဲ့ အကောင်းဆုံးကစားနိုင်ခဲ့တဲ့ ရီးရဲလ်

အသင်းရဲ့အဓိကတိုက်စစ်မှူး စီရော်နယ်ဒို ထွက်ခွာသွားသလို ၊ အစားထိုးကစားသမား ပြန်လည်ခေါ်ယူနိုင်ခြင်း မရှိတာကြောင့် ဝေဖန်မှုတွေ ခံနေရတဲ့ ရီးရဲလ် ဟာ လာလီဂါ အဖွင့်ပွဲစဉ်မှာတော့ မက်ဒရစ်မြို့ခံအသင်း တစ်သင်းဖြစ်တဲ့ ဂီိတာဖေး ကို သက်သောင့်သက်သာ ကစားပြီး ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

Read more

လက်စတာကွင်းလယ်လူ အန်ဒီဒီ အသင်းနဲ့ (၆)နှစ်စာချုပ်သစ် ချုပ်ဆို

လက်စတာကွင်းလယ်လူ အန်ဒီဒီဟာ အသင်းနဲ့(၆)နှစ်စာချုပ်သစ် ချုပ်ဆိုလိုက်ပါတယ်။ အသက်(၂၁)နှစ်အရွယ် ကစားသမားဟာ ၂၀၁၇ ဇန်န၀ါရီမှာ ဂျန့်ခ်ကနေ ပေါင်(၁၅)သန်းနဲ့ ပြောင်းလာ ကတည်းက အသင်းအတွက် (၆၃)ပွဲ ကစားခွင့် ရရှိခဲ့ပါတယ်။

Read more